menu

Friday 7 February 2014

လားရှိုးတွင်သေနတ်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာများနှင့်လူသေ အလောင်းတွေ့ရှိ


ရှမ်းပြည် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ်နတ်စင်အ၀င် လမ်းဆုံတွင်ဒါဏ်ရာများဖြင့် သေဆုံးနေသော အလောင်းတစ်လောင်း တွေ့ရှိကြောင်းဖေဖော်ဝါရီ(၆)ရက် နံနက် ၇ နာရီအချိန် ဆယ်အိမ်စု မှူးတစ်ဦး၏ ဖုန်းဆက်သတင်း ပေးမှုအရ သိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ်နတ်စင်အ၀င် လမ်းဆုံတွင် ယင်းနေ့နံနက် (၂) နာရီခန့်က ကားသံနှင့်ဆိုင်ကယ် သံ၊ ခွေးဟောင်သံများကြားခဲ့ရ ကြောင်း၊နံနက်(၆း၃၀)ချိန်ခန့်တွင် လမ်းသွားသူအချို့မှ သတင်းပေး ပို့မှုကြောင့် ဆယ်အိမ်စုမှူး ဦးရန် နိုင်က သွားရောက်ကြည့်ရှုရာ ပက်လက်အနေထား၊ နှာခေါင်း နှင့် ဦးခေါင်းနောက်ဖက်မှ သွေး ကွက်ဒါဏ်ရာများဖြင့် သေဆုံးနေ သော တရုတ်လူငယ်တစ်ဦးကို တွေ့ရှိရသဖြင့် နယ်မြေရဲကင်းသို့ သတင်းပို့ခဲ့သည်ဟု ဆယ်အိမ်စု မှူးက ပြောကြားခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မအားစောက် ရက(၅)၊ နမ(၂၀)၊ အိမ်အမှတ်(၁၂၂)နေသူက ပြော ကြားရာတွင် ““ကျွန်မယောက်ျား မနေ့ည (၇) နာရီခန့်က လက်ဗို (၁၁၀) အနက်ရောင်ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ ည (၁၀)နာရီလောက်ဖုန်းဆက်ကြည့် တော့ စတားလိုက် ကာရာအိုကေ ဆိုင်မှာရှိနေတယ်လို့ ဖုန်းအဆက် သွယ်ရရှိခဲ့ပြီး ဒီနေ့နံနက်(၁) နာရီ လောက် ထပ်ဖုန်းဆက်တော့ (နောက်မှပြန်ဆက်ပါ)လို့ စာတို ပြန်ပို့ခဲ့တယ်။ ဒီနေ့ နံနက် (၇) နာရီကျော်မှ တခြားလူတွေ ပြော စကားအရ လာကြည့်တာ ကျွန်မ ယောက်ျား ကိုဝင်းနိုင်(ခ)ကျုံးရင် ဟိုက်(၂၄)နှစ်၊ (ဘ) ဦးတက်စိန်း သေဆုံးနေတာကို တွေ့ရတာ””ဟု
ပြောပြခဲ့သည်။


အနီးဝန်းကျင်မှ လူတစ်ဦးက ““ဘယ်ရင်အုံတွင် တွေ့ရသော အင်္ကျီ(၃)ထပ်ပေါ်မှ အပေါက်ငယ်၊ ရင်အုံပေါ်ကသွေး ထွက်နေတဲ့ အပေါက်ငယ်နှင့် နောက်ကျောမှ အပေါက်ငယ်၊ နောက်ကျောအင်္ကျီတို့မှအပေါက် ငယ်တို့တွေဟာသေနတ်သေးသေး ရဲ့ ဒါဏ်ရာလို့ ယူဆရတာပဲ။ ဦးခေါင်းနောက်စေ့မှလည်း သွေး နည်းနည်းထွက်ပြီး ဦးခွံကြေနေ တာကိုကြည့်ရင် အရိုက်ခံရတဲ့ပုံစံ ပဲလေ””ဟု ၎င်းက သုံးသပ်ပြော သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ လားရှိုးမြို့မရဲစခန်းတွင် (ပ) ၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

ထက်အောင်ကျော်(ရှမ်း/မြောက်)
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis