menu

Sunday 1 September 2013

အင်းဆက်ပိုး တစ်မျိုးကြောင့် မျက်နှာပြင် အစိတ်အပိုင်းအချို့ ဖယ်ရှားခံခဲ့ရသူ အမျိုးသမီး မျက်နှာအတု တပ်ဆင် အသုံးပြု

Sunday, 01 September 2013 

စကော့တလန်နိုင်ငံမှ လူမှုဝန်ထမ်း အမျိုးသမီးတစ်ဦးသည် အသားစား အင်းဆက်တစ်မျိုး ကူးစက်တိုက်ခိုက် ခံရမှုကြောင့် သူမ၏မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ယခုအချိန်တွင် ခွဲစိတ် ဆရာဝန်များ ပြုလုပ်ဖန်တီး ထားသည့် မျက်နှာတုကို တပ်ဆင်ထားနိုင်ပြီဟု သိရသည်။
အသက် ၅၄ နှစ်ရှိပြီ ဖြစ်သော လော့ဂျက်သည် ဇာထိုးပန်းထိုး အတတ်ပညာဖြင့် လူမှုရေးအသင်းများ အတွက် ရန်ပုံငွေရရှိစေရန် ကူညီပေးသူ တစ်ဦးဟု သိရသည်။ သူမသည် ၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ရေချိုးခန်း၌ ချော်လဲ ကျရာမှ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ကာ ယင်းဒဏ်ရာတွင် အသားစား အင်းဆက်တစ်မျိုး ကူးစက်ခဲ့ရာမှ နောက်ပိုင်း တွင် သူမ၏ မျက်နှာအစိတ်အပိုင်း အများစုကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

သူမ၏မျက်နှာ အစိတ်အပိုင်းများကို မဖယ်ရှားပါက အသားစား အင်းဆက်ပိုးသည် သူမ၏ကိုယ်တွင်း အင်္ဂါများ အထိ ပျံ့နှံ့သွားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိသည်ဟု ဆရာဝန်များက ပြောကြားခဲ့ရာမှ အင်းဆက်ပိုးကူးစက် ခံထားရသည့် မျက်နှာပြင် အစိတ်အပိုင်းများကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ လော့ဂျက်သည် သူမ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် မျက်နှာကို နေရာပြန်လည် ဖွဲ့စည်းနိုင်ရန် ငါးနှစ်ကြာခန့် ခွဲစိတ်ကုသမှုများ ခံယူခဲ့ ရပြီး ယခုချိန်တွင် ဆရာဝန်များက သူမအတွက် အထူးပြုလုပ်ထားသည့် မျက်နှာအတု တစ်ခုကို တပ်ဆင်ထား လျက်ရှိသည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis