menu

Monday 30 January 2012

ကမ္ဘာ့ပထမဆုံးမိုဘိုင်းဖုန်းကို ၁၉၂၀ ပြည့်နှစ်များကတည်း ဖန်တီးသုံးစွဲခဲ့ကြ






ကမ္ဘာ့ပထမဆုံး မိုဘိုင်းဖုန်းကို ၁၉၂၀ ပြည့်နှစ်များကတည်းက ဖန်တီးသုံးစွဲမှုများရှိခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
တွေ့ရှိရသမျှထဲတွင် အစောဆုံးမှာ ကားဖုန်းများ၏ဖခင်ဟုဆိုရမည့် ယနေ့ခေတ်မိုဘိုင်းဖုန်းများ၏ အဘိုးဟုပါဆိုနိုင်သော သယ်ဆောင်သွားနိုင်သည့် ဖုန်းဖြစ်သည်။ ယင်းဖုန်းကို ဒဗလျူဒဗလျူမက်ဖာလိန်းဆိုသူက စတင် တီထွင်ခဲ့ခြင်းဖြစ်သည်။
အခြားတီထွင်သူများကလည်း ယင်းကာလနှင့်မရှေးမနှောင်းပင် သယ်ဆောင်သွားနိုင်သော ဖုန်းများကို တီထွင်ခဲ့ကြသည်ဟုဆိုသည်။ ထိုခေတ်ကတည်းက ၀ါယာလက်တယ်လီဖုန်းဟုခေါ်သော စနစ်ရှိနေပြီဖြစ်သော်လည်း ယင်းစနစ်နှင့်မတူဘဲ မျက်မှောက်ခေတ်သုံး မိုဘိုင်းဖုန်းများနှင့်ဆင်တူသည့် စနစ်ကိုတီထွင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဖာလိန်းတီထွင်ခဲ့သော ဖုန်းဆိုလျှင် ကိုက် ၅၀၀ အတွင်းပြောနိုင်သည်ဟုဆိုသည်။ ဗြိတိန်ရုပ်ရှင် ကုမ္ပဏီတစ်ခုမှ ၁၉၂၂ ခုနှစ်တွင် မှတ်တမ်းတင်ထားမှုအရလည်း အမျိုးသမီးများနယူးယောက်မြို့တွင် သယ်ဆောင်နိုင်သော ဖုန်းတစ်မျိုးကို ကိုင်ဆောင်ပြောဆိုနေကြပုံကို ပြန်လည်တွေ့ရှိခဲ့သည်။ သို့ရာတွင် လေးလံသောသေတ္တာကဲ့သို့ ပစ္စည်းကိရိယာများ သယ်ယူရခြင်းကဲ့သို့သော အဆင်မပြေမှုမျိုးရှိခဲ့သည်ဟု ဆိုသည်။
Ref: Daily Mail
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis