menu

Saturday 14 September 2013

ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ်


  • ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။
  • ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
  • ဇတ်လမ်းက ဒီမှာစတော့တာ
  • ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက
  • အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
  • မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ်တိုက်ဆွဲပြီး
  • အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။
  • တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။
  • ဆရာတော်က အသံမာမာနဲ့ဟိန်းဟောက်ပြောတော့မှ ဆရာတော်ဘက်ကိုလည့်လာ
  • တယ်တဲ့။မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊
  • နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံနဲ့ ဈေးမှာနေတဲ့
  • သူရဲမပါ။သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာသူတို့ခြောက်ယောက်
  • ရှိတယ်။သူတို့ကိုအုပ်ချုပ်တဲ့သူရဲကြီးက နေစရာမပေးလို့သွားစရာမရှိပါဘူး။
  • နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူးလို့ပြောတယ်တဲ့၊
  • ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။
  • ကြားရတာ တမျိုးကြီးဘဲဗျာ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ
  • မယုံချင်ပေမယ့် အခုအဖြစ်အပျက်ကြီးက ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး......။
  •  
  • From:  kyaw Swarwin Facebook
  •  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis