menu

Monday 13 February 2012

တောင်အာဖရိက ငွေစက္ကူသစ်များတွင် တိရစ္ဆာန်ပုံများနေရာ၌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေမည်





၁၉၉၀ ပြည့်နှစ် ကမင်ဒဲလားထောင်မှလွတ်လာစဉ်မြင်ကွင်း၊ မင်ဒဲလားပုံပါရှိသော တောင်အာဖရိကငွေစက္ကူသစ်များ(ယာပုံ)
တောင်အာဖရိက ငွေစက္ကူသစ် အားလုံးတွင် တိရစ္ဆာန်ပုံများနေရာ၌ နိုင်ငံ၏ပထမဆုံး ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရသည့် သမ္မတ၊လူဖြူလူမဲ ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေသွားမည်ဖြစ်ကြောင်း တောင်အာဖရိက အစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးသုခမိန်များထဲမှ တစ်ဦးအဖြစ် မှတ်ယူခံထားရသော အသက် ၉၃ နှစ် ရှိပြီဖြစ်သည့် မင်ဒဲလား၏ ဓာတ်ပုံများကို ယခင်ထုတ်ဝေသော ငွေစက္ကူများတွင်ပါဝင်သည့် အာဖရိက၏ ထင်ရှားသော တိရစ္ဆာန်ငါးမျိုးဖြစ်သည့် ကျွဲ၊ဆင်၊ကျားသစ်၊ခြင်္သေ့၊ကြံ့ ပုံများဖြင့် ၁၉၉၂ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည့် ငွေအကြွေများနေရာတွင် အစားထိုးမည်ဖြစ်သည်။

အစားထိုးမည့်ပုံများတွင် လူဖြူ၊လူမဲခွဲခြားမှုအဆုံးသတ်ခြင်းနှင့် ဒီမိုကရက်တစ် တောင်အာဖရိကနိုင်ငံဖြစ်ပေါ်လာခြင်းကို ကိုယ်စားပြုသော မင်ဒဲလားထောင်မှလွတ်လာသည့် သမိုင်းဝင်အခိုက်အတန့် ကာလက မင်ဒဲလား၏ပုံကို တောင်အာဖရိကရန်းငွေ ၁၀ တန်၊၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် အားလုံးတွင်၏ ရှေ့ဘက်ခြမ်း၌ ထည့်သွင်းမည်ဖြစ်သည်။
ငွေစက္ကူသစ်ကို တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၊ဘဏ္ဍာရေးဝန်ကြီး၊ဗဟိုဘဏ်ဥက္ကဋ္ဌတို့နှင့်အတူ ထုတ်ပြန်ကြေညာခဲ့ပြီး ကျန်းမာရေးယိုယွင်းနေသော မင်ဒဲလား တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။
''ခွင့်လွတ်မှုနဲ့ ပြန်လည်ရင်ကြားစေ့မှုဆိုတဲ့ ခရီးရှည်ကို ဖြတ်သန်းရတဲ့ ကျွန်တော်တို့နိုင်ငံလို ဒဏ်ရာတွေနဲ့ ထောင်းထောင်းကြေနေတဲ့ နိုင်ငံတစ်ခုမှာ မာဒီဘာ(မင်ဒဲလား၏ မျိုးရိုးအမည်)လို ခေါင်းဆောင်မျိုးလိုအပ်ပါတယ်''ဟု ဇူးမားက ပြောကြားခဲ့သည်။
ငွေစက္ကူသစ်များကို ယခုနှစ်ကုန်မှစပြီး သုံးစွဲသွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
Ref;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis