menu

Sunday 10 November 2013

တစ်ဖက်သတ် ချစ်ရတာ မျိုးကို စိတ်မဝင်စားဘူး ဆိုတဲ့ ဆုပန်ထွာ


တစ်ဖက်သတ် ချစ်ရတာ မျိုးကို စိတ်မဝင်စားဘူး ဆိုတဲ့ ဆုပန်ထွာတစ်ဖက်သတ် အချစ်ခံရတာ ကောင်းပါတယ်။ အချစ်ပဲ ခံလိုက် တော့တယ်။ အဲဒါ မကောင်းဘူး လား။ မိန်းကလေး ဆိုတာတော့ အ ချစ်ခံရတာ ကောင်းတယ်။ ကိုယ်က လိုက်ချစ်ရတာ မျိုးကို ရွေးရင်တော့ ပင်ပန်းမယ်လို့ အစ်မထင်တယ်။ ကိုယ်က လိုက်ချစ်ရတာမျိုးကို အစ် မဆိုရင်တော့ရွေးမှာ မဟုတ်ဘူး။ အတ္တကြီးတာတော့ မဟုတ်ဘူး။ မိန်းကလေးဆိုတာတော့ အဲဒီလိုလေး တော့ဖြစ်သင့်တယ် ထင်တာပဲ။

တစ် ဖက်သတ်လိုက်ချစ် ရတာမျိုးတော့ စိတ်မဝင်စားဘူး။ အဲဒီတော့ အစ်မ က ယောက်ျား တစ်ယောက်ကိုလိုက် ကြိုက်ရတာမျိုးတော့မပန်တို့ မြန်မာ မိန်းကလေး တစ်ယောက်အနေနဲ့ ယဉ်ကျေးမှု အနေနဲ့လည်း ဘယ်လိုမှ မသင့်တော်ဘူး။ မိန်းကလေး ဆိုတာ သိက္ခာရှိရမယ်။ တည်တည်တံ့တံ့နေ နိုင်ရမယ်။ အခုဟာက ကိုရီးယား ကားတွေကလေ ကောင်မလေးတွေ ကလိုက်ချစ်ရတာတွေများနေတော့ ဒီကလေးတွေလည်း အဲဒီလိုမျိုးဖြစ် နေတာ။ အမှန်တကယ်တော့ မဖြစ် သင့်ဘူး။ မြန်မာမိန်းကလေးက မြန် မာမိန်းကလေးပဲ။ ကိုယ်ကအချစ်ခံ ရတာပဲတန်ဖိုး ရှိတာပေါ့။

အစ်မက လိုက်ချစ်ရတဲ့ လူမျိုးဆိုရင်တော့ တစ် သက်လုံးအပျိုကြီးဖြစ် သွားမယ်ထင် တယ်။ အစ်မကို တကယ်မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တဲ့လူရှိရင်တော့ မပန်ကြည့်မယ်။ လေ့လာမယ်။ အဓိက မပန်ကိုချစ်ဖို့အရေးကြီး တယ်။ ဂုဏ်ပကာသနတွေ ဆင်းရဲ တာတွေ ချမ်းသာတာတွေပြောတာ မဟုတ်ဘူး။ အဓိက မပန် အပေါ်မှာ တကယ်တန်ဖိုးထားပြီး ချစ်ရမယ်။ မပန်အနေနဲ့လည်း အဲဒီယောက်ျား ကို ချစ်မှသာလျှင် လက်ထပ်မှာပေါ့။ ကိုယ့်ကို ချစ်ပေမယ့်လည်း ကိုယ်က ပြန်ချစ်ဦးမှလေ။ မချစ်ရင်တော့အဲဒီ ယောက်ျားကို လက်ထပ်မှာ မဟုတ် ဘူး။ 

8 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis