menu

Sunday 1 September 2013

လမ်းကြုံခေါ်တင်ခဲ့သည့် အမည်မသိအမျိုးသမီး(၂)ဦးမှငွေအိတ်အားခွဲကာ ငွေကျပ်(၁၀၇)သိန်းကို ခိုးယူသွားမှု

၃၀.၈.၂၀၁၃ရက်နေ့၂၀၀၀အချိန် ဓနုဖြူမြို့နယ်ရှိ ---- ပွဲရုံကိုယ်စားလှယ် ဦးမြင့်ကြိုင်သည် ပွဲရုံပိုင်ရှင်၏ ငွေကျပ်(၇၂၉)သိန်း(၄)သောင်းပါ ပီနံအိတ်
(၂)လုံးအား ယာဉ်မောင်းရဲလတ်ဝင်း မောင်းနှင်သည့် ပွဲရုံပိုင်၂ခ/--- 4D
အမျိုးအစား(၆)ဘီးယာဉ်၏ နောက်ခန်းတွင်တင်ဆောင်၍ ၎င်းမှ ယာဉ်နောက်လိုက် များဖြစ်ကြသော ပြည့်စုံ၊ လှဝင်းတို့နှင့်အတူယာဉ်၏
ရှေ့ခန်းတွင်စီနင်းခဲ့ပြီး လှိုင်သာယာမြို့နယ်၊ သမကုန်းအ၀ိုင်းအနီးမှ ဓနုဖြူမြို့သို့ ထွက်ခွာလာခဲ့ကြကြောင်း၊ ထိုသို့ ယာဉ်အားမောင်းနှင်
လာစဉ် ၂၀:၄၅ အချိန်ခန့်၌ ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာကွေ့ အရောက် တွင်အမည်မသိ အမျိုးသမီး(၂)ဦးမှလမ်းကြုံလိုက်လိုသဖြင့်
ယာဉ်၏ ရှေ့ခန်းတွင်(၁) ယောက်၊ ငွေထုပ်ရှိရာယာဉ်နောက်ခန်းတွင်
(၁)ယောက် ခေါ်တင်ကာဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး(၂)ဦးမှာ ထန်းတပင်မြို့နယ်၊ ပန်တိုင်ကျေးရွာအလွန်တွင် ဆင်းသွားခဲ့ကြကြောင်း၊ ၎င်းအမျိုးသမီး(၂)ဦး ဆင်းသွားပြီးနောက်
ငွေအိတ်အားကြည့်ရာ အိတ်မှာ(၂)ချက်ကွဲနေပြီး အတွင်းမှ
ငွေကျပ်(၁၀၇)သိန်းမှာ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် အမျိုးသမီး(၂)ဦးအားစုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍
၁.၉.၂၀၁၃ ရက်နေ့တွင် တက်သစ်နယ်မြေရဲစခန်း(ပ) ၈၅/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis