ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးက
မြန်မာ့မြေပေါ်သို့ တစ်ခေါက်အလည်ရောက်ခဲ့ပြန်ပြီဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင်းပြိုင်ပွဲဆိုသော်လည်း အိမ်နီးချင်းနိုင်ငံ အားလုံး
နီးပါး ပါဝင်ခြင်းဖြစ်ရာ ကြီးကျယ်ခမ်းနားသော အဆင့်အတန်းရှိ
အားကစားပြိုင်ပွဲပင်ဖြစ်သည်။ ထိုသို့သော ဝိသေသရှိသည့် ပြိုင်ပွဲတစ်ရပ်ကို
အိမ်ရှင်အဖြစ် လက် ခံကျင်းပနိုင်ခြင်းက နိုင်ငံတစ်နိုင်ငံ၏
ဂုဏ်သိက္ခာလည်းဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲအတွက် လိုအပ်သော အဆောက်အအုံနှင့်
ကွင်းများ၊ လမ်းများနှင့် လျှပ်စစ်မီးမှ အစ ပြင် ဆင်တိုးချဲ့ရသည်ဖြစ်ရာ
ထိုအရာများကတော့ အကျိုးအမြတ် အဖြစ်ကျန်ခဲ့မည်ဖြစ်သည်။ ယင်းကဲ့သို့
မြင်နိုင်သော အရာများသာမက ကြိုတင်မမြင်နိုင်သော စီးပွားရေး၊ လူမှုရေး၊
နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲများစွာကိုလည်း ဤပြိုင်ပွဲကြီးနှင့်အတူ
ရနိုင်မည်ဖြစ်သည်။ တကယ်တော့ ထိုမျှ မကပါ။ ယင်းပြိုင်ပွဲကြီးတစ်ခု ကျင်းပ
ခွင့်ရခြင်း၏နောက် တွင် ပြည်သူများအတွက်လည်း မည်ကဲ့သို့
အကျိုးအမြတ်ရနိုင်မည်ဆိုသည်က စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ ထို့ကြောင့်
နယ်ပယ်ကဏ္ဍအ သီးသီး မှ ပြည်သူများထံ ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးဆီမှ
မည်သည့်အရာများမျှော်မှန်းရနိုင်မည်ဟူသော အမေးစကားဖြင့် မျှော်လင့်ချက်
များအား ဖော်ပြပေးလိုက် ရပါသည်။
ဒေါ်ချောခင်ခင် (MCC Group-CEO)
ဆီးဂိမ်းလုပ်တဲ့အပေါ်မှာ သိပ်တော့ Positive
မဖြစ်ဘူး။ မဖြစ်ဘူးဆိုပေမယ့် အစ်မအမြင်ကိုပြောရရင် ဆီးဂိမ်းအနေနဲ့
အစ်မတို့နိုင်ငံကို ဘယ်လိုအကျိုးပြုမှုတွေ ရှိမလဲ ဆိုရင် ဒီလိုမျိုး
ပွဲတွေလုပ်တယ်ဆိုတာ နိုင်ငံတွေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာပေါ့။
မြန်မာပြည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်သွားတာဆိုရင် ခေတ်မီတဲ့ အဆင့်မြင့်တဲ့
အားက စားရုံကြီးတွေအဖတ်တင်သွားတာပေါ့။ ဒါကအရင်ဦးဆုံး မြင်ရတဲ့
တိုးတက်မှုပေါ့။ နောက်တစ်ခုက ဟိုတယ်နဲ့ခရီးသွားပေါ့။ ဒါတွေကို မြင်တဲ့အခါမှာ
အစ်မအမြင် က နှစ် ပိုင်းဖြစ်နေတာပေါ့။
တစ်ပိုင်းက ဘာလဲဆိုတော့ ဒီ
ဟိုတယ်အခန်းတွေက ခရီးသွားရာသီဖြစ်တဲ့အတွက် အဲဒီ အခန်းတွေက ပြည့်မှာပဲပေါ့။
ဒီတော့ အဲဒါနဲ့ပတ်သက် လို့တော့ သိပ်မမြင်ဘူးပေါ့နော်။ နောက်တစ်ခုက အခန်းတွေ
ဘလော့ခ် လုပ်တာပေါ့။ ဒီလိုလုပ်တော့ နိုင်ငံသားတွေဆိုရင်အားပေးဖို့ လာမယ်
ဆိုရင်တောင် နေပြည်တော် မှာ အခန်းမရှိဘူးလား ပေါ့။ ရန်ကုန်မှာလည်း
အခန်းတွေကျပ်တယ်။ တစ်နည်းအား ဖြင့်ပြောမယ်ဆိုရင် အမှန်တော့ Travel &
Tour ကဏ္ဍက တိုက်ရိုက်အ ကျိုးသက်ရောက်မှုရှိတာပေါ့။ တစ်ဖက်ကတော့
ဘယ်ကောင်တိုးတက်သွားသလဲ ပြန်ကြည့်တဲ့အခါမှာ Tour
ရာသီနဲ့သွားတိုက်နေတဲ့အတွက် ဆီးဂိမ်းမှာ ဘယ်လောက်
တိုးတက်သွားလဲမသိနိုင်ဘူး။
နောက်တစ်ခုက လက်လီအရောင်း ဆိုင်တွေပေါ့။
စားသောက်ဆိုင်တွေ အမှတ်တရအရောင်း ဆိုင်တွေ ဒါတွေကတော့ အရောင်းတက်မှာပေါ့။
ဒါက အစ်မ အမြင်ပါ။ ဒါပေမဲ့ပြောရမယ်ဆိုရင် အမှတ်တရပစ္စည်းအရောင်း ဆိုင်တွေက
တခြားနိုင်ငံတွေလောက် ဆီးဂိမ်း အမှာတွေ အရမ်းမတက်ဘူး။ ဒါ အစ်မအမြင်ပါ။
အဝယ်နည်းနေတယ် လို့တော့ မြင်တယ်။ ကျန်တဲ့ ရိုးရာလက်မှုပညာ ပစ္စည်းတွေက တော့
ဝယ်တာပေါ့နော်။ နောက်တစ်ခုက စားသောက်ဆိုင်တွေ ပေါ့။ ဒါတွေကလည်း
ဆီးဂိမ်းကြောင့် အများကြီး တိုးထွက်လာ တာ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက်
စားသောက်ဆိုင်တွေက အခုရှိသလောက်တော့ အပြည့်ရောင်းရမယ်လို့ မြင်တယ်။ ဒါပေမဲ့
သူတို့မှာရှိတဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ ရောင်းအားဆိုတာမျိုးတော့
မတွေ့ရသေးဘူးပေါ့။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဆီးဂိမ်းတင်ဆက်တဲ့အခါမှာတော့
ဖွင့်ပွဲ၊ ပိတ်ပွဲပြီး ရင်တော့ မြန်မာနိုင်ငံအနေနဲ့ မားကက်တင်းအနေနဲ့
လူစိတ်ဝင်စားမှုခံရမယ်။ ဒီ ၁၁ ရက်နေ့ပြီးရင် မြန်မာကို
ကမ္ဘာကပိုသိသွားမှာပေါ့။ အာဆီယံထဲ မှာ တော်ေ တာ်ေ လး ဆောင်ရွက်နိုင်တဲ့
နိုင်ငံတစ်နိုင်ငံအဖြစ်သိသွားမှာပေါ့။
ဒေါက်တာအောင်သူရ (Thura Swiss ကုမ္ပဏီ CEO )
အဓိကပြောရရင် ဒီဂိမ်းတွေကနေ
မြန်မာပြည်အတွက် အကျိုးရှိတာကတော့ မြန်မာပြည်ကအကြာကြီး ပိတ်ခံထားရ တော့
အထူးသဖြင့် ဒီအရှေ့တောင်အာရှမှာ ပိုပြီးထင် ထင်ရှားရှား ဖြစ်သွားတာပေါ့။
တချို့ကျတော့ ဒီကိုလာကြမယ်ဆို တချို့ကလည်း တီဗီကနေကြည့်နေမှာ ဆိုတော့
မြန်မာပြည် အခြေအနေကောင်း လာတယ် ဆိုတာ မြင် ရမယ်။ နောက်တစ်ခုက ဒါမျိုးကို
စီစဉ်နိုင်ပါလားဆိုပြီး တဖြည်းဖြည်း ယုံကြည်မှုရှိလာမယ်။ ၂ဝ၁၄ မှာ
အာဆီယံဥက္ကဋ္ဌနေရာလည်းယူရမယ်ဆို တော့ ဒီလိုပွဲမျိုးလည်း
စီစဉ်နိုင်ပါလားဆိုပြီး ယုံကြည်မှုတော့ ပိုလာမှာပေါ့။ဒီတိုင်းပြည်က
စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပိုပြီး မြင်သာထင်သာရှိလာစေမှာပေါ့။
ဒါပေမဲ့ ဆီးဂိမ်းတစ်ခု တည်း နဲ့တော့ မဖြစ်ဘူးပေါ့။ ရေရှည် Effectကတော့
အများကြီး မျှော်လင့်လို့မရပါဘူး။ ဒါကလည်း နိုင်ငံအတွက်
ပိုက်ဆံအကုန်အကျများတဲ့ ပွဲတစ်ခုဖြစ်တယ်ပေါ့။ ဒါပေမဲ့ မြန် မာပြည် လိုမျိုး
တိုင်းပြည်နဲ့ အခြားနိုင်ငံတွေပိုပြီး ထိတွေ့မှုတွေ ရှိလာနိုင်ပါတယ်။
နောက်တစ်ခုက အနောက်တိုင်းနိုင်ငံတွေကတော့ ဆီးဂိမ်းကို
သိပ်တော့မသိကြဘူးပေါ့။ သိပ်မသိကြဘူး ဆိုတာ သူတို့အတွက်
အရမ်းပြောင်းလဲသွားမှာ မဟုတ်လို့။ ဒါပေမဲ့ အရှေ့တိုင်းကတော့ မြန်မာပြည်ကို
တော်တော်များများက သိပြီးသားပါဆိုတော့ ပိုပြီး သိလာတာမျိုးပဲရှိမှာပါ။
အရမ်းကြီးပြောင်းလဲမှုတွေတော့ မရှိနိုင်ပါဘူး။
လင်းသိုက်ညွှန့် (မြန်မာ့မြေ) စာရေးဆရာ
သေချာတာကတော့ အဆောက်အအုံ Infrastructure
တွေပေါ့။ နေပြည်တော်က အားကစားအဆောက် အအုံတွေ သေချာတာက ဒါတွေကတော့
ပြန်သုံးရမယ်။ တစ်ခု က နေ ပြည်တော်ထက် ရန်ကုန်မှာဆိုရင် ပိုကောင်းတာပေါ့။
နေပြည် တော်မှာ အားကစားရွာဆိုရင် ကျွန်တော် သိသလောက်သူက
အား/ကာသိပ္ပံပြောင်းမှာ ဆိုတော့ အားကစားသင်တန်း ကျောင်းမျိုးတွေပေါ့။
တစ်အချက်ကတော့ ထင်သာမြင်သာ ရှိတာ အခြေခံ အဆောက်အအုံတွေပေါ့။ ကျွန်တော်တို့
သုံး လို့ရမယ်။ အားကစားနဲ့ ပတ် သက်တာရော တခြားပွဲတွေရော ပေါ့။
နောက်တစ်ချက်က ဒီလိုမျိုး အားကစားပွဲကြီးကို တာဝန် ယူပြီးကျင်းပနိုင်တယ်။
နိုင်ငံသိက္ခာမကျအောင် ကျင်းပနိုင် တယ် ဆိုရင်တော့ နိုင်ငံတကာမှာ
မျက်နှာပန်းလှမယ်။ International Image ပေါ့။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ
အားကစားကို တာဝန်ယူ ကျင်းပနိုင်တယ်ဆိုတဲ့ အနေအထား မျိုးဖြစ်မှာ ဖြစ်ပါတယ်။
စီးပွားရေး အားသာချက်အနေနဲ့ အားကစားနဲ့ပတ်သက်တဲ့ စီးပွားရေးတွေ၊
သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေ၊ ဟိုတယ်၊ ခရီးသွား လုပ်ငန်းတွေ နိုင် ငံတကာ
အဆင့်ကို ပြနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး တိုးတက်လာဖို့ရှိပါ တယ်။
နောက် Service ပေးရတဲ့ အေဂျင်စီတွေ၊
ပံ့ပိုးမှုတို့၊ Event Management တွေ၊ ဒါမျိုးတွေ နောက်ပိုင်းတိုးတက်
လာနိုင်မယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ နိုင်ငံက အာဆီယံ
ဥက္ကဋ္ဌဖြစ်သွားတဲ့အခါမှာ အစည်းအဝေးပေါင်း ၃ဝဝ နဲ့ ၅ဝဝ ကြား ကျင်းပရမှာ။
အဲဒီတော့ဟိုတယ်တွေအများကြီး ဆောက်ထားတာ။ ဒီအစည်းအဝေးတွေကို
လက်ခံကျင်းပသွားနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းလိုနိုင်ငံမျိုးက Tourism
အရမ်းကောင်းတဲ့နိုင်ငံဖြစ်ပေမယ့် ခုသူတို့က နိုင်ငံရေးမတည်ငြိမ်တော့
ခရီးသွားတွေက သူတို့ဆီ မသွားတော့တဲ့အခါမှာ သူတို့ဘယ်ကို သွားမလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရှိတာပေါ့။ ကျွန်တော်တို့ ဆီက
ဆိုက်ရောက်ဗီဇာတွေပေးမယ်။ ဆီးဂိမ်းကလည်း ကျင်းပနေ တယ်။ တခြားသော
အခြေခံအဆောက်အအုံတွေ၊ လျှပ်စစ်မီးကအစ ဒီတစ်နှစ် နှစ်နှစ်လောက်အတွင်း
တိုးတက် အောင်လုပ်မယ် ဆိုရင်တော့ နိုင်ငံခြားသားတွေ အနေနဲ့ Tourist
Attraction ရှိလာမှာပေါ့။ ထိုင်းဆီက မားကက်ရှယ်ယာကို ပြန်ယူနိုင်တဲ့
အနေအထားလေးတွေ ဖြစ်သွားနိုင်မယ်လို့ ယူဆပါတယ်။
သေချာတာကတော့ ကမ္ဘာပေါ်မှာ
အားကစားပြိုင်ပွဲတွေ လက်ခံကျင်းပတယ်ဆိုတာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်
တွေရလို့ လက်ခံကျင်းပတာပါ။ ဆီးဂိမ်းက မသိ သာပေမယ့်
အိုလံပစ်လိုပြိုင်ပွဲတွေက အင်တာနေရှင်နယ်အဆင့်တွေကို ကျင်းပတဲ့အခါမှာ
နိုင်ငံက တအားတိုးတက်သွားပါတယ်။ တရုတ်ဆိုရင် အိုလံပစ်ကို ကျင်း ပနိုင်ခဲ့
တဲ့အတွက် စီးပွားရေး ကဘယ်နှစ်ဆတက်သွားတယ်ဆိုတာ တရုတ်အစိုးရက တရား
ဝင်ပြောတာ။ ဆီဂိမ်းလိုပြိုင်ပွဲက မသိသာပေမယ့် နောက်ပိုင်း မှာ နိုင်ငံတကာ
ပွဲတွေ ကို မြန်မာအနေနဲ့ လက်ခံကျင်းပနိုင် တယ်ဆိုတာ နိုင်ငံတကာရဲ့
ယုံကြည်မှုတွေရလာမှာပါ။ ဒီ ယုံကြည်မှု အခြေခံပြီး နောက်ပိုင်း မှာ
အောင်အောင်မြင်မြင် လုပ်နိုင် မယ်ဆိုရင်တော့ နိုင်ငံအတွက် မရေတွက်နိုင်တဲ့
တွက် ချက်မရနိုင်တဲ့ အကျိုးအမြတ်တွေ ကျွန်တော်တို့ လုပ်ရင် လုပ် သလောက်
ရမှာပါ။ တစ်ခုရှိတာက စီမံခန့်ခွဲမှု အပိုင်း မှာ လုပ် ရင် လုပ်သလောက်၊
အသိဥာဏ် ရှိသလောက်၊ ပါးနပ်ရင် ပါး နပ်သလောက် နိုင်ငံနဲ့ လူမျိုးအတွက်
အကျိုးရှိမှာပါ။
ဒေါ်စပယ်အောင် (Nature Dream ခရီးသွားလုပ်ငန်း)
အရှေ့တောင်အာရှဆိုင်ရာ အဆင့်
ရှိတဲ့ပွဲတော်ကို မြန် မာပြည်မှာ ကျင်းပခွင့်ရတာဂုဏ်ယူစရာပါ။
ဒီဆီးဂိမ်းအပြီးမှာ ခရီးသွားဧည့်တွေ ပိုတိုးတက်လာ မယ်လို့တော့ မျှော်
လင့်တာ ပေါ့။ ဒါပေမဲ့ အပိုင်းနှစ်ပိုင်းပေါ်တော့ မူတည်လိမ့်မယ်။ ပထမ
တစ်ပိုင်းက ဒီဆီးဂိမ်းကိုလာတဲ့ အားကစားသမားတွေ၊ အား ကစားသမား မိသားစုတွေ၊
အစိုးရ ဧည့်သည်တွေကို ပေးတဲ့ ဝန်ဆောင်မှုပေါ် မူတည်မယ်လို့ထင်တယ်။
ကျွန်မတို့ရဲ့ ဝန် ဆောင်မှုဟာ ကျွန်မတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာလေ။
ကောင်းမွန်တဲ့ ဝန်ဆောင် မှုဖြစ်မယ်၊ ဈေးနှုန်းသင့်တင့်မယ်၊ ဧည့်သည်တွေအတွက်
တန်တယ်လို့ ယူဆရင် အနာဂတ်မှာ ဧည့်သည်တွေ ပိုများလာနိုင်မယ်။ အားကစားသမား
မိသားစု တွေရယ်၊ ပွဲကြည့်ပရိသတ်တွေကို သေချာလေး ဝန်ဆောင်မှု
ပေးနိုင်မယ်ဆိုရင် ခရီးသွားလုပ်ငန်းအတွက် အနာဂတ်မျှော်
လင့်ချက်ကောင်းတာပေါ့။ အကြောင်း အမျိုးမျိုးကို တွက်ဆရ မှာပေါ့။ အကယ်၍
ဆီးဂိမ်းမှာ လုံခြုံရေး ထိခိုက်မှုမျိုး၊ ကျန်း မာရေးထိခိုက်မှုမျိုး ဘာမှ
မဖြစ်ခဲ့ဘူးဆိုရင် မြန်မာ့ခရီးသွားလုပ် ငန်းတိုးတက်ဖို့အတွက် ဆီးဂိမ်းက
တစ်ထောင့်တစ်နေရာက အကျိုးပြုလိမ့်မယ်။ အကြောင်း မညီညွတ်ဘူးဆိုရင်တော့၊
တစ်စုံတစ်ခု ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်ဘူးဆိုရင်တော့ အမည်းစက် ဖြစ်
သွားနိုင်တာပေါ့။ အဲဒါတွေ ဘာမှမဖြစ် ဘူးဆိုရင်တော့ အလားအလာကောင်းပါတယ်။
ဦးကိုကိုလတ် (အငှားယာဉ်မောင်း-နေပြည်တော်)
ဆီးဂိမ်းမှာ တချို့အားကစားနည်းတွေ
နေပြည်တော်မှာ စနေပေမယ့်လက်ရှိကတော့ ကျွန်တော်တို့ အငှားယာဉ်မောင်းတွေရဲ့
စီးပွားရေးက ပုံမှန်အတိုင်းပါပဲ။ ဘာမှ သိပ် မထူးခြားသေးဘူး။
တခြားနိုင်ငံတွေကလာတာလည်း ပို့ဆောင်ရေးက ကားစီစဉ်ပေးတယ်။
အားကစားဝန်ကြီးဌာနကလည်း ကား စီစဉ်ပေးတယ် ဆိုတော့ ပြည် ပဧည့် သည်တွေက
ကျွန်တော်တို့ အထေင တွေကို ငှားတာ သိပ်မရှိဘူး။ ဒါပေမဲ့ ခရီးသွားလုပ်ငန်း
အဖွဲ့လေးတွေကတော့ နီးစပ်ရာ taxi တွေကို ချိတ်တာတော့ ရှိတာပေါ့။
ဆီးဂိမ်းဖွင့်ပွဲ ၁၁ ရက်နေ့ကျရင်တော့ ကျွန်တော်တို့ ပုံမှန်ထက်တော့
နည်းနည်းအလုပ်ရှုပ်လိမ့်မယ်။ အဲဒီရက်က ဖွင့်ပွဲ ကြည့်မယ့် ပြည်တွင်းဧည့်ရော၊
ပြည်ပဧည့်ရော လာကြမှာကိုး။ ၁၁ ရက်နေ့ နောက်ပိုင်းကျရင်လည်း ဘောလုံးပွဲ
တွေဘာတွေရှိတဲ့အခါကျတော့ taxi ငှားစီးတဲ့ ပြည်တွင်းဧည့် ပိုများလာမယ်လို့
မျှော်လင့်ထားတယ်။
မေဇင်ဝင်း၊ သုတလင်း
Popular Myanmar News
No comments:
Post a Comment