menu

Monday 13 February 2012

အင်ဒိုနီးရှား ရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ချက်များသည် အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူဖြစ်လာ





အင်ဒိုနီးရှားနိုင်ငံ၏ ရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ချက်များသည် တောင်ကိုရီးယားနိုင်ငံ၌ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အိမ်နီးချင်းနိုင်ငံများ၏ ရေငုပ်သင်္ဘောများနှင့် စွမ်းဆောင်ရည် ညီမျှသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်မှ အရာရှိSoeparno ပြောကြားခဲ့ပါ သည်။
အင်ဒိုနီရှားနိုင်ငံ၏ ရေငုပ်သင်္ဘောနှစ်စင်းသည် ၁၉၈၁ ထုတ် ဂျာမနီလုပ် ရေငုပ်သင်္ဘောများဖြစ်ပြီး ၎င်းရေငုပ်သင်္ဘောနှစ်စင်းအနက်မှ KRI Naggala 402သည် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ရှိဒေ၀ူးသင်္ဘော ကျင်း (DSME)၌ ၂၄ လကြာမျှ ပြင် ဆင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယသင်္ဘော KRI Naggala 401 သည် ၂၀၀၆ ခုနှစ်၌ ၎င်း(DSME) သင်္ဘောကျင်းတွင်ပင် ပြင်ဆင်မှုများ  ပြုလုပ်ပြီးဖြစ်သည်။

မလေးရှားတွင် ပြင်သစ်နိုင်ငံထုတ် နှစ်စင်းရှိ၍ စင်ကာပူတွင် ဆွီဒင်ထုတ် ရေငုပ်သင်္ဘောခြောက်စင်းရှိကာ ဗီယက်နမ်တွင် ရုရှားနိုင်ငံ ထုတ် ရေငုပ်သင်္ဘောလေးစင်းပိုင် ဆိုင်ထားသည်။ သြစတြေးလျနိုင်ငံတွင်လည်း ဆွီဒင်ထုတ် ရေငုပ်သင်္ဘော ခြောက်စင်းရှိသည်။ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနနှင့်(DSME) သည် ရေငုပ်သင်္ဘောသုံးစင်း ထုတ်လုပ်ရန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဖြင့် စာချုပ်ချုပ်ဆိုထားသည်။
Ref: Jakartapost
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis