menu

Monday 27 January 2014

ယာဉ်တိုက်မှုကြောင့် တိမ်းရှောင်နေသောသားကို ဖခင်က ရဲစခန်းသို့အပ်


မိတ္ထီလာ၊ ဇန်နဝါရီ ၂၆

လူသေဆုံး သွားခဲ့သော ယာဉ်တိုက်မှုမှ သားဖြစ်သူ ယာဉ်မောင်းကို ဖခင်ဖြစ်သူက သက်သေခံ ယာဉ်နှင့်အတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြို့မရဲစခန်းသို့ ဇန်နဝါရီလ၂၄ ရက်နေ့က လာရောက် အပ်နှံခဲ့ကြောင်း ယင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် ၁၉/၃၊ ရေဝေ ကျေးရွာအနီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အနက်ရောင် ဆိုင်ကယ်တစ်စီးနှင့်အတူ ဦးခေါင်း ပွင့်ထွက် ဒဏ်ရာနှင့် မှောက်လျက် အနေအထားဖြင့် လူတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့၍ ကျေးရွာ နာရေးကူညီမှုအသင်း၏ ကူညီမှုဖြင့် ယင်းအလောင်းကို တမာကုန်း ကျေးရွာဈေးအနီးတွင် ပြင်ဆင်ထားခဲ့ကြောင်း၊ သေဆုံးသူမှာ ပေကုန်းကျေးရွာနေ အောင်အောင် (ခ) ဗိုလ်အောင်ဒင် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သိရှိခဲ့ရပြီး ယာဉ်တိုက်မှု ဖြစ်ချိန်တွင် ထော်လာဂျီ ယာဉ်တစ်စီး ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ဆက်လက် စုံစမ်းခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။


ထန်းတောကျေးရွာမှ အမျိုးသမီးများက ၎င်းတို့ လိုက်ပါခဲ့သော ကျောက်အိုး ကျေးရွာမှ မျိုးမင်းအောင်မောင်းနှင် လာသော ထော်လာဂျီယာဉ်မှာ ရေဝေကျေးရွာ မရောက်မီ ဆိုင်ကယ်တစ်စီး လမ်းပြောင်း ပြန်မောင်းလာသဖြင့် ရှောင်တိမ်းသော်လည်း မလွတ်ဘဲ ယာဉ်နောက်ပိုင်းနှင့် တိုက်သံကြားလိုက်ရကြောင်း ပြောပြချက်အရ ဒုရဲအုပ် ကျော်ဇေယျ ဦးဆောင်သော ရဲတပ်ဖွဲ့က ကျောက်အိုးကျေးရွာသို့ သွားရောက် စုံစမ်းရာတွင် မျိုးမင်းအောင်မှာ အိမ်တွင်မရှိဘဲ ၎င်း၏ ဖခင်ဦးကြည်မောင်ကို ယာဉ်တိုက်မှု ဖြစ်စဉ်ကို ရှင်းပြခဲ့ရာ ဖခင်ဖြစ်သူ ကိုယ်တိုင် သားဖြစ်သူအား ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis