menu

Friday 7 February 2014

" သမိုင်းတာဝန်ကျေပွန်သူများ သမိုင်းတာဝန်မကျေပွန်သူများ "

Photo: " သမိုင်းတာဝန်ကျေပွန်သူများ သမိုင်းတာဝန်မကျေပွန်သူများ "

မြန်မာ့နိုင်ငံရေး သမိုင်းတွင် နယ် ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုများမှ ဒီမိုက ရေစီတိုက်ပွဲအထိ မြန်မာပြည်သူများ ဖြတ်သန်းခဲ့ကြလေသည်။ ဗကသ တကသ၊ ကျောင်းသားခေါင်းဆောင်များ မှနေ တို့ဗမာအစည်းအရုံး၊ ၁၃ဝဝ ပြည့် ရေနံမြေသပိတ်ကြီး၊ ထိုကဲ့သို့ နိုင်ငံရေး ဖြတ်သန်းမှု များစွာကို ကျောင်း သား ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ ပါဝင်ဖြတ်သန်းခဲ့ကြ၏။ ထိုသို့လွတ် လပ်ရေးအတွက် ပါဝင်ရာတွင် တချို့မှာ လမ်းခရီး၌ ပြုတ်ကျန်ခဲ့သလို ကျဆုံး သွားသူများ လည်းရှိ၏။ တချို့မှာ တိုက် ပွဲများစွာကို ဖြတ်သန်းကာ လွတ်လပ် ရေးရပြီးသည်အထိ ကျန်ရှိနေကြသည်။  လွတ်လပ်ရေးရပြီးသည့်နောက် နိုင်ငံ ရေး အယူအဆများ ကွဲပြားကာ ပြည် တွင်းစစ်ကြီးဖြစ်ပွားခဲ့ရသည်။ 

လွတ် လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့ကြ သူများသည် နောင်အခါ၌ ရန်သူများ အဖြစ် သူသေကိုယ်ရှင်တိုက်ပွဲဝင်ခဲ့ကြ ပါတော့သည်။ ဖဆပလကို လက်နက် ကိုင်တိုက်ပွဲဝင်ခဲ့သော လက်နက်ကိုင် သူပုန်များအဖြစ် ပြည်တွင်းစစ်မီးဟုန်း ဟုန်း တောက်ကာ

အင်အားနည်းသော အစိုးရက သူပုန်ဟု သတ်မှတ်သည့် တော်လှန်ရေး အင်အားစုများမှာ တ ဖြုတ်ဖြုတ်ကျဆုံးခဲ့ကြလေသည်။ သခင် သန်းထွန်း၊ ဗိုလ်ဇေယျ၊ သခင်ဇင်၊ သခင်ချစ် စသူတို့မှာ လွတ်လပ်ရေးတိုက် ပွဲကတည်းက သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေစသူတို့နှင့် လက်တွဲတိုက်ပွဲ ဝင်ခဲ့ကြသူများဖြစ်သည်။ ဖက်ဆစ်ဂျပန် တို့ကို လက် ချင်းတွဲကာ မောင်းထုတ် ခဲ့ကြသူများလည်းဖြစ်ပါသည်။ ဆိုလို သည်မှာ နိုင်ငံရေးအယူအဆ သဘော ကွဲလွဲကြသော်လည်း မိမိယုံကြည်သည့် ပန်းတိုင်ကို ဆက် လက်ေ လျှာက်လှမ်းကြ သည့် နိုင်ငံရေး သမားများအကြောင်းကို တင်ပြလိုခြင်းဖြစ်၏။ တချို့သည် လမ်း ခုလတ်၌ ကျဆုံးကာ တချို့မှာ ပန်းတိုင် ရောက် သွားကြလေသည်။

ယနေ့ခေတ် လူလတ်ပိုင်းအရွယ် အသက် ၅ဝ ဝန်းကျင် ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှား တက်ြ<ွကသူများ၊ နိုင်ငံရေး သမားများ ကြားတွင် အာရုံစိုက် အလေးထားခဲ့သည် မှာ ၁၉၆၂ ခုနှစ် ဒီမိုကရေစီ အမှောင် ကျခဲ့သည့် ကာလမှ ယခုအထိဖြစ်သည်။ ထိုကာလမှာ လူငယ်ကျောင်းသားခေါင်း ဆောင်များရော၊ ဖော်ပြပါ လူလတ်ပိုင်း အရွယ်များရော အလေးထားသည့် ကာလဖြစ်သည်။ လွန်ခဲ့သော ၇၅ နှစ် က ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးကို သမိုင်းတစ်ခုအဖြစ်ထားကာ ထိုတိုက်ပွဲ ကြီး၏ ဂုဏ်ရောင် ပြောင်မှုကို အသိအ မှတ်ပြုကြသော်လည်း ယနေ့ခေတ်ဦး တည်ချက်မှာ စစ်အာဏာရှင်ချုပ်ငြိမ်း ချမ်းရေးနှင့် ဒီမိုကရေစီ ရရှိရေး၊ ငြိမ်း ချမ်းရေးနှင့် အမျိုးသား စည်းလုံးညီ ညွတ်ရေးဖြစ်ပေသည်။ ယနေ့နိုင်ငံရေး လှုပ်ရှားတက်ကြွသူများအဖို့ ထိုဦးတည် ချက်များကို မည်မျှ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလဲ။

ဇူလိုင် ၇ ရက် အရေးတော်ပုံကြီး သည် ယနေ့ လူငယ်၊ လူလတ်မျိုးဆက် များကြားတွင် အလွန်အမှတ်ရစရာ မမေ့နိုင်စရာဖြစ်ပြီး စစ်အာဏာရှင်တို့ ၏ ရက်စက်မှုကို မျက်နှာဖုံးချွတ်ပြလိုက် ခြင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံဖြိုချ ဖျက်ဆီးလိုက်ခြင်း ကိုမမေ့နိုင်ကြပေ။ ဇူလိုင် ၇ ရက် အရေး အခင်းကာ လမှ ကျောင်း သားခေါင်း ဆောင်များမှာ ယခုအထိ အသက်ရှင် ကျန်သူနည်းပါးသော်လည်း ယနေ့ ခေတ်လူငယ်များက သူတို့၏ စွန့်လွှတ် အနစ်နာခံမှုကို အသိအမှတ်ပြုကြသည်။ ဇူလိုင် ၇ ရက်သည် သမိုင်းမှတ်တမ်း တင်ထားသော ဒီမိုကရေစီ အရေးတော် ပုံတစ်ခုဖြစ်၏။သို့သော် ဇူလိုင် ၇ ခေါင်း ဆောင်များမှာ ယနေ့ခေတ် ဒီမိုကရေစီ လှုပ်ရှား မှုများ၏ခေါင်းဆောင်များဟု သတ်မှတ်၍ မရပေ။ 

သူတို့၏ နိုင်ငံ ရေးအတွေးအခေါ်မှာ ခေတ်မီလတ်ဆတ် မှုရှိ သေးရဲ့လား။ သူတို့သည် ယနေ့ လူ ငယ်များကို လက်တွေ့ကျကျ ခေါင်း ဆောင်နိုင်မှုရောရှိရဲ့လား။ သူတို့သည် နှစ်ပေါင်း ၅ဝ ကျော်အတွင်း လူထု ထောက်ခံမှုရောရရှိသေးရဲ့လားဆိုသည် မှာ လက်တွေ့ကျကျ အဖြေ ထုတ်ကြရ ပေလိမ့်မည်။

သို့သော် ဇူလိုင် ၇ ရက် အရေး တော်ပုံကား သမိုင်းတွင် သွေးဖြင့် မှတ် တမ်းတင်ထားခဲ့ပေပြီ။ ထိုကာလက မျိုး ဆက်အမွေကို ၈၈ အရေးတော်ပုံကြီး အား လက်ဆင့် ကမ်း ခဲ့သည်။ ယနေ့ ခေတ်မျိုးဆက်သစ်များကိုလည်း လက် ဆင့်ကမ်းခဲ့လေသည်။ သို့သော်ထိုခေတ် ခေါင်းဆောင်များကား ယနေ့ခေတ် ခေါင်းဆောင်များ မဟုတ်တော့ေ ပ။ ထို ခေတ် အခြေအနေ၊ အတွေးအခေါ်နှင့် လုပ်ဟန်များမှာ ယနေ့ခေတ်နှင့် မတူညီ တော့ပေ။

၁၉၆၂ ခုနှစ်မှစပြီး ဆက်တိုက် ဆက်တိုက် ကျောင်းသားခေါင်းဆောင် များ၊ နိုင်ငံရေး  ခေါင်းဆောင်များ ပေါ် ပေါက်ခဲ့ပါသည်။ ခေတ်ကို ဖြတ်သန်းပြီး သူတို့ကျရာ သမိုင်းတာဝန်များကို ထမ်း ဆောင်ခဲ့ကြသည်။ ၁၉၇ဝ ခုနှစ် ကျော် ကာလက နိုင်ငံရေးခေါင်းဆောင်များ လည်း တိုက်ပွဲဝင်ခဲ့ကြ၏။ ဒီမိုကရေစီရ ရှိရေး၊ စစ်အာ ဏာရှင် စနစ်တိုက်ဖျက် ရေး အတွက် တိုက်ပွဲများ ဝင်ခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ထောင် တွင်းလှုပ်ရှားမှု သမိုင်းမှာ စစ်အာဏာ ရှင်များ လက်ထက်တွင် အဆိုး ရွားဆုံး နှင့်အကြမ်းတမ်းဆုံးဖြစ်ပါသည်။ 

ထိုနှစ် ကာလကိုကျောင်းသားများနှင့် နိုင်ငံရေး သမားများ ဖြတ်သန်းခဲ့ရ၏။ ဗိုလ်နေဝင်း ခေတ် တစ်လျှောက်လုံးတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှာ ရက်စက်စွာ ဖိနှိပ်ခံ ရသလို လက်ဝဲနိုင်ငံရေးသမားများကို လည်း အပြင်းထန်ဆုံး ဖိနှိပ်ခဲ့သည်။ သူ တို့ကို ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပန်းခဲ့ သည်မှာ မဆန်းတော့သလိုဖြစ်လာ သည်။ ထိုခေတ်တစ်လျှောက်လုံး စစ် အာဏာရှင်၏ ဖိနှိပ်မှု၊ မဆလတစ်ပါတီ အာဏာရှင် စနစ်၏ ဖိနှိပ်မှုကို အသက် သွေးပေါင်းများစွာ စတေး၍ တွန်းလှန် ခဲ့ကြပါသည်။ထိုအထဲတွင် ၁၉၆၉ ခုနှစ် ကိုကိုးကျွန်းအကျဉ်းထောင် သမိုင်း လည်း ပါဝင်လေသည်။ ထိုဖြစ်ရပ်များ ကို မြန်မာသံတော်ဆင့် ဂျာနယ်တွင် ကျွန်တော်အပတ်စဉ် ရေးသားခဲ့သည်။ 

ကိုကိုးကျွန်းအစာငတ်ခံတိုက်ပွဲများ အ ကြောင်း၊ ကိုကိုးကျွန်းတွင် နိုင်ငံရေးအ ကျဉ်းသားများ ဖိနှိပ်ခံရပုံနှင့် ရုန်းကန် လှုပ်ရှားခဲ့ရပုံ များ၊ နောက် ၅၃ ရက် အ စာငတ်ခံတိုက်ပွဲဆင်နွှဲကာ ကျွန်းစနစ် ဖျက်သိမ်းခဲ့ရသည်အထိ ရဲဘော် ၈ ယောက်အသေခံကာ တိုက်ပွဲဝင်ခဲ့သည့် အကြောင်းများ ရေးခဲ့သည်။ ကျွန်းအ ကြောင်းရေးသားသော စာရေးဆရာများ ထဲတွင် ကျွန်တော်ပထမဆုံးဖြစ်ပါသည်။ အများဆုံးရေးခဲ့ပါသည်။ ကျွန်တော်က စစ်အစိုးရ ခေတ်မှာပင် ရေးခဲ့ခြင်းဖြစ် ပြီး ရေးခွင့်ရအောင် လည်း လိမ္မာပါးနပ် စွာပင်တင်ပြခဲ့သည်။ နရသိန်မဂ္ဂဇင်း တွင် နှစ်ပေါင်းများစွာ အခန်းဆက်ရေး သားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းရေး သူများမှာ စာပေစိစစ်ရေး မရှိတော့ဘဲ လွတ်လပ်စွာ ရေးသားခွင့်ရှိသည့် ကာ လမှသာ ရေးကြခြင်းဖြစ်သည်။ ဤသို့ ရေးသည့်အတွက်လည်း သူတို့ကို လေး စားရမည်။

မှတ်တမ်းတင်ရပေမည်။ သို့ သော် ကျွန်တော့်ထက်စော၍ ရေးသည် ဟု သူတို့ကိုယ်သူတို့ ‘မောင်ဦး’ ဟု ခေါ် လာလျှင်တော့ အသိအမှတ်ပြုမည် မ ဟုတ်ပေ။ ကိုကိုးကျွန်းမှ အသက်ရှင် လျက် ပြန်လာခဲ့ပြီးသည့်နောက် ထို ခေတ်ကို ဖြတ်သန်းခဲ့သူများသည် နိုင်ငံ ရေး စိတ်ဓာတ်အားကောင်းခဲ့ကြသည်။ ပြောရလျှင် ကိုကိုးကျွန်း၌ အသက်ပေး ခဲ့သူများကြောင့် ရဲသွေးရဲမာန်တက်ကြွလာသည်ဟု ပြောရပေမည်။

သို့သော် နှစ်ပေါင်း ၄ဝ ကျော်ခဲ့ သော ကိုကိုးကျွန်းအကျဉ်းထောင်နှင့် ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲများမှာ ထောင်တွင်း လှုပ်ရှားမှုသမိုင်းတွင် ရော၊ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတွင် ပါ မှတ်တမ်းတင်ခဲ့ပြီးဖြစ်သည်။ ထိုစိတ် ဓာတ်နှင့် ထိုနိုင်ငံရေး အတွေးအခေါ် မှာ ယခုနှင့်တူချင်မှ တူပေတော့မည်။ ထိုအတိုင်း နှောင်းလူတို့ကို ကျင့်သုံးဖို့ တိုက်တွန်းလျှင် သဘာဝမကျပေ။ သို့ သော် စွန့်လွှတ်အနစ်နာခံမှုကို စံအဖြစ် သတ်မှတ်လျှင်ကားရနိုင်ပေသည်။

ကိုကိုးကျွန်း အကျဉ်းထောင်မှ လွတ်မြောက်ပြီးသည့် နောက် ကျွန် တော်တို့ ရဲဘော်များသည် တစ်သုတ်ပြီး တစ်သုတ် လက်နက် ကိုင် တော် လှန် ရေးထဲ ဆင်းကုန်ကြ သည်။ အများစုမှာ လည်း လက်နက်ကိုင်တော်လှန်ရေး တွင် ကျဆုံးကုန်ကြလေ သည်။ တောမခို နိုင်သူများသည် နိုင်ငံရေးတာဝန်ဆက် ယူသူများဖြစ် လျှင် ထောင် ထဲ ရောက် ကုန်ကြလေသည်။ ကျွန်တော်သည် ကျွန်းမှလွတ်ပြီးနောက် လေးကြိမ် ထပ် အဖမ်းခံရလေသည်။ နောက်ထပ် ကိုကိုးကျွန်း အကျဉ်းထောင်နှ စ် ကာလ များ အပြင် နိုင်ငံရေးပြစ်မှုဖြင့် ဆယ်စု နှစ်တစ်စုနီးပါးကြာအောင် အကျဉ်း ထောင်ထဲတွင် အချိန်ပေးခဲ့ရလေသည်။

ပြောရလျှင် ဒီမိုကရေစီရေး တာ ဝန်ကို ဆက်လက်ထမ်းဆောင်ခြင်း ဖြစ် ၏။ ကိုကိုးကျွန်းတုန်းက ဖြတ်သန်းခဲ့ သော အတွေ့အကြုံကို မှတ်တမ်းတင် ထားခဲ့နိုင်သော်လည်း ထိုတိုက်ပွဲနှင့် ထို စဉ်က အတွေးအခေါ်သည်သာ အမှန် ကန်ဆုံးဖြစ်သည်။ လူငယ်များ ထို အတိုင်း လိုက်နာကျင့်သုံးရမည်ဟု ကျွန် တော်တစ်ခါမှ ကြွေးကြော်ခြင်း၊ လက် မ ထောင်ခြင်း မပြုလုပ်ခဲ့ပေ။ ကျွန်တော် ဖြတ်သန်းခဲ့သော သမိုင်းတာဝန်ကိုသာ ကျေဖို့လိုပါသည်။

နိုင်ငံရေး တာဝန်များကို ထပ်မံ ထမ်းဆောင်ခြင်းမရှိ။ အတွေးအခေါ် အသစ်များကို ထပ်မံလေ့လာခြင်းမရှိ။ ဖြစ်ပေါ် တိုးတက်မှုများ၊ ပြောင်း လဲနေ သော ပြည်တွင်း၊ ပြည်ပ အခြေအနေများ ကို လေ့လာမှုမရှိဘဲ မိမိရှိသည့် ဝမ်းစာ လေးနှင့်ပင် ရောင့်ရဲနေလျှင် အဆင့်မီ သော နိုင်ငံရေးသမား ဖြစ်လာမည် မဟုတ်ပေ။ ကိုကိုးကျွန်းမှ အစာငတ်ခံ တိုက်ပွဲအပေါ် ကျောင်းသားများ၊ နိုင်ငံ ရေးသမားများက လေးစားကြသည်။ အသိ အမှတ်ပြုကြသည်။ စံနမူနာလည်း ယူကြလေသည်။ ထိုတိုက်ပွဲသည် ကို ကိုးကျွန်း အကျဉ်းထောင်စနစ်ကို ရိုက် ချိုးသော တိုက်ပွဲဖြစ်သည်။ 

လူတောထဲ တွင် ကြွားဝါရန် တိုက်ခဲ့သော တိုက်ပွဲ မဟုတ်ပေ။ ”ကိုယ့်ကိုယ်ကိုယ်ဖော် မသူ တော်”  လုပ်လို၍ တိုက်ပွဲဝင်ခဲ့ခြင်း မဟုတ်။ ယခုအထိ အကျဉ်းထောင် သမိုင်းတွင် ပြောင်းလဲသွားခြင်းမှာ”တစ်   ကျွန်းပို့ခြင်းထောင်စနစ်” ဖြစ်ပါသည်။

ကိုကိုးကျွန်းမှ ကျွန်တော်တို့ ပြန် လာပြီးနောက် မိမိတို့ယုံကြည်ချက်ကို ဆက်လုပ်ကြ၏။ လူ့အခွင့်အရေး ဒီမို ကရေစီ အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြ ပါသည်။ ဆက်မလုပ်နိုင်သူများမှာလည်း အများအပြားရှိပါသည်။ ဆက်မလုပ်၍ မည်သူ့ကိုမှ အပြစ်ဖို့စရာ၊ လက်ညှိုးထိုး စရာအကြောင်းမရှိပေ။ သူတို့ကလည်း သူတို့ဆက် မလုပ်နိုင်သည့် အကြောင်း ကို သူတို့နားလည်ပြီးဖြစ်သည်။ တချို့ ကမူ နားမလည်နိုင်၊ သဘောမပေါက်နိုင် ပဲ ယခုလို ပွင့်လင်းစပြုနေသည့် အချိန် တွင် သူတို့မလုပ်ခဲ့ သည်များကို လုပ်ခဲ့ သယောင်စွန့်လွှတ်အနစ်နာခံကာ လုပ် သွားသူများကို မလုပ်ခဲ့သယောင်ဟန် ဆောင်ကာ လက်မထောင်လာသည်ကို တချို့လှုပ်ရှားမှုများ တွင် တွေ့ ရလေ သည်။ အမှန်မှာ မလိုအပ်ပါ။ ရိုးသားဖို့ နှင့် ကိုယ့်အကြောင်း ကိုယ်သိဖို့လိုသည်။

မိမိတို့သာ စွန့်လွှတ်အနစ်နာခံသူ များဟု ‘မိမိကိုယ်မိမိ မဏ္ဍိုင်ပြု’၍ မဖြစ် နိုင်ပေ။ ထိုကဲ့သို့ မိမိဖြတ်သန်းမှုကို  မိမိ နားလည်သဘောပေါက်ပါလျက် မိမိ ကိုယ် ကို မဏ္ဍိုင်ြ ပုနေဖို့ မလိုအပ်ပေ။ ပြည်သူများကြား မိမိတို့အကြောင်း သိသူများကြား တွင် ပြောစမှတ်ဖြစ်စရာ၊ လက်ညှိုးထိုးစရာဖြစ်သွားပေလိမ့် မည်။ အရေးကြီးသည်မှာ ယနေ့ လူငယ်များ နှင့် ယနေ့ခေတ်ကို နားလည်ဖို့ အမီ လိုက်ဖို့ဖြစ်၏။ လူငယ်များအကြောင်း နားလည်သဘောပေါက်ဖို့ ကြိုးစားအား ထုတ်ကြပါကုန်။

ထက်မြက်

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis