menu

Friday 13 September 2013

ရုပ်ရှင်ဆန်ဆန် မျက်နှာဖုံးများစွပ်ကာ အုပ်စုလိုက် ဓားဖြင့်ခုတ်ခဲ့ သည့် မြောက်ဥက္ကလာလူသတ်မှု ၂ နှစ်ခန့်အကြာတွင် သံသယရှိသူများအား စွဲချက်တင်ပြီ


နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည့် မြောက် ဥက္ကလာအတွင်း လူတစ်ဦးအား ဓားဖြင့် အုပ်စု လိုက်ခုတ်သတ်ခဲ့သည့် မျက်နှာဖုံးစွပ် လူသတ် မှုနှင့်ပတ်သက် ၍သံသယရှိသူ ၂၃ ဦးကို ယနေ့ (စက်တင်ဘာ ၁ဝ ရက်)တွင် ခရိုင်တရားရုံး က စွဲချက်တင်ခဲ့သည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြောက် ပိုင်းခရိုင် တရားရုံး၌ လူသတ်ရန် ကြိုတင်အကြံအစည် ရှိသော တင်ကူးကြံရွယ်ချက်ဖြစ် သည့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ အမှတ် ၃ဝ၂ (၁)(ခ)/၃၄ ဖြင့် ဒုတိယတရားသူကြီး (၂)မှ စွဲချက်တင်ခဲ့ ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့ နွယ်သာကီ (၆)လမ်းတွင် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ည ၈ နာရီ ၃ဝ မိနစ်ခန့်က မြောက်ဥက္ကလာပ နွယ် သာကီ (၆)လမ်းထိပ် ရှိ 6th Star အရက်ဆိုင် အတွင်းသို့ လိုက်ထရပ်ကားပေါ်မှ ဓားရှည်ကိုင် မျက်နှာဖုံးစွပ် လူ ၆ ဦး ဆင်းကာ ဝင်ရောက် လာပြီး ဓားများဖြင့် ခုတ်ခဲ့၍ ကိုကျော်မင်း (အသက် ၃ဝ) နှစ် သေဆုံးခဲ့သည့်အမှုဖြစ်သည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိ သူများကို တရားရုံးမှ စွဲချက်တင် ထားသော် လည်း တရားရုံး၏လုပ်ထုံးလုပ်နည်းအရ သံသယ ရှိသူများ မှ ရွေးချယ်ပေး သည့် ပြန်ခေါ်သက်သေ များနှင့် ရုံးချိန်းများ ထပ်မံပြု လုပ်သွားရန် ရှိ သေးကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရ သည်။

ပြန်ခေါ်သက်သေများကို စက်တင်ဘာ ၁၇ ရက်နေ့တွင် စတင်စစ်ဆေး သွားမည်ဖြစ်ပြီး အဆိုပါ ပြန်ခေါ်သက်သေများနှင့် ပတ်သက်၍ ရုံးချိန်းများ ပြီးဆုံးပါက သံသ ယရှိသူများကို ထပ်မံစစ်ဆေးသွားရန်ရှိကြောင်း သိရသည်။

ရန်နိုင်
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis