menu

Saturday 21 September 2013

ဆန်းပြားသည့် အသွင်အပြင်ဖြင့် လက်စွပ်သဖွယ်ဝတ်ဆင်နိုင်သောနာရီ

Photo: ဆန်းပြားသည့် အသွင်အပြင်ဖြင့် လက်စွပ်သဖွယ်ဝတ်ဆင်နိုင်သောနာရီ

သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော မိုဘိုင်းအီလက် ထရွန်နစ်ပစ္စည်းများကို လူငယ်၊ လူကြီးများ စတိုင်ကျကျ ဝတ်ဆင်နိုင်ရန် ဒီဇိုင်းအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ ကမ္ဘာ့နာမည်ကြီး မိုဘိုင်းအီလက်ထရွန်နစ် လုပ်ငန်းစု ပန်းသီးမှ iRing ခေါ် လက်စွပ်သဖွယ် ဝတ်ဆင်နိုင်သော အဆင့်မြင့်လက်စွပ်နာရီတစ်မျိုးကို ထုတ်လုပ်မည်ဟု သတင်း များ ထွက်ပေါ်ခဲ့ပြီး လက်တွေ့ဈေးကွက်တွင် အမှန်တကယ် ထွက်ပေါ်လာတော့မည့် အဆင့်မြင့် လက်စွပ် နာရီတစ်မျိုးကို မိုဘိုင်းမီဒီယာစာမျက်နှာများတွင် တွေ့ရှိရသည်။

အဆိုပါနာရီကို အမေရိကန်ဒေါ်လာ   ၂၀၀ ဝန်းကျင်ဖြင့် ဈေးဖြတ်ထားပြီး လာ မည့် ၂၀၁၄ ခုနှစ် ဧပြီ လ နောက်ဆုံးပတ် တွင် ဈေးကွက်အတွင်း ရောက်ရှိမည်ဟု သိရှိရသည်။ ဖက်ရှင်ဒီဇိုင်းပိုင်းအမြင်အား ဖြင့် ယင်းနာရီသည် သာမန် လူငယ်များ ဝတ်ဆင်လေ့ရှိသည့် ဒီဇိုင်းဖော်စတီး လက်စွပ်ပုံစံသာဖြစ်သော်လည်း ဖန်တီးမှုနည်းပညာပိုင်းမှာ မြင့်မားသည်။ နာရီ၏ အဓိကကျသော အချိန်ပြနံပါတ်များကို ထင်ရှားစွာမြင်တွေ့နိုင်စေရန် အပြာရောင် LED မီးလုံးများ ကိုအသုံးပြုထားပြီး ယင်းနာရီသည် ရေအောက် မီတာ ၁၀၀ အထိ ရေစိမ်ခံနိုင်စွမ်းရှိသည်။ နာရီအတွင်း ထည့်သွင်းတပ်ဆင် ထားသော ဓာတ်ခဲမှာ သုံးနှစ်အထိ အလုပ်လုပ်နိုင်ပြီး စွမ်းအင်ကုန်ဆုံး သွားပါက   ပြန်လည် စွမ်းအင်ဖြည့်တင်းပေး၍   အသုံးပြုနိုင် သည်ဟု    ဆိုသည်။

Indie GOGO ဟု အမည်ပေးထားသော အဆိုပါနာရီကို အဆင့်မြင့် နည်းပညာများအသုံးပြုထားပြီး ကိုယ်ထည် တစ်ခုလုံးအတွက် သံမဏိ အသုံးပြု ဖန်တီးထားကာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားများတွင်ပါဝင်သော နာရီများကဲ့သို့ ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်အသုံးပြု၍ ရနိုင်ခြင်း၊ နှိုးစက်ပမာ နေ့စဉ်အသုံးပြုနိုင်ခြင်း၊  ဖက်ရှင်နှင့်  ဝတ်စားဆင်ယင်မှု အထောက်အကူ ဖြစ်စေခြင်း၊  လူ့ခန္ဓာကိုယ်လှုပ်ရှားမှုပြုခြင်းဖြင့်  စွမ်းအင်ပြန်လည် ပြည့်ဝစေနိုင်ခြင်းတို့ ကြောင့် ဈေး ကွက်အတွင်း နေရာတစ်ခုကို ရရှိနိုင်သည်ဟု ဆိုထားသည်။ ၎င်းနာရီထုတ်လုပ်ဖြန့်ချိမှုမစတင်မီကပင် ကြိုတင်မှာကြားစာ အများအပြားကိုလည်း ရရှိနေပြီဖြစ်ကြောင်း Indie GOGO ၏ စာမျက်နှာ များတွင် တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ ပန်းသီးလုပ်ငန်းမှ iRing ကို မထုတ်လုပ်မီ  အဆိုပါ  လက်စွပ်နာရီကို  ပန်းသီးထက်ဆောလျင်စွာ ထုတ်လုပ်နိုင်သော ကြောင့် အဆင့်မြင့်နာရီဈေးကွက်အတွက် အသုံးပြုမည့် သူများက စောင့်မျှော်လျက်ရှိကြောင်း သိရသည်။

TIKILA

အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis