menu

Monday 13 February 2012

ထိုင်းတွင် မြန်မာအလုပ်သမ(၃၁)ဦး မီးခိုးငွေ့များရှူရှိုက် မူးမေ့ခဲ့သောကြောင့် ဆေးရုံတက်ခဲ့ရ


မြန်မာအလုပ်သမားအများဆုံး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရှိ အအေးခန်းစက်ရုံတစ်ခုတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မြန်မာ အလုပ်သမ (၃၁)ဦး မီးခိုးငွေရှူရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဆေးရုံသို့တင်ထားခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်ပွားမှုတွင် ဖေဖော်ဝါရီ ၁၁ရက် မွန်းလွဲ (၂)နာရီအချိန်တွင် ထိုင်းနိုင်ငံ မဟာချိုင်ဒေသ Samut Sakhon ခရိုင် ၊ Samut Sakhon မြို့ Thasai နယ် (၇)ရပ်ကွက် Big C ကုန်တိုက်အနီးရှိ  Thai Union Frozen Products စက်ရုံ ပုစွန်အအေးခန်း၌ ဂက်(စ်)အိုးပေါက်ရာမှတဆင့် မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ(၁၂)ရက်ထုတ် နိုင်ငံပိုင် သတင်းသာများတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားသော စက်ရုံသည် ဝင်လမ်းကျဉ်းသဖြင့် မီးသတ်ယာဉ်များ ဝင်ထွက်ရန် အခက်အခဲရှိသဖြင့် ရဟတ်ယာဉ်နှစ်စင်းဖြင့် ညနေ၃နာရီ (၁၅)မိနစ်ခန့်မှ စတင်ငြိမ်းသတ်ခဲ့ရာ ည(၇)နာရီန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ရှစ်ထောင်ကျော် ၊ ထိုင်းအလုပ်သမား နှစ်ထောင်ကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး မီးလောင်မှုကြောင့် မြန်မာအလုပ်သမ(၃၁)ဦး ၊ထိုင်းအလုပ်သမား (၆)ဦး ၊ စုစုပေါင်း (၃၇)ဦး မီးခိုးငွေ့ရှူရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဝီချိုင့်ဝေ့(ဒ်)ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရသည်။
ဆေးရုံသို့ တင်ပို့ထားသည့် အလုပ်သမားများအနက် ထက်ဝက်ခန့်သည် ယင်းနေ့အတွင်း ဆေးရုံမှ ပြန်လည်ဆင်းနိုင်ခဲ့ပြီး ကျန်အလုပ်သမားများသည် နောက်သုံးရက်အတွင်း ဆေးရုံမှ ဆင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
yangonmedia.com
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis