menu

Saturday 2 November 2013

Facebook ပေါ်မှ ဓာတ်ပုံများကြောင့် Software ပညာရှင်တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်
အိန္ဒိယ နိုင်ငံမှ Software ပညာရှင် တစ်ဦးသည် Facebookပေါ်မှ ဓာတ်ပုံများကြောင့် မိမိကိုယ်ကိုယ် ကြေကွဲဖွယ် အဆုံးစီရင်သွားရှာကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ချန်ဒန်ကူမာသည် ဂျဟာကန်တွင် နေထိုင်သည့် Software ပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းနှင့် ဇနီးဖြစ်သူ ဆန်ဒါဟာရာတို့သည် ဘာသာမတူကြချေ။ ချန်နိုင်းတွင် နေထိုင်သော ဆန်ဒါဟာရာနှင့် လက်ထပ်ရန် ချန်ဒန်က ရည်ရွယ်ခဲ့သော်လည်း ၎င်း၏ မိသားစုက လုံးဝ သဘောမတူဘဲ တားဆီးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချန်ဒန်သည် ချန်နိုင်းရှိ ခရစ္စယာန် ဘုရားကျောင်း တစ်ခုတွင် ဆန်ဒါဟာရာ၏ အလိုအတိုင်း လက်ထပ်ခဲ့ပြီး ယင်းအစီအစဉ်ကိုမူ မိသားစု မသိအောင် လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း ဆန်ဒါဟာရာက မင်္ဂလာပွဲ ဓာတ်ပုံများကို Facebookပေါ်တွင် လွှင့်တင်လိုက်သည့်အခါ ချန်ဒန်၏ ဝမ်းကွဲညီအစ်ကို တစ်ဦးက စတင်သတိပြုမိသွားသည်။ ထိုမှတစ်ဆင့် သတို့သားဖြစ်သူ ချန်ဒန်၏ မိသားစုကို အသိပေးခဲ့သည်။ ထိုအခါ ချန်ဒန်၏ မိဘများက သားဖြစ်သူကို ချက်ချင်း ဆက်သွယ်ကာ ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့သလို ၎င်း၏ အသိမဲ့မှုကြောင့် မိမိတို့ အလွန် နာကျင်ခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ မိဘများထံမှ ခါးသီးသော စကားလုံးများကြောင့် ဝမ်းနည်းသွားသော ချန်ဒန်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်သော နည်းလမ်းကို ထွက်ပေါက်အဖြစ် ရွေးချယ်လိုက်ရှာသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့သည့် လူသေမှုနှင့် ပတ်သက်ပြီး ရဲများက Facebookပေါ်မှ ဓာတ်ပုံများသည် အဓိက အကြောင်းရင်းဟု မှတ်ချက်ချခဲ့သည်။ စနေနေ့ မင်္ဂလာပွဲ အပြီးတွင် နောက်တစ်နေ့၌ ချန်ဒန်သည် အခန်းထဲမှ ထွက်မလာတော့ချေ။ ဆန်ဒါဟာရာက အခန်းထဲ ဝင်ရောက်ရှာဖွေရာ သေတမ်းစာ တစ်စောင်ရေးခဲ့ပြီး ဆွဲကြိုးချ သတ်သေထားသည့် ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့သည်။ ချန်ဒန်က မိမိသည် ဇနီးကို အလွန်ချစ်မြတ်နိုးသော်လည်း Facebookပေါ်မှ ဓာတ်ပုံများကို ဖယ်ရှားပေးရန် ဆန်ဒါဟာရာက ငြင်းဆန်သည်ကို စိတ်ပျက်ကြောင်းနှင့် ဘဝကို ရှေ့မဆက်လိုကြောင်း ရေးသားထားသည်ဟုလည်း ရဲများက ပြောဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis