menu

Wednesday 15 January 2014

မြန်မာ့ဆက်သွယ်ရေးကို ပြည်သူတို့ ယုံကြည်မှု အားနည်းဟု ၀န်ကြီးဝန်ခံ


အောင်သူရထွန်း|ဇန်န၀ါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်

နှစ်စဉ်အရှုံးပေါ်နေသည့် အစိုးရ၏ ဆက်သွယ်ရေးလုပ်ငန်းများအပေါ် ပြည်သူတို့၏ ယုံကြည်မှုအားနည်း နေသည်ဟု ဇန်န၀ါရီ ၁၄ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ၀န်ခံပြောဆိုလိုက်သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ နှစ်စဉ်အရှုံးပေါ်နေရုံ သာမက ပြည်သူလူထုရဲ့ ယုံကြည်မှုအထိုက် အလျောက် အားနည်းနေတဲ့အတွက် နည်းပညာနဲ့ နည်းစနစ်အကူအညီရရှိရေး ဂျပန်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေရတယ်” ဟု လာမည့်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ၀န်ကြီးဌာနက ချမှတ်ထားသည့် အမျိုးသားစီမံကိန်းများကို လွှတ်တော်သို့ ရှင်းလင်းပြောကြားရာတွင် ၄င်းက ထည့်သွင်းပြောဆိုခဲ့သည်။

လာမည့် ၂၀၁၄-၂၀၁၅ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းသိပ်သည်းဆ ၅၀ရာခိုင်နှုန်းနှင့် အင်တာ နက် သုံးစွဲနိုင်မှု ၂၀ရာခိုင်နှုန်း ကျေးလက်ဒေသအထိ တိုးတက်သုံးစွဲနိုင်ရန် ရည်မှန်းထားပြီး နိုင်ငံတော် ဘတ်ဂျက်နှင့်သာမက ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆက်လက်ဆောင်ရွက်ရန် လျာထား သည်ဟု ဦးမြတ်ဟိန်းက ပြောသည်။



ထို့ပြင် ဖုန်းခေါ်ဆိုခနှင့် အင်တာနက် သုံးစွဲခများကို လာမည့်ဘဏ္ဍာနှစ်မှစ၍ ကြိမ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်နေပြီး မည်သို့သတ်မှတ်ရမည်ကို မဆုံးဖြတ်ရသေးဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

“ အရင်က ကောက်ခံခြင်းမရှိဘူး။ အခုဆိုရင် ဆက်သွယ်ရေး ဥပဒေလည်း ပြဋ္ဌာန်းပြီးသွားပါပြီ” ဟု၎င်းက ပြောသည်။ လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃သန်း(ကျပ်သန်း၂၉၀၀ကျော်) ကိုပါ ထည့်သွင်း၍ စုစုပေါင်း ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၅၈၀၀ကျော် သုံးစွဲမည်ဟု သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။ ေ

ငွလုံးငွေရင်းအသုံးစရိတ်များကို တယ်လီဖုန်းလိုင်းတိုးချဲ့တပ်ဆင်ခြင်း၊ အင်တာနက်တပ်ဆင်ခြင်း၊ လိုင်းလို အပ်ချက်များ တိုးချဲ့ဖြည့်ဆည်းခြင်းတို့တွင် သုံးစွဲဆောင်ရွက်မည်ဟု ၀န်ကြီးက ပြောသည်။

အဆိုပါ ပမာဏသည် ဖုန်းအလုံးရေ ၁၃ သန်းကျော်၊ အိတ်ချိန်း ငါးထောင်ကျော်၊ အီးမေးလ်လိုင်း နှစ် သောင်းကျော်၊ မြို့နယ် ၃၄၄ မြို့နယ်တွင် အော်တိုတယ်လီဖုန်းစခန်း ဖွင့်လှစ်ခြင်းတို့ ပါဝင်သည်။

ဆက်သွယ်ရေးလုပ်ငန်းတွင် လက်ရှိ၌ အစိုးရအပြင် နိုင်ငံခြား ကုမ္ပဏီနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့်တယ်လီ နောတို့ကိုလည်း လုပ်ကိုင်ရန် ခွင့်ပြုထားပြီးဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis