menu

Monday 13 February 2012

အင်းစိန်မြို့နယ်တွင် အသုံးပြုပြီးနှင့် အသုံးမပြုရသေးသည့် ခဲယမ်းအဟောင်းများတွေ့ရှိ


အင်းစိန်မြို့နယ် နံ့သာကုန်း ရပ်ကွက်ရွှေပြည်အေးလမ်းအမှတ် ၄၉၉ရှိပုလင်းအဟောင်းရောင်း ဝယ်ရေးဆိုင်ရှိရေတွင်းပျက်အတွင်း မှအသုံးပြုပြီးနှင့်အသုံးပြုခြင်းမရှိသေး သည့်လက်နက်ခဲယမ်းများနှင့်ဗုံးဟု ယူဆရသည့် ပစ္စည်းများကို တူးဖော်ရ  ရှိကြောင်း သတင်းရရှိသည်။

အဆိုပါခဲယမ်းများ ကိုဖေဖော်ဝါရီ၁၂ရက်နှင့်၁၃ရက်များတွင်မြို့ နယ်ရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်  စစ်ဒေသမှတာဝန်ရှိသူ   များက ပူးပေါင်းပြီး  ဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ''ကျွန်တော်တို့ကိုအကြောင်း ကြား စာတစ်စောင် ရောက်လာတယ်။ အဲဒီစာထဲမှာတော့ရေတွင်းပျက်ထဲ မှာဗုံးတွေရှိတယ်ဆိုပြီးတော့ရေး ထားတယ်။အဲဒါကြောင့်သက်ဆိုင်ရာ အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတူးဖော်ခဲ့ ကြတာပါ'' ဟုအင်းစိန်မြို့နယ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယင်းအသုံးပြုပြီး ခဲယမ်းများနှင့် အသုံးပြုခဲ့ခြင်းမရှိသည့်ခဲယမ်းများကို အနက်၃ပေ၃လက်မနှင့်အချင်း၎ပေ ရလက်မရှိရေတွင်း ပျက်အတွင်းမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီ၁၂ ရက်တွင်ခဲယမ်းပစ္စည်း၁၀ဝကျော်နှင့် ဖေဖော်ဝါရီ ၁၃ရက် တွင်ခဲယမ်း ၃၀ ကျော်တူး ဖော်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့က ဒီအိမ်ကို၂၀၀၉ ခုနှစ်လောက်ကတည်း ကငှားပြီးတော့ အရောင်းအဝယ်လုပ်နေတာ။အခု ရေတွင်းပျက်က လည်းစပြီးငှားကတည်း ကမြေကြီးတွေဖို့ထားတယ်။ကျွန်တော်  တို့လည်းရေတွင်း ရှိမှန်း မသိဘူး။အဲဒါ ကြောင့်ပုလင်း အခွံတွေ ကိုပုံထားတယ်။ သက်ဆိုင်ရာမှ လာပြီးပြောမှပဲသိရ တယ်'' ဟုပုလင်းအခွံရောင်းဝယ်ရေး  ဆိုင်မှပိုင်ရှင်ဖြစ်သူဦးတင်ဝင်းကပြော သည်။

အဆိုပါ ခဲယမ်းများတူးဖော်ရရှိ ခြင်းနှင့်ပတ်သတ်၍လာရောက်စစ်ဆေး သည့်စစ်အင်ဂျင်နီယာဌာနမှတာ ဝန်ရှိသူတစ်ဦးကလည်း''အခုတွေ့ ရှိတဲ့ခဲယမ်းတွေက ဘယ်နှစ်ခုတုန်းက ပစ္စည်းတွေလည်း ဆိုတာကိုတော့အခု မသိသေး ပါဘူး။ ကျွန်တော်တို့အနေ နဲ့ကတော့ အန္တရာယ်ရှိမရှိ လာရောက် စစ်ဆေးပေးတာပါ။ အခုခဲယမ်းတွေ ကတော့ အန္တရာယ်လုံးဝမရှိပါဘူး'' ဟု ရန်ကုန်တိုင်းမ်ဂျာနယ်မှ မေးမြန်းချက် ကိုပြန်လည် ဖြေကြားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis