menu

Friday 3 February 2012

ငွေလဲကောင်တာများ တစ်ရက်ကန်ဒေါ်လာတစ်သောင်းထိ ငွေလဲလှယ်ခွင့်ရ



ငွေလဲကောင်တာ   Money Changer များတွင် ငွေလဲနှုန်းပမာဏကို တစ်ရက်လျှင် ကန်ဒေါ်လာတစ်သောင်းထိ လွတ်လပ်စွာလဲလှယ်ရန် ဇန်န၀ါရီ ၃၀ ရက်မှစတင်၍ ဗဟိုဘဏ်က ခွင့်ပြုလိုက်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
ထိုသို့ ခွင့်ပြုရခြင်းမှာ (IMF)နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ အကြံပြုချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ-၂ ဦးသန်းလွင်က ပြောသည်။“ဒီနေ့ကစပြီးလဲလို့ရပြီ။  AGD ငွေလဲကောင်တာအားလုံးမှာပါ” ဟု ဦးသက်လွင်ရွှေက ရှင်းပြသည်။    ယင်းကဲ့သို့ပင်   CB (သမ၀ါယမ)ဘဏ်ကလည်း သူ၏ ကောင်တာများတွင် လဲလှယ်လို့ ရပြီဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်ကဆိုသည်။
ယခင်က ငွေလဲကောင်တာများတွင် ငွေလဲလိုလျှင် နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့ပြရခြင်း၊ ဒေါ်လာ ၂၀၀၀ ကျော်ပါကအကောက်အခွန်ကြေညာလွှာတင်ပြရခြင်း မြန်မာနိုင်ငံသားဖြစ်ပါက ငွေရရှိရာငွေဝင်အရင်းအမြစ်ကိုတင်ပြရခြင်း၊ ၀ယ်ယူ
ခြင်းဖြစ်ပါက မည်သည့်ကိစ္စအတွက် အသုံးပြုရန်ဟု သက်သေပြ ရခြင်းများ ရှိသည်။
ထိုပမာဏအား အရောင်းအ၀ယ်ပြုလုပ်နိုင်ပါက ဒေါ်လာငွေကြေးဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်မှုရရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။
ငွေလဲကောင်တာများအနေဖြင့် ယခုကဲ့သို့ ခွင့်ပြုလာခြင်းမှာ ကားတင်သွင်းသူများ သင်္ဘောသားများအတွက် ငွေလဲရာတွင် ပိုမိုအဆင်ပြေစေသည်။ သို့သော် ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးပါက စီးပွားရေးလုပ်ငန်းများတွင် ပိုမိုအဆင်ပြေလာမည်။ သက်ဆိုင်ရာကုမ္ပဏီများ၏ စာရွက်စာတမ်း အထောက်အထား၊     MFTB တွင် စာရင်းဖွင့်ထားသည့် သက်သေ ခံစာရွက်စာတမ်းများဖြင့် ငွေကြေးပမာဏကို လွတ်လပ်စွာလဲလှယ်ပေးသင့်ကြောင်း ပြည်ပသို့ဆန်တင်ပို့နေသည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ယခုအခါ စာရွက်စာတမ်းများတင်ပြခြင်းများကို အမေရိကန်ဒေါ်လာတစ်သောင်းထိမလိုအပ်ကြောင်း သိရသည်။
7 DAY NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis