menu

Saturday 14 September 2013

လူနှစ်ဦးသေဆုံးခဲ့ရသည့် ယာဉ်တိုက်မှုအား ရွှေဘိုရဲစခန်းမှ သေမှုသေခင်းဖြင့်သာ အရေးယူ

ရွှေဘို၊ စက်တင်ဘာ ၁၃ ရက်

ရွှေဘိုမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဂေါက်ကွက်ကွင်းလမ်းမကြီးပေါ်တွင် ယခုလ ၁၁
ရက်နေ့ည ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က အမည်မသိလူငယ်နှစ်ဦး
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ ရရှိဒဏ်ရာများရရှိပြီး ထိုအရပ်၌
သေဆုံးလျက်ရှိကြောင်း ဒေသခံပြည်သူ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာအရပ်သို့ အမှတ်(၄) တပ်မတော် တပ်သားသစ်
စုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး ဦးခင် မောင်လတ်၊ ဦးဇော်နောင်၊နှင့်
ဦးစိုးအောင် ဆိုသူတို့မှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်။ ထိုသူတို့၏
ပြောချက်များအရ “ ဂျိမ်းကနဲ ” အသံကြီးကြား၍ ပြင်ပသို့
ထွက်ကြည့်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ကြည့်ရှု့ခဲ့ရာတွင် ထနောင်းပင် သုံးပင်အကြား၌ TOYOBO – 125
အမျိုးအစား အနက်ရောင် ဆိုင်ကယ်တစ်စီင်္း ရောက်ရှိနေသည်ကို မြင်တွေ့ကြပြီး ၎င်း
ထနောင်းပင်များ၏ အရှေ့ဘက်နေရာတွင် နဖူးပေါက်ပြဲ၊ ၀ဲမျက်လုံးဖုယောင်၊
ခြေသလုံး ပွန်းပဲ့ဒဏ်ရာများဖြင့် လူငယ်တစ်ဦးသေဆုံးလျက်ရှိနေသည်ကို
မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။ ထို့နောက် ထနောင်းပင်များ၏ အနောက်ဘက်နေရာတွင်
ပါးစပ်၊ နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့်  လူငယ်တစ်ဦးသေဆုံးလျက်ရှိ
နေသည်ကို ထပ်မံ၍ တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများမှ ပြောသည်။


ယာဉ်တိုက်မှုဖြင့် သေဆုံးနေသူများဟု ယူဆရသူ ထိုလူငယ်နှစ်ဦးမှာ
မည်သူမည်ဝါဖြစ်သည်ကို မှတ်ချက်ပြုရန် လာ ရောက်ကြည့်ရှု့ကြသည့်
ရွှေဘိုဒေသခံများမှ ခွဲခြား၍မသိနိုင်ဟု ဆိုသည်။ ထို့ကြောင့်လည်း
အခင်းဖြစ်အရပ်သို့ ရောက်ရှိနေ သည့် ရဲအရာရှိမှ အမည်မ သိ
လူငယ်နှစ်ဦးသေဆုံးလျက်ရှိနေသည်ကို တွေ့ရှိရကြောင်းဟု မှတ်တမ်းများ၌
ရေးမှတ်ယူ ဆောင်သွားခဲ့သည်။ သေဆုံးသူ လူငယ်နှစ်ဦးမှာ
မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်၍ စုံစမ်းဖော်ထုတ်နိုင်ရန် အတွက် ယခုလ ၁၂
ရက်နေ့ မနက် ၂၅ မိနစ်အချိန်ခန့်က အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား
ရွှေဘိုမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၁ /၂၀၁၃ အရ အမှုရေး
ဖွင့်ခဲ့သည်ဟု ရဲစခန်းနှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ထိုသတင်းအား သီးခြားသတင်းအတည်ပြုချက်ရယူနိုင်ရန် ရွှေဘိုမြို့မရဲစခန်းသို့
အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍ မရသဖြင့်
ဆက်လက်ကြိုးစားလျက်ရှိသည်။

အမည်မသိလူငယ်နှစ်ဦး အသက်သေဆုံးခဲ့ရသည့် အဆိုပါ
ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ပျက်စီးဆုံးမှု
ကာလတန်ဘိုးများ တွက်ချက်ရာတွင် ပျက်စီးဆုံးရှုံးမှုတန်ဘိုးမှာ ငွေကျပ်
ငါးသောင်းခန့်ရှိသည်ဟု မှတ်တမ်းရယူထားပြီး ဆိုင်ကယ်နှင့် ပတ်သက်၍လည်း
ယာဉ်မှတ်ပုံတင်ရှိ၊ မရှိတို့ကို ဆက်လက်၍ စီစစ်လျက်ရှိကြောင်း
ရဲစခန်းနှင့် နီးစပ်သူတစ် ဦးထံမှ စုံစမ်းသိ ရှိရသည်။

ရဲထုံးစံကတော့ အမှုကြီးတက်မှာမို့ သေမှုသေခင်းခံပြီးအမှုဖွင့်တယ်ဆိုတာ
လူသတ်မှုလောက်ပဲရှိတယ်။ ဒါတောင် ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၂၆
လိုဟာမျိုးပဲခံပြီးဖွင့်ပါတယ်..။ ယာဉ်တိုက်မှုဟာ ယာဉ်တိုက်မှုပဲဖြစ်ရမှာပါ။
ဘာကြောင့် သေမှုသေခင်းဖွင့်တယ် ဆိုတာ နားမလည်နိုင်အောင်ဖြစ်ရပါတယ်ဟု
ရဲအပတ်စဉ် ၁၀ မှသင်တန်းဆင်းခဲ့သည့် ရဲမှူးကြီး (ငြိမ်း)တစ်ဦးမှ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရဲစခန်းမှ တရားစွဲဆိုရန်အတွက် ရွှေဘိုမြို့နယ်
ဥပဒေရုံသို့ ဥပဒေအကြံပြုချက်များ တောင်းခံသည့် အခါ ဥပဒေရုံးမှ မည်ကဲသို့
အကြံပြုချက်များ ပြန်ကြားမည်ကို ဒေသခံ ဥပဒေပညာရှင်မှ
အထူးစိတ်ဝင်စားလျက်ရှိကြောင်း တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးမှ
မှတ်ချက်ပြုပြောကြားသည်။

သတင်း၊ ကိုစိုးမိုးထွန်း(မုံရွာ)
by Myanmar News Now

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis