menu

Friday 25 January 2013

ဘိုးဘိုးအောင်``၀´´လုံးကဲ့သို့မဖြစ်ဖို့လိုအပ်နေတဲ့ ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်း

Photo: ဘိုးဘိုးအောင်``၀´´လုံးကဲ့သို့မဖြစ်ဖို့လိုအပ်နေတဲ့ ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်း

ပဲခူးမြို့၊ မဇင်း(၁)လမ်းရှိ အ၀ိုင်းပတ်မှာ ရွှေသာလျောင်း လမ်းမနှင့် ရန်ကုန်-မန်္တလေးလမ်း မကြီးသို့ ဆက်သွယ်ထားတဲ့ အ၀ိုင်းပတ်ဖြစ်ပြီး မကြာခဏ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာဖြစ် နေသလို ယာဉ်ကြောကွေ့တဲ့ အခါ စည်းကမ်းမဲ့စွာ ကြုံသလို ကွေ့ဝိုက်ထွက်နေတဲ့ အ၀ိုင်းပတ် ဖြစ်နေတာ တွေ့နေရပါတယ်။ အဲဒီ အ၀ိုင်းပတ်အကွေ့ဟာ အလွန်ကျဉ်းမြောင်းစွာ ကွေ့ရတဲ့ နေရာဖြစ်သလို၊ ဆိုင်ကယ်၊ ကယ် ရီများကလည်း ဂိတ်အဖြစ် သူ ထက်ငါ ခရီးသည်လုပြီးခေါ်ကြ၊ ပျံကျဈေးဆိုင်များကလည်း မြို့၏ ပြယုဂ်ဖြစ်နေတဲ့ ပန်းခြံကို ပိတ် ဆို့ပြီး ဈေးရောင်းနေကြတော့ အလွန်ရှုပ်ထွေးလှပြီး၊ အမှတ်(၅) အ.လ.က ကျောင်းလည်း တည်ရှိတော့ ကျောင်းတက်ချိန်၊ ကျောင်း လွှတ်ချိန်ဆို ပိုမိုပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ရှုပ်ထွေး အန္တရာယ်ရှိလှတဲ့ အ၀ိုင်းပတ်တစ် ခုဖြစ်နေပါတယ်။ ရွှေသာလျောင်း လမ်းမကနေ မောင်းလာတဲ့ ဆိုင် ကယ်၊ ကားများမှာ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တက်မယ် ဆိုရင် ဘူတာခုံးတံတားဖြစ်တဲ့ အတွက် အရှိန်နဲ့ အတင်းလု တက်ကြတော့ မကြာခဏ အန္တရာယ်နဲ့ ကြုံနေရတဲ့နေရာ တစ်ခုအဖြစ်ရှိနေပါတယ်။ စာ ရေးသူရဲ့ အတွေ့အကြုံလေးတစ် ခုပြောပြရမယ်ဆိုရင် မြို့တွင်း ဘူတာခုံးတံတားပေါ်မှ စာရေး သူဆိုင်ကယ်မောင်းဆင်းလာခဲ့ပါ တယ်။ အဲဒီမဇင်း(၁)လမ်း ရွှေ သာလျောင်းလမ်းဆုံအ၀ိုင်းပတ် ကိုရောက်တော့ TE ယာဉ်က အ၀ိုင်းပတ်ကို ရုတ်တရက်၊ လမ်း ပြောင်းပြန်ပတ်ကွေ့လိုက်တော့ ဆိုင်ကယ်မောင်းလာတဲ့ စာရေး သူဖြုန်းဆို ဘရိတ်ဖမ်း အရှိန် သတ်လိုက်ရတာပေါ့။ ယာဉ်မောင်း နဲ့စကားအခြေအတင်ပြောမိတော့၊ ယာဉ်မောင်းက ဘာပြောသလဲ ဆိုတော့၊ ခင်ဗျားဘာဖြစ်သွားလို့ လဲ၊ ဖြစ်မှပြောတဲ့၊ ကျုပ်တစ် ယောက်တည်း ဒီလိုကွေ့တာ မဟုတ်ဘူး၊ အများဒီလိုပဲ ကွေ့နေတာ၊ စည်းကမ်းစကား လာမပြောနဲ့လို့ ယာဉ်မောင်း စကားကြောင့် ကျွန်တော်တို့ ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်းဟာ အလွန်ကို စည်းကမ်းမဲ့ နေပါသလားဆိုတာ တွေးမိလို့ စာရေးသူကပဲ အလျှော့ပေးလိုက် ရတာပေါ့၊ ဒါကြောင့် ပဲခူးမြို့ရဲ့ ယာဉ်စည်းကမ်းဟာ အလွန်ကို ဆိုးဝါးစွာမဲ့နေတဲ့အတွက် တိုင်း ဒေသကြီးအစိုးရရုံးတည်ရှိရာ မြို့ တစ်မြို့အနေနှင့် ယာဉ်စည်းကမ်း အထူးရှိဖို့ လိုအပ်နေပြီး စာရေးသူ များ ဘယ်လောက်ပဲရေးရေး ပဲခူး မြို့၏ ယာဉ်စည်းကမ်းမှာ ဘိုးဘိုး အောင် “၀”လုံးကဲ့သို့ မဖြစ်ဖို့ လိုအပ်နေပါကြောင်း ရေးသား လိုက်ရပေသည်။

မျိုးကြီး(HGU)

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis