menu

Monday 30 January 2012

ကုန်သည်ကြီးများဟိုတယ်တွင် ငါးမန်းတောင်ဟင်းချိုရောင်းချခြင်းရပ်ဆိုင်း



Photo

ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် (Traders Hotel) က ငါးမန်းတောင်ဟင်းချိုရောင်းချခြင်းကို ဇန်န၀ါရီ ၁၉ ရက်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အဆိုပါ
ဟိုတယ် လူထုဆက်သွယ်ရေးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုကဲ့သို့ ရပ်ဆိုင်းခြင်းမှာ ရှန်ဂရီလာဟိုတယ်အုပ်စုပိုင် ဟို တယ်အားလုံးတွင် ရပ်ဆိုင်းခြင်း ကြောင့် ရန်ကုန်မြို့ရှိ ရှန်ဂရီလာ ဟိုတယ်အုပ်စုဝင်ဖြစ်သော ကုန် သည်ကြီးများဟိုတယ်ပါ ရပ်ဆိုင်း ခြင်းဖြစ်သည်ဟု အဆိုပါတာဝန် ရှိသူကဆိုသည်။ကမ္ဘာတွင် မျိုးသုဉ်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသောငါးမန်းများအား
ကာကွယ်စောင့်
ရှောက်ရေးလှုံ့ဆော်မှုတစ်ရပ်အနေဖြင့်မိမိတို့ဟိုတယ်များ၌ ငါးမန်း တောင်ဟင်းချိုရောင်းချမှုကို ချက်ချင်းရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် ရှန်ဂရီ
လာဟိုတယ်က သတင်းထုတ်ပြန် ထားသည်။သုတေသနစာတမ်းတစ်ခုအရ မြန်မာ့ပင်လယ်ပြင်တွင် ငါးမန်းဖမ်းယူရရှိမှုမှာ လွန်ခဲ့သော အနှစ် ၂၀ နှင့်နှိုင်းယှဉ်ပါက သုံးပုံ
တစ်ပုံခန့်သာ လျော့နည်းသွားကြောင်းမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းအရာရှိ ဦးနှင်းဦးက ပြောသည်။ ရှန်ဂရီလာဟိုတယ်အုပ်စုသည် ကမ္ဘာတစ်
ဝန်း၌ဟိုတယ် ၇၂ လုံးဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။
7 DAY NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis