menu

Wednesday 15 January 2014

ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းလေးကျွန်း၌ အဆင့်မီ အပန်းဖြေစခန်းများကို လေးနှစ်အတွင်း တည်ဆောက်မည်

Photo: ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းလေးကျွန်း၌ အဆင့်မီ အပန်းဖြေစခန်းများကို လေးနှစ်အတွင်း တည်ဆောက်မည်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းလေးကျွန်းတွင် မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ အဆင့်မီ အပန်းဖြေစခန်းများကို လေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကွမ်းသီးကျွန်း၊ အရှေ့စူဠာကျွန်း၊ လငန်းကျွန်းစုနှင့် တနင်္သာရီကျွန်းများတွင် တည်ဆောက်သွားမည့် အဆင့်မီ အပန်းဖြေစခန်းများတွင် ဟိုတယ်အဆောက်အအုံများ၊ ဘန်ဂလိုများ၊ တည်းခိုဆောင်များ၊ ရေကူးကန်၊ ဂေါက်ကွင်းများ၊ အဆင့်မြှင့် အရောင်းဆိုင်များ၊ ကစားကွင်းများ၊ ပန်းခြံများနှင့် အပျော်စီးရေယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ယခုလောလောဆယ်မှာတော့ မြိတ်အများပိုင်က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်းတွေပေါ်မှာ ရေချိုရရှိမှု၊ အဆောက်အအုံ တည်ဆောက်မှု အပိုင်းအတွက် လိုအပ်တဲ့ မြေအနေအထားတွေ၊ ကျွန်းအနေထားတွေ သွားရောက်ကွင်းဆင်း လေ့လာခဲ့ပြီးပါပြီ။ တည်ဆောက်မှု အပိုင်းကိုတော့ နိုင်ငံခြား ပညာရှင်တွေကို လုပ်ခိုင်းမှာပါ။ လေးနှစ်အတွင်း အပြီးတည်ဆောက်သွားမှာပါ” ဟု စီမံကိန်းဒါရိုက်တာ ဦးသက်စိုးက ပြောကြားသည်။

အဆိုပါစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြား ခရီးသွားတွေကတော့ အထပ်မြင့် အဆောက်အအုံကြီးတွေကို စိတ်မ၀င်စားကြပါဘူး။ သူတို့လိုချင်တာက သဘာဝအတိုင်း တည်ရှိနေသေးတဲ့ အလှအပတွေ၊ ရေအောက်သန္တာကျောက်တန်း အလှတွေ၊ ပင်လယ်ရှုခင်း အလှအပတွေနှင့် ဆလုံတိုင်းရင်းသားတွေရဲ့ နေထိုင်ပုံဓလေ့တွေကို လိုချင်ကြတာပါ။ တည်ဆောက်တဲ့အခါမှာ သဘာဝကို အခြေခံပြီး အဆင့်မီ တည်ဆောက်သွားမှာပါ။ မြိတ်၊ ကော့သောင်းဘက်ကနေလာမယ့် ခရီးသွားတွေအတွက်လည်း အကြိုအပို့ အစီစဉ်လေးတွေလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု စီမံကိန်းဒါရိုက်တာ ဦးသက်စိုးက ပြောကြားသည်။            

အဆိုပါ ကျွန်းများမှာ ရေချိုရရှိမှု၊ လှပသောရှုခင်းများနှင့် ကမ်းခြေများ တည်ရှိနေပြီး ကွင်းဆင်းလေ့လာမှုများအရ အသင့်တော်ဆုံးနေရာဖြစ်ကြောင်း သိရသည်။ 

(အပန်းဖြေစခန်း တည်ဆောက်မည့် ကျွန်းပေါ်သို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis