menu

Friday 7 February 2014

ဘင်္ဂလားဒေ့ရှ်ရေတပ် စစ်ရေးလေ့ကျင့်မှု မြန်မာ့တပ်မတော် အသင့်ပြင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေတပ်က စစ်တကောင်းနှင့် စိန့်မာတင် နှစ်နေရာတွင် ပုံမှန် စစ်ရေး လေ့ကျင့်မှုတစ်ရပ် ပြုလုပ်မည် ဖြစ်သောကြောင့် မြန်မာ့ တပ်မတော်က ကြိုတင် ပြင်ဆင်သည့် အနေနှင့် တပ်ပြင် စောင့်ကြည့်နေကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့ ကြိုတင် ပြင်ဆင်ရခြင်းမှာ အဆိုပါနိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုတွင် အကြောင်းကြောင်းကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ကိစ္စရပ်များ ပေါ်ပေါက်လာလျှင် မြန်မာ့တပ်မတော် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ အနေနှင့် ပါဝင် ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပြီး မမျှော်မှန်းနိုင်သော အခြေအနေများ ဖြစ်ပေါ်လာလျှင် အသင့်ရှိစေရန်အတွက် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးထံမှ သိရှိရသည်ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ၎င်းတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အကြောင်းကို ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာသံရုံး၊ မြန်မာစစ်သံမှူးတို့ကို ကြိုတင် အသိပေးထားပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။


နိုင်ငံတကာ ဆက်ဆံရေးအရ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံနှင့် နီးစပ်သည့် နယ်စပ်ဒေသများ၊ ရေပြင်များ၊ ဝေဟင်များတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဆိုပါက သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများကို ကြိုတင်အသိပေး အကြောင်းကြားမှု ပြုလုပ်လေ့ ရှိသည့်မူအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း မြန်မာနိုင်ငံကို ကြိုတင် အသိပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အကယ်၍ ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါက သက်ဆိုင်ရာ ဒေသတွင်း နယ်နိမိတ်ချင်း၊ ရေပြင်ချင်း ထိစပ်နေသည့် နိုင်ငံများကို စစ်ရေးအရ ခြိမ်းခြောက်မှု ပြုလုပ်သည်ဟု ယူဆနိုင်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ် ရေတပ်သည် ဖေဖော်ဝါရီလ ၈ရက်နေ့ နံနက် ၈နာရီမှ ၆ နာရီအထိ မြန်မာနိုင်ငံပိုင် စိန့်မာတင်ကျွန် အနီးတစ်ဝိုက်တွင် အသစ်ဝယ်ယူထားသော စစ်ရေယာဉ်များဖြင့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ပြုလုပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis