menu

Monday 27 January 2014

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြသစ် ဖေဖော်ဝါရီ ၂ ရက်တွင် စာချုပ်,ချုပ်မည်


ရဲရင့်ဋ္ဌေး|ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

မြန်မာ့လက်ရွေးစင်နည်းပြချုပ် ရာထူးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသော ဆားဘီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စာ ချုပ်, ချုပ်ဆိုမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် မီဒီယာ များနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က မဇ္ဈိမသို့ ပြောသည်။

စင်ကာပူလက်ရွေးစင်နည်းပြဟောင်း အေဗရာမိုဗစ်နှင့် လက်ရှိအချိန်တွင် စာချုပ်အချက်အလက်များ ညှိနှိုင်းဆွေးနွေးနေပြီး ၎င်း၏လက်ထောက်နည်းပြ၊ ဂိုးနည်းပြများကိုပါ တစ်ပါတည်း စာချုပ်ခေါ်ယူရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် စီစဉ်နေသည်။ “ဇန်န၀ါရီ ၁၇ ရက်က အေဗရာမိုဗစ်ကို မြန်မာ နိုင်ငံခေါ်ပြီး ဆွေးနွေးထားပါတယ်။ အကြမ်းဖျင်း အချက်အလက်တွေကို သဘောတူထားပါတယ်။ ဖေ ဖော်ဝါရီ ၂ ရက်ကျရင် အပြီးသတ်စာချုပ်ဖို့ ပြန်လာပါမယ်။ တရားဝင်စာချုပ်, ချုပ်ဆို ဖြစ်ရင်တော့ အဲဒီ နေ့မှာပဲ သတင်းစာရှင်းလင်းပွဲ တစ်ခါတည်းလုပ်ပါမယ်” ဟု ဦးဇော်ဇော်က ဆိုသည်။


အသက် ၆၄ နှစ်အရွယ်ရှိ အေဗရာမိုဗစ်မှာ ယူဂိုဆလားဗီးယားလက်ရွေးစင် ကစားသမားဟောင်းတစ်ဦး ဖြစ်ပြီး စင်ကာပူလက်ရွေးစင်အသင်းကို ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၀ နှစ်တာ ကိုင်တွယ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကာ ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ ခုနှစ်များတွင် အာဆီယံချန်ပီယံရှစ် ဆုဖလားများ ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်တွင်လည်း အာဆီယံအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည်။ အေဗရာမိုဗစ်မတိုင်မီက မြန်မာ့လက်ရွေးစင်အသင်းကို ဆားဘီးယားလူမျိုးနည်းပြဇီဗာဒီနိုဗစ် ကိုင်တွယ် ခဲ့ဖူးပြီး အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်း မရှိပေ။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis