menu

Tuesday 11 February 2014

လေယာဉ်နှင့် ရဟတ်ယာဉ်တင်သွင်းခွင့် မည်သူမဆို ပေးမည်ဟု စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့် ပြောကြား


မြန်မာနိုင်ငံတွင် မည်သူမဆို လေယာဉ်တင်သွင်းခွင့် ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်က သမဝါယမ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် လက်ကားဈေး ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ လေယာဉ်တွေကအစ တင်သွင်းခွင့်ပေးမယ်။ ဟဲရီကော်ပတာတွေ တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ ကားဆိုလည်း မည်သူမဆို တင်သွင်းခွင့်ပေးတယ်။ အရင်က ကုမ္ပဏီတစ် ခုမှာ ယန္တရားငါးစီးပဲ တင်သွင်းခွင့်ပြုတယ်။ အခုဆိုရင် လိုသလောက် တင်သွင်းခွင့်ပြုတယ်။ စားအုန်းဆီဆိုလည်း မည်သူမဆို လိုသလောက် တင်သွင်းခွင့်ပြုတယ်။ ပြည်တွင်းမှာ စိုက်နိုင်ရင်တော့ ပြည်ပက စားအုန်းဆီကို မတင်သွင်းတော့ပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြား ခဲ့သည်။ ယခင်က မြန်မာနိုင်ငံတွင် လေယာဉ်များ တင်သွင်းခွင့် မရှိသော်လည်း အခုအစိုးရသစ် လက်ထက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် လေယာဉ်၊ ရဟတ်ယာဉ်များကို မည်သူမဆို တင်သွင်းခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယခင်ကကားများအား ကုမ္ပဏီတစ်ခု စက်ယန္တရား ငါးစီးသာ တင်သွင်းခွင့် ပြုထားသော်လည်း ယခုအချိန်တွင် လိုသလောက် တင်သွင်းခွင့် ပေးသွားမည်ဖြစ်ပြီး တင်သွင်းခွင့် ပိတ်ပင်ထားသော စားအုန်းဆီကို ယခုအခါတွင် မည်သူမဆို လိုသလောက် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးဝင်း မြင့်က ပြောကြားသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis