menu

Saturday 14 September 2013

ဂျပန်၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ် တောင်းဆို

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက် ရှိသော  ၎င်း၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆို လိုက်ကြောင်း  သိရသည်။

အာရှအိမ်နီးချင်း နိုင်ငံများသည် ဂျပန်နိုင်ငံ၏  နိုင်ငံရေးနှင့် လုံခြုံရေး တိုးမြှင့်  လုပ်ဆောင်နေမှု အပေါ် စိုးရိမ်ပူပန်လျက် ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လျှောက်လှမ်း မည်ဟု မျှော်လင့်ကြောင်း ပုံမှန်သတင်း အစည်းအဝေး တစ်ခု တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟုန်းလေက ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အတိတ်သမိုင်းကို ဥပမာယူပြီး  ဒေသ တွင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို ပြန်လည် လေးစားသင့်ကြောင်းနှင့် ဒေသ တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပိုမို၍ ထောက်ကူပေး သင့်ကြောင်း ဟုန်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်သွားပြီး ကိုယ်ပိုင် ကာကွယ်ရေး စနစ်၏ အခွင့်အရေးများနှင့် ပတ်သက် ၍   ငြင်းခုံ ဆွေးနွေးသွားရန် စက်တင်ဘာ ၁၂ ရက်တွင် ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။ ဂျပန်တို့ စစ်ရှုံးကာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဂျပန် နိုင်ငံသည် စစ်ဆင်နွှဲမှုကို စွန့်လွှတ်ရမည်ဟု ပါရှိကြောင်းသိရသည်။

http://www.myawady.net.mm/allnews/global/item/25306-2013-09-14-08-57-07

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis