menu

Thursday 15 August 2013

မော်ဒယ်လ်မြင့်ကားဒက်ရှ်ဘုတ်မှ ခလုတ်များ ယာဉ်မောင်းအများစုကို စိတ်ရှုပ်ထွေးစေ

Photo: မော်ဒယ်လ်မြင့်ကားဒက်ရှ်ဘုတ်မှ ခလုတ်များ ယာဉ်မောင်းအများစုကို စိတ်ရှုပ်ထွေးစေ
Thursday, August 15, 2013

နောက်ဆုံးရ စစ်တမ်းတစ်ခုအရ ၉၈ ရာခိုင်နှုန်းသော ယာဉ်မောင်းများသည်
အင်မတန် ရှုပ်ထွေး ပြီး ခလုတ်ပေါများသည့် ကားဒက်ရှ် ဘုတ်ခုံကို မည်သို့ အသုံးပြုရမည်ကို မသိရှိကြကြောင်း တွေ့ရသည်။

လူကြိုက်များသော ကားသစ် ၁၅ မျိုးမှခွဲထွက်လာသော ကားမော် ဒယ်လ်များတွင်ပင် ပုံစံကွဲလွဲသည့် ဒက်ရှ်ဘုတ်အခင်းအကျင်း ၉၉ မျိုးရှိ နေပြီး ကားသစ် ၁၅ မျိုးအနက် ၁၂ မျိုးသည်သာ ဒက်ရှ်ဘုတ်ခလုတ်များ ထားသိုရာပုံစံကို မပြောင်းလဲဘဲ ရှိနေ ခဲ့သည်။ ကျန်ဒက်ရှ်ဘုတ်များမှာ မော် ဒယ်လ်သစ်တစ်မျိုး ထွက်လာတိုင်း ပုံစံသစ်တစ်ခု ဖြစ်သွားသည်။

ယာဉ်မောင်းနှင်မှု သတိပေး ချက်၊ သတင်းအချက်အလက်ဆိုင်ရာ ခလုတ်ပေါင်း ၂၁ ခုပါဝင်သော ဗော် လ်ဗို S40 ထက် မာစီးဒီးစ် E Class ဆီဒင်များက နှစ်ဆပိုများသည်။ ဗြိတိန်နှင့် ဥရောပနိုင်ငံများ ပါဝင်ဖွဲ့ စည်းထားသော ဘရစ်တနီယာ Rescue က ယာဉ်မောင်း ၂ç၀၀၀ ကျော်ကို စစ် တမ်းကောက်ယူခဲ့ရာ တာယာလေဖိ အားသတိပေးစနစ်၊ အင်ဂျင်မီးခိုး၊ နှင်း ခွဲမီးခလုတ်များမှာ ယာဉ်မောင်းများ ကို စိတ်ရှုပ်ထွေးမှုအပေးဆုံး ဖြစ်သည်။

ယာဉ်မောင်း ၇၁ ရာခိုင်နှုန်းက ဒက်ရှ်ဘုတ်ပေါ်မှ အမှတ်အသား ၁၆ မျိုးခန့်ကို မည်သို့အသုံးပြုရမည်မှန်း နားမလည်ကြောင်း ဖြေဆိုခဲ့သည်။ အ သက်ကယ်လေအိတ် မည်သည့်နေရာ က ပွင့်ထွက်လာမည်ကို မသိရှိသော ယာဉ်မောင်းက သုံးပုံတစ်ပုံခန့်ရှိ သည်။ ထိုထက်ပို၍ ဆိုးသောအခြေအ နေမှာ သတိပေး အချက်ပြမီးများမှာ ကားမော်ဒယ်လ် တစ်မျိုးစီအလိုက် သီးခြားရှိနေသဖြင့် မည်သို့မျှမမှတ်မိ နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အေးချမ်းမွန် Credit To > Auto World Journal << Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia

Auto World Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis