menu

Monday 27 January 2014

ဖက်ရှင်အဆန်းအပြားနဲ့ ဂီတလောကသားတွေ စုံစုံညီညီတက်ရောက်ခဲ့ကြတဲ့ ဂရမ်မီဆုပေးပွဲ


ဒီရက်ပိုင်းအတွင်းမှာ လူပြောများပြီး ရေပန်းစားနေတဲ့ ဂရမ်မီဆုပေးပွဲနဲ့ ပတ်သက်လို့ ဖက်ရှင်ပိုင်း အမြင်လေးတွေ တင်ဆက်ပေးပါဦးမယ်။ ဒီထဲမှာ highlight လုပ်ထားတဲ့ Katy Perry ရဲ့ ပွဲတက်စတိုင် ၊ Beyonce နဲ့ Pink တို့ရဲ့ သရုပ်ဖော်ပြကွက်တွေလည်း ပါပါတယ်။
          အားလုံးသိချင်နေကြမယ်လို့ထင်တဲ့ နာမည်ကြီးတချို့ရဲ့ ဖက်ရှင်ပိုင်းနဲ့ performance ပြကွက် လေးတွေကို တင်ဆက်ပေးပါမယ်။
၁။ Beyonce နဲ့ Jay Z တို့ရဲ့ ၀တ်စုံကို ပုံဖော်ပေးထားတာ Micheal Costello ပဲဖြစ်ပါတယ်။ ဒီအဖြူရောင် ၀တ်စုံဟာ Beyonce ရဲ့ အလှအပတွေကို ဖော်ပြနိုင်ရုံသာမက သူမနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။

၂။ Taylor Swift ရဲ့ သရုပ်ဖော်တင်ဆက်မှု စတိုင်ပါ။


၃။ ဒါကတော့ သူမစင်ပေါ်တက်ပြီး မဖျော်ဖြေခင် စင်အနောက်မှာ တွေ့ရတဲ့ပုံပါ။

၎။ Pink ကတော့ အခုလို စွန့်စွန့်စားစားကို ပရိတ်သတ်တွေအတွက် အသုံးတော်ခံသွားပါတယ်။

၅။ Katy Perry ရဲ့ godness အသွင်ကလည်း သူမရဲ့ မူအတိုင်းပဲ အသက်ဝင်လှပါတယ်။

၆။ Beyonce နဲ့ Jay Z တို့ အတွဲကတော့ Drunk In Love ဆိုတဲ့သီချင်းကို အခုလို ပီပီပြင်ပြင် သရုပ်ဖော်သွားနိုင်ခဲ့ပါတယ်။

၇။ ပြီးခဲ့တဲ့ 2013 မှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ Lorde ကိုလည်း အခုလိုဖျော်ဖြေနေတာ တွေ့ရပါတယ်။

၈။ Ambaer Rose ရဲ့ ဖက်ရှင်က သူမနဲ့ အလွန်သင့်တော်တာကြောင့် တမျိုးတောင် ကြည့်ကောင်းနေပါတယ်။

၉။ Ritao Ora ဟာ သူမရဲ့အချစ်ရဆုံး သူငယ်ချင်းအဖြစ် Jared Leto ကို ဒီဆုပေးပွဲမှာ ပြသသွားပါတယ်။

၁၀။ မက်ဒေါနားဟာ သူမရဲ့သား David Banda နဲ့အတူ ၅၆ နှစ်မြောက် ဂရမ်မီပွဲကို တက်ရောက်လာပါတယ်။ သူမ၀တ်ဆင်ထားတဲ့ ဒီဇိုင်းကတော့ Ralph Lauren ရဲ့ tuxedo ၀တ်စုံကို ၀တ်ဆင်ထားခဲ့ပါတယ်။

၁၁။ Pharrell Williams ရဲ့ ဒီဇိုင်းကိုမြင်ရင်တော့ အားလုံး သဘောကျကြမှာပါ။

၁၂။ ဒီပွဲရဲ့ အောင်ပွဲရှင်တစ်ဦးဖြစ်တဲ့ Daft Punk ကတော့ မပြောင်းလဲတဲ့ သူတို့ရဲ့ စတိုင်နဲ့ပါပဲ။

၁၃။ Iggy Azalea ကတော့ Elie Saab Pre-fall 2013 အဖြူရောင်ဝတ်စုံနဲ့ ပွဲတက်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဘယ်သူတွေက ဒီ ၅၆ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို အသက်ဝင်စေခဲ့တယ်ဆိုတာ အကဲခတ်ကြည့်ကြပါဦး။
Ref:elleuk.com

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis