menu

Monday 30 January 2012

အမေရိကန်၏ အင်ပါယာစိတ်ဓာတ်(ကြည်နေ၀င်းမင်း)


Photo


ဝါရှင်တန်ဟာ တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ လွှမ်းမိုးမှုကို  ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ စစ်အသုံးစရိတ်တွေ အလွန်အကျွံသုံးစွဲဖို့အတွက် “တရုတ်ခြိမ်းခြောက်မှု”  ဆိုတာကို အသုံးချပါတယ်။ ထိန်းချုပ်မှုနဲ့ ထိတွေ့ဆက်ဆံမှုကို ပေါင်းစပ်ပြီး ရှုပ်ထွေးတဲ့မူဝါဒကို အမေရိကန်က တရုတ်နိုင်ငံအ ပေါ် ပိုမိုကျင့်သုံးလာခဲ့ပါတယ်။ အမေရိကန်ဟာ ကုန်သွယ်ရေးအကျိုးအမြတ်နဲ့ သူ့ရဲ့ နိုင်ငံတကာ အစီအစဉ်တွေကို ထောက်ခံမှုအလိုရှိတယ်။ ဒါပေမဲ့လည်း   ပိုပြီး ချမ်းသာလာပြီး သူ့အကျိုးစီးပွားအတွက်ပိုပြီးလေသံ မာလာတဲ့ ဘေဂျင်းကို ကြောက်ရွံ့ပါတယ်။ ရလဒ်ကတော့ ၀ါရှင်တန်ကနေထုံးစံအတိုင်း ရှေ့နောက်မညီညွတ်မှုဆိုတာထက်ပိုပါတယ်။

ပုံမှန်ဆိုရင် ရင်းနှီးကျွမ်းဝင်နေတဲ့နိုင်ငံတွေကြားမှာ သဘော ထားမတိုက်ဆိုင်မှုတွေဖြစ်ပေါ်တာဟာ မဆန်းပါဘူး။ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေကြားက ဆက်ဆံရေး ကိုကြည့်လိုက်ပါ။ ဒါပေမဲ့လည်း အဲဒီ အတ္တလန်တစ်ဖြတ် ကျော်ဆက်ဆံရေးက ပူးပေါင်းဆောင်ရွက်မှုမှာ အခြေတည်ထားပါတယ်။ စစ်ရေးယှဉ်ပြိုင်မှုမရှိပါဘူး။ ဥရောပနိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး စစ်တပ်ချထားတာ တွေမရှိပါဘူး။ ဥရောပရဲ့ စစ်ရေးခြိမ်းခြောက်မှုအပေါ် ပင်တဂွန်ရဲ့ အစီရင်ခံစာတွေမရှိပါဘူး။
တရုတ်နိုင်ငံရဲ့ လုံခြုံရေး မူဝါဒနဲ့ စစ်ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ၀ါရှင်တန်ရဲ့အမြင်က တော့ကွဲပြားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်စစ်ဘက်နဲ့ပတ် သက်ပြီး နှစ်စဉ် အစီရင်ခံစာထုတ်ပြန်ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်တာကိုက တရုတ်နိုင်ငံဟာ စစ်ရေးအရ ခြိမ်း ခြောက်လာနိုင်ခြေရှိတယ်လို့ အဓိပ္ပာယ်သက်ရောက် ပါတယ်။ နောက်အဲဒီ့အစီရင်ခံစာကလည်း အမေရိကန်နိုင်ငံရဲ့ ပိုပိုသာသာ စစ်ရေးအခင်းအကျင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း အထောက်အထားတွေ ကို မသိမသာရေးခြစ်သွားပါတယ်။
တပ်ဖွဲ့ဝင်တွေနဲ့ လက်နက် တွေအပေါ် ငွေကြေးဆက်လက်သုံးစွဲဖို့တင်မကဘဲ အမေရိကန်နဲ့ ဝေးကွာပြီး တရုတ်နိုင်ငံနဲ့နီးတဲ့ သြစတြေးလျမှာ တပ်ဖွဲ့ဝင်တွေချထားရေး အတွက်ဖော်ပြထားပါ တယ်။ နှစ်ပေါင်းများစွာပဲ အမေရိ ကန်ဟာ အာရှဒေသက ရန်သူလို့ ထင်တဲ့လူတွေကိုရှာဖွေခဲ့ပါတယ်။ ပထမ-ဂျပန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည် သူ့သမ္မတနိုင်ငံ(မြောက် ကိုရီးယား)၊ နောက် ရုရှား၊ အဲဒီ့ အခြေအနေတွေနဲ့ လိုက်ဖက် အောင်လည်း မဟာမိတ်တွေထူ ထောင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အဲဒီ့သုံးနိုင်ငံထဲမှာ တစ်နိုင်ငံက အနီးကပ်မဟာမိတ်၊ တစ်နိုင်ငံက ဆင်းဆင်းရဲရဲနိုင်ငံ၊ နောက်တစ် နိုင်ငံကတော့ ခြိမ်းခြောက်မှုမပြတော့ဘဲ အနောက်ဘက် ယိမ်းနေသူဖြစ်နေပြီ။ တကယ်တော့ လက်ရှိ မဟာမိတ်တွေကို ဆက် လက်ထိန်းသိမ်းထားရာမှာ ရည် ရွယ်ချက်တစ်ခုတည်းသာရှိပြီး အဲဒါကတော့ တရုတ်နိုင်ငံကိုထိန်းချုပ်ရေးဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဒီလို ထင်ရှား တဲ့အချက်ဖြစ်တဲ့ အမေရိကန်ဟာ တရုတ်နဲ့ ဖြစ်နိုင်ခြေစစ်ပွဲအတွက် ပြင်ဆင်နေတယ်ဆိုတာကို အမေ ရိကန်မူဝါဒသမားတွေက ငြင်းချက်ထုတ် ဖို့ တော်တော်လေးအားထုတ်ပါတယ်။ သို့ပေမဲ့လည်း အဲဒီလိုအာမခံချက်တွေကိုအ လေး အနက်ယူလို့မဖြစ်ပါဘူး။ ဆင်ဟွာတက္ကသိုလ်က ဆွန်ဇီးပြောသလိုပဲ အမေရိကန် ဟာ (အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောတွေနဲ့   နျူကလီးယား ရေငုပ်သင်္ဘောတွေ) မြောက်ကိုရီးယားကိုပဲ ပစ်မှတ်ထားနေတယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာမဟုတ် ပါဘူး။ မှန်ပါတယ်။ ပဋိပက္ခဖြစ်ဖို့ ဆိုတာ ၀ါရှင်တန်ရဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။ အမေရိကန်ရဲ့ စစ်ရေးအင်အားကို ဘေဂျင်းက ဆက်လက်မှင်တက် အံ့သြစေဖို့ပဲမျှော်လင့် တာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ အမေရိကန်အစိုးရ အဆက်ဆက်ဟာ သူ့ရဲ့စစ်ရေး အင်အားသာလွန်မှုကို ဆက်လက် ထိန်းသိမ်းထားပြီး တရုတ်ရဲ့လှုပ်ရှားမှုအလားအလာ ကိုကန့်သတ်ဖို့ရာ ငွေကြေးနဲ့ အရင်းအမြစ်အများအပြား သုံးစွဲနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။
နည်းပညာနဲ့ စီးပွားရေး အကြီးအကျယ်သာလွန်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် ဖြစ်သင့်တဲ့ မဟာဗျူဟာပါပဲ။ သို့သော်လည်းပဲ ၀ါရှင်တန်ဟာ သူ့ရဲ့ကြွေးရှင်တွေက တံခါးဝ ရောက်နေချိန်မှာပဲ ချေးထားတဲ့ပိုက်ဆံတွေနဲ့ ကိုယ့် ဟာကိုယ် သတ်မှတ်ထားတဲ့ အင် ပါယာကို ဆက်လက်ထိန်းသိမ်း ထားဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ အမျိုးသား ကြွေးမြီ ကန်ဒေါ်လာ ၁၅ ထရီလီယံတင်ရှိနေပြီး အခြား မပေးရသေးတာတွေ၊ ပေးချေစရာတွေအားလုံး စုစု ပေါင်း ကန်ဒေါ်လာ ၂၀၀ ထရီလီယံလောက်ရှိနေချိန်မှာ အမေရိ ကန်ဟာ ဆက်လက်ပြီး ကမ္ဘာ့ ပုလိပ်ကြီး လုပ်နေဖို့ရာမဖြစ်နိုင်တော့ပါဘူး။
ပိုပြီးကြီးမားတဲ့ပြဿနာကတော့ အမေရိကန်ရဲ့မူဝါဒကြောင့် ဘေဂျင်းမှာ ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအ တွက် ဘုံအကျိုးစီးပွားတွေကိုထိန်းသိမ်းပြီး မိတ်ဆွေတွေကို ကိုယ်ကျိုးစွန့်ပြီး ကာကွယ်နေတယ်လို့ အမေရိကန်ကရှုမြင်တာကို အမေရိကန်ဟာ ကိုယ့်အကျိုးစီးပွားတွေကို တစ်ကိုယ်ကောင်းဆန်ဆန်မြှင့်တင်ပြီး သူတို့ ရဲ့ အမိမြေကိုခြိမ်း ခြောက်နေတယ်လို့ တရုတ်နိုင်ငံ က ရှုမြင်ပါတယ်။ အဲဒီ့အတွက် ထင်ရှားတဲ့တုံ့ပြန်မှုကတော့ စစ် ရေးတည်ဆောက်မှုပဲဖြစ်ပါတယ်။ ဒါဟာ ပင်တဂွန်က အမေရိကန် လွှတ်တော်ကို အသေးစိတ်တင်ပြ ထားတဲ့ အစီရင်ခံစာအတိုင်း ကွက်တိပါပဲ။
အင်အားချိန်ခွင်လျှာ တဖြည်းဖြည်း ပြောင်းလဲလာတာကိုလည်း တင်ပြထားပါတယ်။ ဥပမာအား ဖြင့် ပင်တဂွန်က သုံးသပ်ထားတဲ့ အထဲမှာ “တရုတ်နိုင်ငံ၏ ခေတ်မီ တပ်မတော်အား သံတမန်ရေးအသာစီးရစေရန်နှင့် အငြင်းပွားမှုများ ဖြေရှင်းရာတွင် ၎င်းင်းဘက် အရေးသာအောင် လုပ်ဆောင် ရေး တရုတ်နိုင်ငံ၏ စွမ်းရည်ကို တိုးတက် စေသည့်နည်းလမ်းများတွင် အသုံးချနိုင်ပါသည်”လို့ပါရှိ တယ်။ ဒီအချက်ဟာ မှန်ကန် တယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ဆိုတော့ ဘာဖြစ်လဲ။ ၀ါရှင်တန်ဟာ သူ့ရဲ့ စိုးမိုးနိုင်လွန်းတဲ့စစ်ဘက်ကို ဒီနည်းအတိုင်း အပတ်စဉ်လိုလို အသုံးချနေတာ ပဲမဟုတ်လား။
အမေရိကန်ဟာ သူ့ရဲ့ စစ် ရေးလွှမ်းမိုးမှုကိုပစိဖိတ်ဆီကို လည်း  ဦးလှည့်လာခဲ့ပါတယ်။ သမ္မတဘားရက်အိုဘားမားက ဒါကို အတည်ပြုပေးခဲ့ပါတယ်။ အမေရိကန်ဟာ ပစိဖိတ်အင်အား ကြီးနိုင်ငံဖြစ်ပါတယ်လို့ အိုဘား မားကပြောကြားရင်း တစ်ဆက် တည်းမှာပဲ “အမေရိကန်ကာ ကွယ်ရေး အသုံးစရိတ်တွေကို လျှော့ချတဲ့နေရာမှာ အာရှ-ပစိ ဖိတ်ဒေသကို အနစ်နာအဆုံးရှုံးခံပြီး လျှော့ချမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း လုံခြုံ ရေးအရ စိုးရိမ်သင့်တဲ့ပူပန်မှုတွေ ရှိပါတယ်။ ဆင်ဟွာ သတင်းအေ ဂျင်စီက ခက်ခဲသောသမိုင်းကို ညွှန်ပြပါတယ်။ ၁၈၄၀ ပြည့်နှစ်ဘိန်းစစ်ပွဲကနေစပြီး ၁၉၄၉ကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ချိန်အထိ တရုတ်နိုင်ငံဟာ အကြိမ်ပေါင်း ၄၇၀ ကျော် ပင် လယ်ဘက်ကလာတဲ့ ကျူးကျော်မှုတွေနဲ့(လုံခြုံရေး) ချိုးဖောက်မှုတွေကိုခံစားခဲ့ရပါတယ်”ဟု ဆင်ဟွာက သုံးသပ်ထား ပါတယ်။
သြစတြေးလျမှာ  အမေရိကန်တပ်ဖွဲ့တွေချထားတာဟာ ဟန်ပြလို့ဆိုပေမယ့်လည်း ခြိမ်းခြောက်မှုလို့ပဲ မြင်စရာရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂန်ရန်ရှန်းက “ဒါဟာ စစ်အေးစိတ်ဓာတ်ပေါက်ဖွားလာတာပဲလို့ ယုံကြည်ပါတယ်”လို့ဆို ပါတယ်။ ဘေဂျင်းရဲ့ စစ်ရေးအခင်း အကျင်းတွေနဲ့ဆက်စပ်ပြီး အမေရိကန်ဟာ ညည်းတွားပြောဆိုနေ တာနဲ့ပတ်သက်လို့ ဆင်ဟွာရဲ့ သုံး သပ်ချက်တစ်ခုက ကျိုးကြောင်းဆီလျော်မှုမရှိတာမဟုတ်ပါဘူး။ “တရုတ်နိုင်ငံက လူအများအပြား အတွက်တော့ စစ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၇၀၀ ဘီလီယံနီးပါး ရှိပြီး ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာ့စစ်ရေးအသုံးစရိတ် စုစုပေါင်း ၄၀ ရာခိုင်နှုန်းကိုသုံးစွဲခဲ့တဲ့ ပင်တဂွန်ဟာ မကြာခဏဆိုသလို တရုတ်နိုင်ငံကိုပဲ လက်ညှိုးထိုးထိုး နေတာဟာ ထူးဆန်းနေပါတယ်” ဟူ၍...
တရုတ်ဆီသို့ ၀ါရှင်တန်ရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲဖို့လိုပါ တယ်။ အမေရိကန်ရဲ့ အရေးပါတဲ့ရည်မှန်းချက်ဟာ တရုတ်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခရှောင်လွှဲရေး ဖြစ်သင့်ပါတယ်။ လက်ရှိ စူပါပါဝါ နဲ့ နောက်ထပ် စူပါပါဝါဖြစ်လာနိုင် ခြေရှိတဲ့နိုင်ငံကြီးများအကြား ပူး ပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်တဲ့ဆက်ဆံရေးဖြစ်ပေါ် လာမလားဆို တဲ့အပေါ် မူတည်ပြီး ၂၁ ရာစုရဲ့ သဘောသဘာဝ  သိသိသာသာ ပြောင်းလဲသွားပါလိမ့်မယ်။ အိန္ဒိယနိုင်ငံဟာလည်း စူပါ ပါဝါလမ်းကြောင်းကိုလိုက်နေလို့ အာရှ-ပစိဖိတ်ဒေသဟာဝင်ရိုး စုံချက်မဒေသဖြစ်လာနေပါ တယ်။
7 DAY NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis