menu

Monday 30 January 2012

ဘူးသီးတောင်မြို့နယ်၌ နှစ်ရက်အတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့



ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဇီးတုံကျေးရွာ၌ မီးလောင်မှုဖြစ်ပွားနေစဉ်
ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇာချောင်းဖျားတွင်တည်ရှိသော ရခိုင်တိုင်းရင်းသားကျေးရွာဖြစ်သည့် ဇီးတုံကျေးရွာနှင့် မီးရထားဆိပ်ရပ်ကွက်တို့တွင် ဇန်န၀ါရီ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များ၌ မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 ဇီးတုံကျေးရွာ မီးလောင်မှုကြောင့် တစ်နာရီအတွင်း နေအိမ် ၁၆ လုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးကိုရွာသူရွာသားများ ၀ိုင်းဝမ်းငြိမ်းသတ်ကြရာ ညနေ ၇ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းလည်း သိရသည်။ မီးဘေးဒုက္ခသည်များဖြစ်သည့် ကျား ၂၄ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၆၀ ဦးကို နီးစပ်ရာဆွေမျိုးများ နေအိမ် များတွင် နေရာချထားကြောင်းနှင့် မြို့နယ်မှ တာဝန်ရှိသူများက အကူအညီများပေးလျက်ရှိကြောင်းနှင့် ဘူးသီးတောင်မြို့မှ စေတနာရှင်များကလည်း အ၀တ်အထည်နှင့် စားစရာများကို လှူဒါန်းနေကြကြောင်းလည်း သိရသည်။ ဇီးတုံး ကျေးရွာမှာ အိမ်ခြေ စုစုပေါင်း ၆၀ ရှိသော ကျေးရွာတစ် ရွာဖြစ်ကြောင်းလည်း သိရသည်။

ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ကလည်း ဘူးသီးတောင်မြို့၊ မီးရထားဆိပ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်သုံးလုံး ကူးစက်လောင်ကျွမ်းခံခဲ့ရဖြစ်ကြောင်း သတင်းရရှိ သည်။ မီးဆက်လက်လောင်ကျွမ်းမှု မရှိစေရန် နေအိမ်နှစ်လုံးကိုလည်း ဖြိုလိုက်ရကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မြို့နယ်မီးသတ်၊ ကြက်ခြေနီ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်သားများက ၀ိုင်းဝန်းငြိမ်းသတ်ကြရာ ညနေ ၄ နာရီ ၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီး လောင်ကျွမ်းမှုကို ဘူးသီးတောင် ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis