menu

Friday 25 January 2013

၂ နှစ်ကြာ ရပ်နားထားသော ကိုကိုးကျွန်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်

Photo: ၂ နှစ်ကြာ ရပ်နားထားသော ကိုကိုးကျွန်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မှကိုကိုးကျွန်းသို့ ရေကြောင်းခရီးစဉ်ပြန်လည်ပြေးဆွဲရေးနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အထူးကိစ္စရပ်များအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သက်ဆိုင် ရာဌာနလုပ်ငန်းတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

 ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒု တိယဝန်ကြီးက ”ပို့ဆောင်ရေးဝန် ကြီးဌာနက ရေကြောင်းသယ်ယူပို့ ဆောင်ရေးနှင့်ပတ်သက်ပြီး ယခင် က ပြည်တွင်းရေကြောင်းပို့ဆောင်   ရေးဌာနမှ ဌာနခွဲခြောက်ခုဖြင့် တိုင်းဒေသကြီးပြည်နယ်အလိုက် အခြေပြုပြီး မြန်မာနိုင်ငံ၏ အဓိက မြစ်ကြောင်းများ၌ မြစ်တွင်းသွားရေ ယာဉ်များဖြင့်လည်းကောင်း  ၊ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ပင် လယ်ပြင်သွား ကုန်တင်သင်္ဘော များနှင့် ကမ်းရိုးတန်းသွား လူစီး ကုန်တင်သင်္ဘောများဖြင့်လည်း ကောင်း သယ်ယူပို့ဆောင်ေ ရး ပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့ ကြယ်ငါး ပွင့်သင်္ဘောအနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နှင့်ကော့သောင်းကဲ့သို့ ကမ်း ရိုးတန်းခရီးစဉ်များကို ယခင် က ပြေးဆွဲခဲ့သည့်နည်းတူ ပွင့်လင်း ရာသီများ၌လည်း ရန်ကုန် ကိုကိုး ကျွန်းခရီးစဉ်ကိုတစ်လတစ်ခေါက် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ပို့ဆောင်ရေးဝန်ကြီးဌာန လက် အောက်ရှိ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ပိုင်ဆိုင်မှုများအား  ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ ၂ဝ၁ဝ ဧပြီလ ၁ ရက်နေ့တွင် လွှြဲေ ပာင်းပေးအပ် ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေနှင့် မြစ်တွင်းသွား ရေယာဉ်များသာရှိပြီး ကမ်းရိုးတန်းသွား သင်္ဘောများ လက်ရှိတွင်မရှိ၍ ပို့ဆောင်ရေး ဝန်ကြီးဌာနအနေနှင့် ကိုကိုးကျွန်း ရန်ကုန်ခရီးစဉ်ကို မြန်မာ့စီးပွားရေး ဦးပိုင်အောက်မှ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းနှင့် ညှိနှိုင်းစီ စဉ်ပေးသွားမည်ဖြစ် ပြီး အထူးကိစ္စ ရပ်များအတွက် ရေကြောင်းနှင့် ပို့ဆောင် ဆောင်ရွက်ရန်လိုအပ်ပါ က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်းစီစဉ်ပေးနိုင်ကြောင်း ပြည်သူ့လွှတ်ေ တ်ာဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင်ပြောကြားခဲ့သည်။ ”ကိုကိုးကျွန်းဟာ ရန်ကုန်မြို့ ရဲ့ အနောက်တောင်မိုင် ၂၇ဝ ခန့်အကွာ ပင်လယ်ပြင်မှာ ထီးထီး ကြီးတည်ရှိပါတယ်။ အလျား ၇ မိုင် အနံ ၁ ဒသမ ၂ မိုင်ရှိပါတယ်။ စတုရန်းမိုင် ၈ ဒသမ ၄ မိုင်ရှိ ပါတယ်။ ကျွန်းပေါ်မှာ အုန်းပင်များ ရှိပြီးကျွန်းအနောက်ဘက်တောင် ကုန်းများမှာလည်း သစ်ေ တာ များဖြင့် ဖုံးလွှမ်းလျက်ရှိပါတယ်။ ကျွန်း၏ ပတ်ဝန်းကျင်မှာ ကျွန်း ငယ်ပေါင်း ခုနစ်ခု ရှိပါတယ်။ အဲဒီ ကျွန်းငယ် ခုနစ်ခုအနက် ကိုကိုး လေးကျွန်းတောင်ဘက် မိုင်နှစ် ဆယ်ခန့်အကွာမှာ အိန္ဒိယနိုင်ငံပိုင် ကပ္ပလီကျွန်းရှိပါတယ်။ ဒါကြောင့် ကိုကိုးကျွန်းဟာ ပင်လယ်ပြင်မှာ ထီးထီးကြီးတည်ရှိနေပြီး ပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ စသည့် ကဏ္ဍများအား ပြည်မကိုသာ အားကိုး နေရပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဖေက လွှတ်တော်သို့ တင်ပြ သည်။ကိုကိုးကျွန်းတွင်မြို့နယ် အ ဆင့် ဌာန ၁၆ ခုရှိပြီး ဌာနေ ဝန်ထမ်းမိသားစုများ အပါအဝင် ကျွန်းပေါ်တွင် လူဦးရေ တစ် ထောင်ခန့်ရှိရာ ၄င်းတို့သည်ခေတ် အဆက်ဆက် ပင်လယ်ပြင်ကို အားပြု၍ ပို့ဆောင်ဆက်သွယ်ရေး လုပ်ခဲ့ကြရကြောင်း၊ ကိုကိုးကျွန်း ပေါ်တွင် ပေခြောက်ထောင်ရှိသည့် လေယာဉ်ပျံ ကွင်းတစ်ကွင်းရှိသော် လည်း ကျွန်းသူကျွန်းသားများ သည် ရေကြောင်းကိုသာ အဓိက အားကိုးနေရပြီး ၁၉၅၄ ခုနှစ်မှ ၁၉၉ဝ ခုနှစ်အတွင်း ပြည်မမှလာ သော ဌာနဆိုင်ရာ ပင်လယ်ကူး သင်္ဘော များဖြင့်သာ သွားလာခဲ့ရ ကြောင်း၊ ၁၉၉ဝ နိုဝင်ဘာလမှ ၂ဝ၁ဝ အောက်တိုဘာလအထိ ပို့ ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ကမ်း ရိုးတန်း သင်္ဘောများဖြင့် တစ် လတစ်ကြိမ် (မိုးကာလမှအပ) ပြေး ဆွဲပေးသည့်အတွက် ကျွန်းနေပြည် သူများ သွားလာရေးအဆင်ပြေခဲ့သော်လည်း ၂ဝ၁ဝ အောက်တိုဘာ လနောက်ပိုင်းမှစ၍ ကြယ်ငါးပွင့် သင်္ဘောပြေးဆွဲခြင်းမရှိတော့သဖြင့် တပ်မတော်ရေယာဉ်များကိုသာ လိုက်ပါ စီးနင်းသွားလာနေရကြောင်း ဦးအေးဖေ၏ တင်ပြချက်များ မှ တစ်ဆင့် သိရသည်။

စွမ်းရဲထွဋ်၊ စိုင်းနောင်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

  Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis