menu

Saturday 14 September 2013

ယာဉ် (၂)စီးတိုက်မိ၍ သွားရောက်စစ်ဆေးသည့် ယာဉ်ထိန်းရဲကို တိုက်ပြီးမောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းအား အရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၁၄

၁၃.၉.၂၀၁၃ရက်နေ့ ၁၈၄၀အချိန် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းပေါ် အ၀ိုင်းထိပ်မှတ်တိုင်အလွန် ယာဘက်လမ်းစပ်တွင်ရပ်ထားသောယာဉ်ေ
မာင်း(စုံစမ်းဆဲ)
မောင်းနှင်သည့် ၅က/----၊ စူပါရုဗင်အဖြူရောင် အငှားယာဉ်သည် တာမွေမီးပွိုင့်ဘက်သို့ မောင်းထွက်စဉ် ဦးကျော်ထွန်း၊ (ဘ)ဦးထွန်းမော်၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသည့် ၇ဂ/----၊ မတ်တူးအဖြူရောင်
ယာဉ်အားတိုက်မိသဖြင့် မတ်တူးယာဉ်မှာပျက်စီးခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာသို့ တာမွေ(၅)ခွဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ
ရဲတပ်ကြပ်ကြီး တင်ညွန့်သည် သွားရောက်စစ်ဆေးစဉ် ၅က/----၊
စူပါရုဗင် အဖြူရောင်အငှားယာဉ်မှာ တားဆီးနေသည့်ကြားမှ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးရာ ရဲတပ်ကြပ်ကြီး တင်ညွန့်အား တိုက်မိသဖြင့် ၀ဲလက်ဖျံ၊ တင်ပါးဖူးယောင်နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

အဆိုပါယာဉ်တိုက်မှုများမှ ၅က/----၊ စူပါရုဗင်အဖြူရောင် အငှားယာဉ်မောင်းနှင်သူ(စုံစမ်းဆဲ)အား ဗဟန်းမြို့မရဲစခန်း
ယာဉ်(ပ)၄၈/၂၀၁၃၊ ပုဒ်မ ၂၇၉/၂၀၂ဖြင့်လည်းကောင်း၊
ဗဟန်းမြို့မရဲစခန်း(ပ)၃၆၄/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၂ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
 Yangon Police Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis