menu

Monday 30 January 2012

တောင်ကုတ်မြို့ လောင်စာဆီရောင်းချဆိုင်မှ မီး စလောင်


မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ ရရှိတဲ့ သတင်းအရ တောင်ကုတ်မြို့ ဈေးအတွင်းရှိ လောင်စာဆီများ ရောင်းချသော ဦးကျွမ်းသမီး ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဆီအထုတ်အသွင်း ပြုလုပ်စဉ် ဆေးလိပ်သောက်မှုကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ဈေးအတွင်းရှိဆိုင်ခန်း ၇ ခန်း ခန့် မီးလောင်ကျွမ်းသွားပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့်အပျက်အစီး စာရင်းတန်ဖိုးကို မသိရသေးပါဘူး
။နေ့ လည်၁နာရီခွဲခန့် က စလောင်တာဖြစ်ပြီး ၂နာရီခွဲ ခန့် မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ဆိုင်ခန်းများအပြင်ဈေးအပြင်ဘက်တရားရုံး အနီးရှိ လူနေအိမ်တလုံးလည်း ပါသွားတယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့ မီးသတ်စခန်းမှ မီးသတ်ကားတစီးဖြင့်သာ လာရောက်ငြိမ်းသတ်တာကို တွေ့ ရပြီး မီးသတ်ကား မနိုင်နင်းမှုကြောင့်လည်း အခုလောက်ထိ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တာဖြစ်ကြောင်း တောင်ကုတ် မြို့ ခံက သုံးသပ်ပါတယ်။


ဘားမားဗီဂျေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis