menu

Wednesday 15 January 2014

တပ်မတော်ကို မည်သည့်အချိန်ကမျှ မတိုက်ခိုက်ခဲ့ဘဲ တပ်မတော်၏ အပြုအမူကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


Photo: ပုဒ်မ ၁၈ ပြင်ဆင်ရန် အုပ်ချုပ်ရေးမဏ္ဍိုင်က မလိုလားသဖြင့် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၌အတည်ပြုရန် များစွာရုန်းကန်ရနိုင်ဟု သူရဦးအောင်ကိုပြောကြား 

ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးထောင်ချခဲ့သော ပုဒ်မ ၁၈ ကို ပြင်ဆင်ရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို အုပ်ချုပ်ရေးမဏ္ဍိုင်က မလိုလားသဖြင့် လွှတ်တော်၌ အတည်ပြုရန် များစွာရုန်းကန်ရနိုင်ကြောင်း အဆိုပါဥပဒေကြမ်းအား တင်သွင်းသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဇန်န၀ါရီ ၁၄ ရက်က ပြောကြားသည်။ 

“အများကြီး ရုန်းကန်လှုပ်ရှားရမယ်ထင်တယ်။ ဥပဒေကြမ်း တင်သွင်းချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်ထားတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကလည်း ပြင်ဆင်တဲ့ဥပဒေကြမ်းကို မလိုလားဘူး” ဟု ဥပဒေကြမ်း အတည်ပြုနိုင်ရေးနှင့် ပတ်သက်၍ သူရဦးအောင်ကိုက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးကို အပြည့်အ၀ ပေးထားသော်လည်း အစိုးရအနေဖြင့် အကန့်အသတ်နှင့် တစ်ဆင့်ချင်းသာ ပေးချင်သောကြောင့် ထိုသို့မလိုလား ကန့်ကွက်ရခြင်းဖြစ်သည်ဟု ယူဆနိုင်ကြောင်း သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၁၈ အား ခွင့်ပြုမိန့်တောင်းခံခြင်းအစား အသိပေး အကြောင်းကြားစာ ပေးပို့ခြင်းဟု လည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်ပိုင်းတွင် ထောင်ဒဏ်အားပယ်ဖျက်ပြီး ငွေဒဏ်သာချမှတ်ရန် ပြင်ဆင်ထားသည်ဟု သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

အကယ်၍ ပုဒ်မ ၁၈ အား ဖြေလျှော့ပေးခဲ့ပြီးလျှင်သော်လည်း တည်ဆဲဥပဒေများဖြစ်သည့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၅ (ည)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေမှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က)၊ အမိန့်မနာခံမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ နှင့် တည်ဆဲအခြားဥပဒေများနှင့် ထိန်းသိမ်းနိုင်သည့် အခြေအနေရှိကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။ 

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုအား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်)


တပ်မတော်ကို မည်သည့်အချိန်ကမျှ မတိုက်ခိုက်ခဲ့ဘဲ တပ်မတော်၏ အပြုအမူကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၄ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“အန်တီက ဘယ်တုန်းကမှ တပ်မတော်ကို မတိုက်ခိုက်ခဲ့ဘူး။ သိတဲ့အတိုင်းပဲ တပ်မတော်ကို မတိုက်ခိုက်ခဲ့လို မကျေနပ်တဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် အန်တီက တပ်မတော်ကို မတိုက်ခိုက်ဘူး။ တပ်မတော်ရဲ့ လုပ်ရပ်တချို့ကို အန်တီက မကြိုက်ဘူး။ အစကတည်းကပြောတယ်။ အန်တီ ဘယ်ပုဂ္ဂိုလ်ကိုမှ မတိုက်ခိုက်ခဲ့ဘူးနော်။ ဘယ်သူ့ကိုမှ အန်တီနာမည်နဲ့တပ်ပြီး ဘယ်သူကဘာပါဆိုပြီး မတိုက်ခိုက်ခဲ့ဘူး။ အန်တီတို့နိုင်ငံကို ဒီလိုနိုင်ငံရေးမျိုး မလုပ်စေချင်ဘူး။ ဒါပေမယ့် အပြုအမူတွေတော့ အန်တီဝေဖန်ရတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “တချို့က အန်တီတို့ ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ ရှိလာတဲ့အခါမှာ တပ်မတော်နဲ့ အန်တီတို့ကို နည်းနည်းတိုက်ပေးတဲ့သဘော ပြောတာပေါ့။ ရန်လုပ်သလိုဘာလို။ အဲဒီတော့ အန်တီကရှင်းပြတာ။ တပ်မတော်ကို ရန်လုပ်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ထားပုံက ပြည်သူနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲစေတယ်။ တပ်မတော်နဲ့ပြည်သူ အဆင်ပြေဖို့ဆိုရင် ဒီဟာပြင်ရမယ်။ မပြင်ရင် ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျှတမှုမရှိဘူး” ဟု ပြောကြားသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှသာ မျှတမှုရှိပြီး တပ်မတော်နှင့်ပြည်သူ ပိုမိုအဆင်ပြေမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ စစ်ရေးအမြင်ရှိရမည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ကာကွယ်ရေးအမြင် ရှိရမည်ဆိုသည့် သဘောမျိုးဖြစ်စေချင်ကြောင်း ၎င်းကထည့်သွင်း ပြောကြားသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis