menu

Saturday 21 September 2013

ယာဉ် ကိုးစီးနှင့် ဆိုင်ကယ် တစ်စီးတို့ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့သည့် ၁၂ ဘီးကား

Photo: ယာဉ် ကိုးစီးနှင့် ဆိုင်ကယ် တစ်စီးတို့ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့သည့် ၁၂ ဘီးကား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင် စက်တင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်က ရပ်ကွက်(၈) ရေပန်း လမ်းဆုံ၌ ၁၂ ဘီးကားတစ်စီး မန္တလေးမှ မူဆယ်သို့အသွား ဘရိတ် ပေါက်၍ ကားကိုးစီးအား ဆင့်ကဲ ဆင့်ကဲတိုက်မိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက်(၈) ရေပန်းလမ်းဆုံအရောက် ပြည်ထောင်စု လမ်းမကြီးအတိုင်း ယာဉ်မောင်း သန်းမြင့်(၄၁) နှစ်သည် ယာဉ်အမှတ် ၉ခ/--- နီဆန်းဒီဇယ်(ဏန) ၁၂ ဘီး ယာဉ်အား မန္တလေးမှ မူဆယ်သို့ နှမ်း ၁၆ တန် တင်ဆောင် မောင်းနှင် လာစဉ် လေပေါင်လျော့နည်းကာ ဘရိတ်ပေါက်သွားပြီး မိခင်နှင့် ကလေးရုံးရှေ့အရောက် ရှေ့မှ သွားနေ သော ၂ဂ/--- မတ်တူးအဖြူရောင်ယာဉ်အား ဝင်တိုက်ပြီး ယာဉ်ကိုးစီးနှင့် ဆိုင်ကယ်တစ်စီးတို့အား အဆင့်ဆင့်တိုက်၍ ရပ်တန့်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၂ဂ/--- မတ်တူး ရှေ့ဘန်ဘာအဖုံး ပျက်စီး၊ နောက်ဘန်ဘာ ဘောနက်ပျက်စီး၊ ရှေ့မီးလုံးများ ပျက်စီးကာ လိုက်ထရပ် ၈ည/---ရှေ့ခေါင်းကျိုးကြေ လေကာမှန်ပျက်စီး၊ ၆င/--- တောင်းအေ့စ်မှာ ရှေ့မီးသီး နှစ်လုံးကွဲ၊ ဘန်ပါကျိုး၊ ဗင်ကား ၁က/--- မှာ နောက်မှန် ကြီးကွဲ၊ ဘယ်ခြမ်းစုတ်ပြတ်၊ ဘေးမှန် ကွဲ၊ ပရိုဘောက် ၁ခ/--- (ဆပ်ဆီး) ဘယ်ဘက်ခြမ်းစုတ်ပြတ်၊ မှန်ကွဲ၊ ကယ်လ်ဒီနာဗင် စီစီ/--- ဘယ် နောက်တံခါး၊ ရှေ့တံခါးဘေး ပိန်ချိုင့်၊ ဗင် ၁က/--- ရှေ့နောက် ဘယ်ညာ တစ်စီးလုံး တွန့်လိမ်ပျက်စီး၊ ဗင် ၁က/--- နောက်ခြမ်းစုတ်ပြတ်၊ မှန်ကွဲ၊ ရှေ့နောက်ပိန်ချိုင့်၊ အေအေ/ --- ဗင် နောက်တစ်ခြမ်းလုံး ကြေမွ ပျက်စီးခဲ့ပြီး ဆိုင်ကယ်စီးနင်းသူ ယာပါးပွန်းပဲ့၊ ဆိုင်ကယ်နောက်မှ စီးသူ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ ရ၊ လိုက်ထရပ်ပေါ်မှ ကိုဇော်မင်းနိုင် ဝဲ၊ ယာခြေသလုံးပေါက်ပြဲ၊ ဒေါ်နေနီလွင် ဝဲခြေကျင်း ဝတ် ကျိုးကြေဒဏ်ရာများ ရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ တက် ရောက်ကုသမှုခံယူစေပြီး ယာဉ်တိုက် မှုဖြစ်စေသူ ယာဉ်မောင်းသန်းမြင့် အသက်(၄၁)နှစ် စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်နေသူအား အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis