menu

Monday 30 January 2012

အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံမှ အရန်ဆန်တန်ချိန် နှစ်သိန်းအား ၀ယ်ယူရန် MoU ရေးထိုး




7184
Parkroyal ဟိုတယ်တွင် MRIA နှင့်အင်ဒိုနီးရှားနိုင်ငံ၏ Perum BULOG တို့ နားလည်မှု စာချွန်လွှာ ရေးထိုးစဉ်
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင် State owned enterprise တစ်ခု ဖြစ်သော Perum Bulog ကုမ္ပဏီက မြန်မာနိုင်ငံမှ အရန်ဆန်နှစ်သိန်း အားဝယ်ယူရန်အတွက် ဇန်န၀ါရီ လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ Parkroyal ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ကုမ္ပဏီက အစိုးရပိုင် ကုမ္ပဏီတစ်ခုပါ။ အင်ဒိုနီးရှားနိုင်ငံရဲ့ စားနပ်ရိက္ခာဖုံလုံမှု အတွက် နှစ်စဉ်ပြည်ပက ဆန်နဲ့အတူ အခြားစားသောက်ကုန်တွေ တင်သွင်းရပါတယ်။ ၂၀၁၀ ခုနှစ်ကစပြီး ရာသီ ဥတုပြောင်းလဲမှုကြောင့် သီးနှံအထွက် ကျဆင်းတဲ့အတွက် အခုမြန်မာနိုင်ငံက ဆန်ကိုတင်သွင်းသွားမှာ ဖြစ် ပါတယ်”ဟု Perum Bulog ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ Sutarto Alimoeso က ပြောပြခဲ့သည်။


အခုဖြစ်နေတာက Capacity ပြဿနာပါ။ အခုကမ္ဘာ့ဈေးကွက်က ပွင့်လန်းလာလို့ မြန်မာနိုင်ငံက တန်ချိန်နှစ်သန်းလောက် ၀ယ်မယ်ဆိုရင်တောင် မပို့နိုင်တဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိတယ်  .  .  .
အဆိုပါ ဆန်တန်ချိန်နှစ်သိန်းအား ဖေဖော်ဝါရီလမှစ၍ အင်ဒိုနီးရှားနိုင်ငံသို့ တင်သွင်းသွားမည်ဖြစ် ပြီး ဈေးနှုန်းကိုမူ လစဉ်ပုံမှန် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့မြန်မာနိုင်ငံဆန် စပါးဈေးကွက်က ကမ္ဘာ့ပေါ်မှာ ရှားနေတဲ့အချိန်ကျရင် ဈေးကွက်မှာ ပြတ်နေတတ်ပြီး ကမ္ဘာ့ဆန်ဈေးကွက် မကောင်းတဲ့အချိန်ကျတော့ ပြည်တွင်းမှာ စုပုံနေတတ်ပါတယ်။ ဒါ ကလည်း အချိတ်အဆက်မမိတဲ့ ပြဿနာပါ။ အခုအင်ဒိုနီးရှားနဲ့ စာချုပ်ချုပ်တာက ဈေးနှုန်းကိုလစဉ် ဆုံးဖြတ်သွားမှာပါ။ ပြီးတော့ အရည်အသွေးပိုင်းဆိုင်ရာ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရဦးမယ်။ အင်ဒိုနီးရှားနဲ့ မြန်မာ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးရေးနည်းစနစ်၊ နည်းပညာပိုင်းတွေ ဖလှယ်သွားဖို့ သဘောတူ ထားပါတယ်။ အခု MoU ရေးထိုးတာကလည်း ဒီအတွက်ပဲ ထိုးကြတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း အနေနဲ့ကတော့ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းတွေ ထုတ်ပြန်သွားမှာပါ။ ကုမ္ပဏီ အသေးလေးတွေနဲ့ အသေးစားနဲ့အလတ်စား လုပ်ငန်းလေးတွေကို အကာအကွယ် ပေးသွားမှာပါ။ သူတို့ကိုအားပေး ပြီးတော့ ဒီအထဲမှာ ပါဝင်လာအောင် ကုမ္ပဏီကြီးတွေ အနေနဲ့လည်း ရှေ့ဆောင်လမ်းပြ လုပ်ရမှာပါ။ ကုမ္ပဏီ ကြီးတွေ အနေနဲ့လည်း နည်းပညာပိုင်းကအစ အတွေ့အကြုံတွေကို အသင်းကနေတစ်ဆင့် ၀င်ပြီး ထိန်းကျောင်းပေးသွားမယ်။ အခုဖြစ်နေတာက Capacity ပြဿနာပါ။ အခုကမ္ဘာ့ဈေးကွက်က ပွင့်လန်းလာလို့ မြန်မာနိုင်ငံက တန်ချိန်နှစ်သန်းလောက် ၀ယ်မယ်ဆိုရင်တောင် မပို့နိုင်တဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ ဒါကြောင့် ကုမ္ပဏီတစ်ခုတည်း ကပဲ ခြောက်သောင်း၊ ခုနစ်သောင်း၊ ရှစ်သောင်း၊ သိန်းနဲ့ချီပြီးပို့နိုင်တယ်။ အများစုက မလုပ်နိုင်သေးတဲ့အတွက် အသင်းကနေပြီး ဦးဆောင် ပြီး Capacity ကောင်းအောင် လုပ်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံဆန် စပါးအသင်း အတွင်းရေးမှူး ကိုရဲမင်းအောင်က ပြောပြခဲ့သည်။
ထို့အတွက် အရန်ဆန်ဝယ်ယူမှုကို စပါးတင်း ၁၀၀ လျှင် ကျပ် ၃၃၀၀၀၀ နှုန်းဖြင့် ပြည်တွင်းရှိ တောင်သူများထံမှ လာမည့် တနင်္လာ၊ အင်္ဂါနေ့မှစ၍ ၀ယ်သွားတော့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis