menu

Sunday, 20 October 2013

ရန်ကုန်မန္တလေးနည်းပညာတက္ကသိုလ်နှစ်ခုကို ကန်ဒေါ်လာ (၁၃ .၅) သန်းထောက်ပံ့ပေးမည်


 

ရန်ကုန်နည်းပညာတကကသိုလ်  နှင့် မန္တလေးနည်းပညာတက္ကသိုလ်  တို့အားဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က သင်ထောက်ကူပစ္စည်း  များနှင့် နည်းပညာပိုင်းတို့အတွက်  အမေရိကန်ဒေါ်လာ (၁၃.၅) သန်းထောက်ပံ့သွားမည်ဖြစ်ကြောင်းJICAဥက္ကဋ္ဌဒေါက်တာအာကီဟီကို တာနာကာကပြောသည်။
အင်းစိန်မြို့နယ်ရှိရန်ကုန်နည်း ပညာတက္ကသိုလ်(YIU) တွင်(JICA)နှင့် ဂျပန်တက္ကသိုလ် (၆) ခုတို့မှနည်းပညာပူးပေါင်းဆောင်ရွက် ရေးအတွက်အောက်တိုဘာလ (၄) ရက်နေ့က လက်မှတ်ရေးထိုးပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာဦးကိုကိုဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံတွင် အဓိကကျ သည့်တက္ကသိုလ်နှစ်ခုကို ပထမဆုံး  ပံ့ပိုးသွားခြင်းဖြစ်ပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်သည်။JICA အနေဖြင့် သင့်ထောက်  ကူပစ္စည်းတွေသာမကနည်းပညာ နှင့် ပတ်သက်ပြီးလိုအပ်တာအားလုံး   ကူညီသွားမယ်။
မြန်မာနိုင်ငံနည်း   ပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမ များ ဂျပန်နိုင်ငံတွင်ပါရဂူဘွဲ့သင်ယူ  နိုင်ရန် စီစဉ်ပေးမှာဖြစ်ပြီး ဂျပန် နိုင်ငံမှဆရာ၊ ဆရာမများလည်း မြန်မာနိုင်ငံကိုလာပြီး နည်းပညာ ဆွေးနွေးပွဲများပြုလုပ်ပေးသွားဖို့ အစီစဉ်ရှိပါတယ်”ဟုJICA ဥက္ကဋ္ဌ ဒေါက်တာအာကီဟီကိုတာနာကာ ကပြောသည်။JICA သည် မြန်မာနိုင်ငံတွင် အဆင့်မြင့်နည်းပညာတိုးတက်ရေး  အတွက်ပထမဆုံးပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီးနောက်ပိုင်း၌ ပညာ ရေးကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်သွားရန် အစီစဉ်များရှိကြောင်း    ဆိုပါသည်။     

မင်းဆက်အောင်
The Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis