menu

Friday 3 February 2012

ဝန်ကြီးဌာန ရုံးဟောင်းများ၊ မြေကွက်များတွင် ဟိုတယ်နှင့် ပြတိုက်ပြုလုပ်ရန် နိုင်ငံခြား ကုမ္ပဏီသုံးခုနှင့် ပြည်တွင်း ကုမ္ပဏီခုနစ်ခုတို့ MIC သို့ အဆိုပြုလွှာတင်ထား




4442 ၀န်ကြီးများရုံးအား တွေ့ရစဉ်
ရန်ကုန်မြို့၏ အချက်အချာကျသော နေရာများတွင် တည်ရှိသည့် ယခင်ဝန်ကြီးဌာန အဆောက်အအုံ ဟောင်းများ၊ ၀န်ကြီးဌာနပိုင်မြေကွက် များတွင် ဟိုတယ်လုပ်ငန်းနှင့် ပြတိုက်အဖြစ် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက် လျှောက်ထားသည့် ကုမ္ပဏီ ၁၀ ခုရှိကြောင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံး၊  ပြည်လမ်းရှိ ပြည်ထောင်စုရိပ်သာ မြေကွက်၊ အလုံလမ်းနှင့် ခရေပင်လမ်းထောင့်ရှိ အိမ်ရာ အဆောက်အအုံနှင့် မြေကွက်၊ ကုန်သည်လမ်းရှိ မြန်မာ့ မီးရထားရုံးချုပ်အဟောင်း၏ ငါးထပ် အဆောက်အအုံတို့တွင် ဟိုတယ် လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။
ယင်းအပြင် ၀န်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)နှင့် အခြား ရှေးဟောင်း အဆောက်အအုံစာရင်းတွင် ထည့်သွင်းထားသည့် ၀န်ကြီးဌာနပိုင် အဆောက်အအုံများအား ပြတိုက်အဖြစ် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားခဲ့သည်။
ယင်းအတွက် အဆိုပါ နေရာများတွင် ဟိုတယ်လုပ်ငန်း၊ ပြတိုက် လုပ်ငန်းများ လုပ်ကိုင်လိုသည့် ကုမ္ပဏီ ၁၀ ခုမှ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုလွှာတင်ထားကြောင်း၊ နိုင်ငံခြားကုမ္ပဏီသုံးခုပါ ၀င်ပြီး ပြည်တွင်းကုမ္ပဏီ ခုနစ်ခုပါဝင်ကြောင်း သိရသည်။
“ဟိုတယ်၊ ပြတိုက် ဒါတွေလုပ်ဖို့အတွက် လျှောက်ထားတာ ကုမ္ပဏီ ၁၀ ခုလောက်ရှိပြီ။ နိုင်ငံခြား ကုမ္ပဏီ ကသုံးခုပါတယ်။ အခု ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြုလွှာတင်လို့ရတယ်” ဟု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
“ဘယ်ကဏ္ဍမှာပဲ မြှုပ်နှံချင် မြှုပ်နှံချင် MIC ကို လုပ်ကိုင်လိုတဲ့ လေးငါးခြောက်ဦး စုပြီးလာခဲ့ပါ။ ကျွန်တော်တို့က စည်းကမ်းချက် တွေရှင်းပြမယ်၊ ကိုက်ညီရင်လုပ်ခွင့် ပေးသွားမှာပါ”ဟု MIC ဥက္ကဋ္ဌဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis