menu

Monday 13 February 2012

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သေဆုံးပြီးဟု ကောလာဟလများထွက်ပေါ်




မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပေကျင်းတွင် လုပ်ကြံခဲ့ရမှုကြောင့် သေဆုံးပြီဆိုသည့် သတင်းကို twitter ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါသတင်းကို အတည်ပြုရန်အတွက် အမေရိကန် ထောက်လှမ်းရေးအ၀န်းအ၀ိုင်း က သက်သေအထောက်အထား မတွေ့ရှိခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပေကျင်းသို့ သွားရောက်လည်ပတ်စဉ်အတွင်းတွင် ပေကျင်းရှိ မြောက်ကိုရီးယား သံရုံးရှေ့တွင် ကားများစွာကို တွေ့ရှိခဲ့ပြီးနောက် လုပ်ကြံခံရသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကောလာဟလကို အမေရိကန် ထောက်လှမ်းရေးအရာရှိများက သီတင်းတစ်ပတ်ကျော်အတွင်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis