menu

Wednesday 15 January 2014

အထက်တန်းလွှာများကြား ရွှေဖုန်း ကာဗာများ ရေပန်းစား


မန္တလေး ၊ ဇန်နဝါရီ ၁၃ ။ ။ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများ ကို ဆက်သွယ်မှုအတွက် အပြင် ခေတ်ပေါ်ဖန်စီ အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ်လည်း ကိုင် ဆောင်လာကြရာ ရွှေဖြင့်ပြုလုပ် ထားသည့် ဖုန်းကာဗာများမှာ ဈေးကွက် တွင် နေရာရ လာပြီး အထက်တန်း လူတန်းစားများ ကြားတွင် အသုံးပြုသူများပြား လာကြောင်း သိရသည်။

ရွှေဖြင့်ပြုလုပ်ထားသည့် မိုဘိုင်း ဖုန်းကာဗာများမှာ ဒီ ဇိုင်းနှင့်အလေးချိန် အမျိုးမျိုး ရှိရာ လက်ရှိတွင်အိုင်ဖုန်းနှင့် ဆမ်ဆောင်း S3 အတွက် ကာ ဗာ များကို အများဆုံးပြုလုပ် ပေးရလျက်ရှိပြီး ဝယ်ယူအသုံး ပြုသူ များပြားသောကြောင့် ဖုန်း ကာဗာများ ကို ချက်ချင်း မရနိုင်ဘဲ ရက်ချိန်း ယူကာ စောင့်ရမည်ဖြစ်ကြောင်း မြန် မာနိုင်ငံတွင် မိုဘိုင်းဖုန်းရွှေ ကာဗာများကို ပထမဦးဆုံးအ ဖြစ် တီထွင် ထုတ်လုပ်သည့် မန္တလေးမြို့ အောင်သမာဓိ ရွှေဆိုင်မှ ပိုင်ရှင်ဖြစ်သူ မဖြူဖြူ အောင်က ရန်ကုန်တိုင်းမ် နေ့ စဉ်သတင်းစာ သို့ ပြောသည်။

““ဖုန်းကာဗာပြုလုပ်တဲ့ ရွှေကို ၁၅ပဲရည် အသုံးပြုထား ပြီး အလေးချိန်အနေနဲ့ကတော့ ကာဗာတစ်ခုကို သုံးကျပ်သား ရှိပါတယ်။ ဆမ်ဆောင်း Note တို့လို မျက်နှာပြင်ကြီးတယ် ဆိုရင်တော့ ရွှေကိုအလေးချိန် လေးကျပ်သားကျော်လောက်အ ထိအသုံး ပြုရပါတယ်။ ဖုန်း ရွှေ ကာဗာတွေကို ထုတ်လုပ်ဖြစ် သွားတာကတော့ ဈေးဝယ်တစ် ဦးကနေ သူကိုင်ထားတဲ့အိုင် ဖုန်းကို ရွှေနဲ့ကာဗာပြုလုပ်ပေး ဖို့လာအပ်တာကို လက်ခံဖြစ် သွားရာကနေ ဆက်လက်ပြီး တော့တောင်းဆိုမှုတွေလဲရှိ လာတာ ကြောင့် ထုတ်လုပ်ဖြစ် သွားတာပါ။ လောလောဆယ် တော့ အောင်သမာဓိရွှေဆိုင် တွေမှာပဲ ကာဗာတွေကိုရောင်း ချပေးပြီး ပစ္စည်းတင်တာနဲ့ တင်သလောက်ကို အရောင်း သွက်နေတာကြောင့် ဝယ်ချင်တဲ့ သူတွေကို ရက်ချိန်းပေးစောင့် ခိုင်း ထား ရပါတယ်။ ကိုင်ဆောင် သူတွေထဲမှာဆိုရင် အမျိုးသား တွေလဲပါဝင်ပြီး သူတို့ကရွှေ ကို အမျိုးသမီးတွေလို လက် ဝတ်ရတနာအဖြစ် ဝတ်ဆင်မှု နည်းတာကြောင့် ဒီကာဗာကို တန်ဖိုးကြီးအသုံးအဆောင်အ ဖြစ် အသုံးပြုလာတာဖြစ်ပါ တယ်” ဟု ယင်းကရှင်းပြသည်။

မိုဘိုင်းဖုန်းရွှေကာဗာ ဒီ ဇိုင်းအနေဖြင့် ၁၅မျိုးရှိရာ မျက် နှာပြင်တွင် ကနုတ်ပန်းခက်များ ဖြင့် ပုံဖော်ထားပြီး ဝယ်ယူသူ စိတ်တိုင်းကျကုမ္ပဏီ၊ လုပ်ငန်း၊ နာမည်တံဆိပ်များကိုလည်း ပုံဖော်ပေးရာ လက်ရှိပြည်တွင်း ရွှေဈေးနှုန်းအရ အိုင်ဖုန်းရွှေ ကာဗာ တစ်ခုလျှင် ကျပ်သိန်း ၂ဝဝန်းကျင်ဈေးရှိပြီး ရွှေဖြင့် ပြုလုပ်ထားသည့် ရွှေခြုံလွှာ နှင့် လက်ကိုင်အိတ်များကို လည်း ထုတ်လုပ်ပေးလျက်ရှိ ကြောင်း အောင်သမာဓိရွှေဆိုင် မှ သိရသည်။

မန္တလေး အောင်သမာဓိရွှေဆိုင်မှ ရွှေဖြင့်ပြုလုပ်ထားသည့် ဖုန်းကာဗာအား တွေ့ရစဉ်။ ဓာတ်ပုံ -ခွန်စိုင်းအောင်
 ခွန်စိုင်းအောင်

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis