menu

Wednesday 15 January 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဝင်အင်အား တစ်သိန်းခွဲအထိ တိုးချဲ့သွားမည်

Photo: မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဝင်အင်အား တစ်သိန်းခွဲအထိ တိုးချဲ့သွားမည် 

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို အသစ်ပြန်လည် ရေးဆွဲမှုအပိုင်း ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဇန်န၀ါရီ ၁၄ ရက်တွင် စုံစမ်းသိရသည်။

ယင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ်အရ ရဲတပ်ဖွဲ့အင်အားကို တစ်သိန်းခွဲထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဦးစီး (၅) မှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ဉာဏ်ဇော်ထံမှ သတင်းရရှိသည်။

ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ရာတွင် ကမ္ဘာလှည့် ရဲတပ်ဖွဲ့အင်အားမှာ အနည်းဆုံးဖြစ်ပြီး ရဲတပ်ရင်းအင်အား အများဆုံးဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စုစုပေါင်း ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀၀၀ ၀န်းကျင်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ အသစ်ကတော့ ရေးဆွဲပြီးသွားပြီ။ အဲဒီဖွဲ့စည်းပုံအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အားကို ၁၅၀၀၀၀ အထိ တိုးချဲ့သွားမှာပါ။ သတ်မှတ်ထားတဲ့ တပ်ဖွဲ့ဝင်အင်အား ပြည့်မီဖို့အတွက် စနစ်တကျ စီမံဆောင်ရွက်နေတယ်။ အခြားအဆင့် တပ်ဖွဲ့ဝင်တွေကို အရင်တုန်းက ပညာအရည်အချင်း ၁၀ တန်းအောင်လို့ သတ်မှတ်ထားပေမယ့် အခုရှစ်တန်းအောင်ဆိုရင် ၀င်ခွင့်ရရှိပါပြီ။ အရာရှိဆိုရင်တော့ ဘွဲ့ရပဲသတ်မှတ်ထားတယ်။ လက်ရှိမှာ အခြားအဆင့် ရဲတပ်ဖွဲ့ဝင်တွေကို တစ်နှစ်လျှင် ၅၀၀၀ ၀န်းကျင်နဲ့ အရာရှိအဆင့်ကို တစ်နှစ်လျှင် ၆၀၀ နှင့် ၁၀၀၀ ကြား မွေးထုတ်ပေးနေပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဦးစီး(၅)မှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ဉာဏ်ဇော်က ပြောကြားသည်။

ပြည်ထဲရေး ၀န်ကြီးဌာနရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လက်အောက်တွင် မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာယာတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ ရေနံမြေရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ စသည့်တပ်ဖွဲ့များကို ဖွဲ့စည်းထားသည်။ 

(ရှမ်းပြည်နယ်ရှိ တောင်လေးလုံးသင်တန်းကျောင်းတွင် ရဲတပ်သားသစ် သင်တန်းဆင်းပွဲ ပြုလုပ်နေမှုအား တွေ့ရစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis