အဆိုပါ အင်တာနက် ရန်သူစာရင်းတွင် ထိပ်ဆုံးမှ ရှိနေသူမှာ ဘာရိန်းနှင့် ဘီလာရုစ်တို့ဖြစ်ပြီး မြန်မာနိုင်ငံက တတိယနေရာမှ လိုက်နေခြင်း ဖြစ်သည်။
"၀က်ဘ်ဆိုက်တွေ ပိတ်တာမျိုး မရှိတော့တာမျိုးတော့ ကြာပြီ။ နောက်ပြီး အင်တာနက် ဆားဗစ်တွေ သုံးလို့ရနိုင်ဖို့အတွက် လိုအပ်တဲ့ port တွေကို ပိတ်ဆို့ထားတာမျိုးတွေ မရှိတော့တာလည်း ကြာပြီ။ ကျွန်တော်တို့က ဆင်ဆာကဏ္ဍကနေ ကြည့်မယ်ဆိုရင်တော့ ဒါမျိုးတွေ မရှိတော့တဲ့ အတွက်ကြောင့် လွတ်လပ်ခွင့်ရပြီလို့ ပြောနိုင်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက်သာသာနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက် ရှိနေပါတယ်။ လူတိုင်းအင်တာနက်ကို ဈေးသက်သက်သာသာနဲ့ မရနိုင်သေးဘူး။ နောက်တစ်ခုက အင်တာနက်က တော်တော်နှေးနေသေးတယ်။
အင်တာနက် ဆက်သွယ်မှု နှေးတာရယ် တပ်ဆင်ခ ဈေးကြီးနေသေးတာရယ်၊ တပ်ဆင်ဖို့ ခက်တာရယ်၊ ဒီကိစ္စတွေ မရတဲ့ အတွက်ကြောင့် အင်တာနက် လွတ်လပ်ခွင့် မရသေးပါဘူးလို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်" ဟု Fairway Web မှ Project Manager ကိုအိမောင်က ပြောကြားသည်။
အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက်သာသာနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက် ရှိနေပါတယ် . . . . . |
အင်တာနက် ရန်သူစာရင်းဝင် မဟုတ်သေးသော်လည်း အင်တာနက်မှ သတင်းအချက်အလက်များ စောင့်ကြည့်ခံရသည့် နိုင်ငံများတွင် သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ တူနီးရှား၊ တူရကီနှင့် အမေရိကန်တို့ ပါဝင်နေသည်။
အဆိုပါ သတ်မှတ်ချက်များကို အင်တာနက်တွင် အကြောင်းအရာများကို ကြည့်ရှုခွင့် ပိတ်ထားခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ သတင်းစာ ဆရာများနှင့် ဘလော့ဂါများကို နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်း စသည်တို့ကို ပြုလုပ်ခြင်းများအပေါ် ကြည့်ရှုကာ သတ်မှတ်ခြင်း ဖြစ်သည်။
ပြည်တွင်း၌ အင်တာနက် လွတ်လပ်ခွင့်အား နှစ်အတန်ကြာ ပိတ်ဆို့ထားရာမှ ၂၀၁၁ ခုနှစ်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် များမှလွဲ၍ ၀က်ဘ်ဆိုက်တော်တော် များများအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment