menu

Thursday 12 December 2013

ရွှေည၀ါဆရာတော်ရဲ့ကမာရွတ်ပွဲ "ခြိမ်းခြောက်ခံရ"

 
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် အင်္ဂါနေ့က ကျင်းပသည့် ရွှေည၀ါ ဆရာတော်၏ သြ၀ါဒခံယူပွဲကို  မြို့နယ် သံဃာ့နာယက အဖွဲ့က ခွင့်ပြုသော်လည်း၊   မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တို့က တားမြစ်သောကြောင့် နေရာပြောင်းပြီး ပြုလုပ်လိုက်ရသည်ဟု စီစဉ်သူတို့က ဧရာဝတီကို  ပြောသည်။

 

ပွဲစီစဉ်သူတို့၏အသံ

ကမာရွတ်၊ အမှတ် ၁ ရပ်ကွက်၊ အောင်ချမ်းသာဓမ္မာရုံတွင် ကျင်းပခွင့် ရုပ်သိမ်းခံရသဖြင့်  ဓမ္မာရုံရှေ့ မြေကွက်လပ်တွင် ကမန်းကတန်း စီစဉ်လိုက်ရသည်ဟု

အသင်း၏ ဒုဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောသည်။ “လက်ရှိတည်ဆဲ ဥပဒေအရ ...  အသင်းမှတ်ပုံတင်ကျမှ လုပ်ငန်းတွေ လုပ်ခွင့်ရှိမယ်ပြောတယ်။ ... အသင်းမှတ်ပုံတင်ဖို့ လက်ရှိအချိန်မှာ ကြိုးစားနေကြပါတယ် ... ဒီပွဲကိုတော့ ဖြစ်မြောက်အောင် စီစဉ်လိုက်တယ်။ တရားစွဲ လာမယ်ဆိုလည်း ရင်ဆိုင်ဖို့ အသင့်ပဲ” ဟု ဧရာဝတီသို့  ပြောသည်။

အသင်းသားတဦးဖြစ်သူ ဦးဝင်းဇော်ထိုက်ကလည်း “ဒီပွဲကို ဖြစ်အောင်ဆက်လုပ်ရင် မင်းတို့ကို တရားစွဲမယ်ဆိုပြီး ကျနော်တို့ကို လာခြိမ်းခြောက်တယ်” ဟု  ရှင်းပြသည်။
  • အာဏာပိုင်တို့ရဲ့ အသံ

ပွဲမိန့်ရုပ်သိမ်းရခြင်းမှာ  မြို့နယ် အုပ်ချုပ်ရေးမှူး၏အမိန့်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ အထက်က ညွှန်ကြားချက်နဲ့ပဲ လုပ်ရတာပါ” ဟု ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမြင့်က ဧရာဝတီကို ပြောသည်။


  • နောက်ခံအချက်အလက်
ရွှေညဝါဆရာတော်ဆိုတာ ဘယ်သူလဲ

ရွှေညဝါဆရာတော်အား လူဝတ်လဲရန် သတင်းများ ထွက်ပေါ်
http://burma.irrawaddy.org/news/2011/12/15/3670.html

ရွှေညဝါ ဆရာတော် ဖိအားပေးခံနေရ
http://burma.irrawaddy.org/news/2011/12/12/3487.html

၈၈ မျိုးဆက်များက ရွှေညဝါ ဆရာတော်ဘက်တွင် ရပ်တည်သွားမည်ဟု ဆို http://burma.irrawaddy.org/news/2012/01/19/5030.html

  • ခိုင်ပြည့်စုံ
Irrawaddy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis