menu

Thursday 15 August 2013

အာရှရဲ့ ပထမဆုံး Mrs Universe ဖြစ်လာတဲ့ မလေးရှားအလှမယ်ကာရိုလီ

Photo: အာရှရဲ့ ပထမဆုံး Mrs Universe ဖြစ်လာတဲ့ မလေးရှားအလှမယ်ကာရိုလီ

အောင်သုတ

ကာရေဘီယံဒေသ၊ အာရူဘာရှိ Palm အပန်းဖြေစခန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် Mrs Universe နိုင်ငံတကာ ပြိုင်ပွဲမှာ မလေးရှားအလှမယ် ကာရိုလီက Mrs Universe ဆုကိုဆွတ်ခူးရရှိသွားခဲ့ ကြောင်းသိရပါတယ်။ Mrs Universe ပြိုင်ပွဲ ဟာ ၂၀၀၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးတွေသာ ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ လီဟာအွန်လိုင်းက ထောက်ခံမဲပေါင်း ၈၈,၆၄၉ မဲ ရရှိခဲ့ကာ အမေရိကန်အလှ မယ်အာမန်ဒါဂရေ့စ်ကို ကျော်ဖြတ်ပြီး Mrs Universe သရဖူဆုကို အာရှဒေသက ပထမဆုံးအဖြစ်ရရှိခဲ့ခြင်း လည်းဖြစ်ပါတယ်။ ကလေးဖွံ့ဖြိုးတိုးတက်ရေး နဲ့သင်ယူရေးစင်တာတစ်ခုမှာ ငယ်ရွယ်သူတွေအတွက် လုပ်လုပ်တဲ့ လီဟာဒီပြိုင်ပွဲ မတိုင်မီ ၁၀ လကြာအထိ ကာယဘက်မှာရော ဉဏဘက်မှာပါ လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မိသားစုအတွင်း အမျိုးသမီးများအဖိနှိပ်ခံ ဘ၀ရပ် တန့်ရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လီဟာမလေးရှားပြည်တွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ တက်တက်ကြွကြွဆောင်ရွက်ခဲ့တာဟာလည်း ဒီဆုကိုရရှိဖို့ အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။

လီဟာ ဒီနှစ် Mrs Universe ပြိုင်ပွဲမှာ ၂၀၀၉ ခုနှစ်က တစ်နှစ်တာအကောင်းဆုံး ဒီဇိုင်နာဆုရရှိထားတဲ့ မလေးရှားဒီဇိုင်နာ ကာဗင်အော့ရဲ့ ၀တ်စုံတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
အောင်သုတ

ကာရေဘီယံဒေသ၊ အာရူဘာရှိ Palm အပန်းဖြေစခန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် Mrs Universe နိုင်ငံတကာ ပြိုင်ပွဲမှာ မလေးရှားအလှမယ် ကာရိုလီက Mrs Universe ဆုကိုဆွတ်ခူးရရှိသွားခဲ့ ကြောင်းသိရပါတယ်။ Mrs Universe ပြိုင်ပွဲ ဟာ ၂၀၀၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးတွေသာ ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ လီဟာအွန်လိုင်းက ထောက်ခံမဲပေါင်း ၈၈,၆၄၉ မဲ ရရှိခဲ့ကာ အမေရိကန်အလှ မယ်အာမန်ဒါဂရေ့စ်ကို ကျော်ဖြတ်ပြီး Mrs Universe သရဖူဆုကို အာရှဒေသက ပထမဆုံးအဖြစ်ရရှိခဲ့ခြင်း လည်းဖြစ်ပါတယ်။ ကလေးဖွံ့ဖြိုးတိုးတက်ရေး နဲ့သင်ယူရေးစင်တာတစ်ခုမှာ ငယ်ရွယ်သူတွေအတွက် လုပ်လုပ်တဲ့ လီဟာဒီပြိုင်ပွဲ မတိုင်မီ ၁၀ လကြာအထိ ကာယဘက်မှာရော ဉဏဘက်မှာပါ လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မိသားစုအတွင်း အမျိုးသမီးများအဖိနှိပ်ခံ ဘ၀ရပ် တန့်ရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လီဟာမလေးရှားပြည်တွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ တက်တက်ကြွကြွဆောင်ရွက်ခဲ့တာဟာလည်း ဒီဆုကိုရရှိဖို့ အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။

လီဟာ ဒီနှစ် Mrs Universe ပြိုင်ပွဲမှာ ၂၀၀၉ ခုနှစ်က တစ်နှစ်တာအကောင်းဆုံး ဒီဇိုင်နာဆုရရှိထားတဲ့ မလေးရှားဒီဇိုင်နာ ကာဗင်အော့ရဲ့ ၀တ်စုံတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

  Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis