ဇန်န၀ါရီ ၁၇ ၁၄-၁-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဗဟန်းမြို့နယ် Golden Hill
Tower အခန်းအမှတ်(၆၀၃)တွင် တည်းခိုနေထိုင်သူ JFE ကုမ္ပဏီလက်ထောက်မန်နေဂျာ၊
ဂျပန်လူမျိုး Mr.HASEGAWA WATARU (၂၉)နှစ်သည်
အပြင်သို့ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေ၍ JEF ကုမ္ပဏီမှ
ဦးအောင်စိုးမင်းက ဗဟန်းရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်း
လူပျောက် အမှတ်စဉ်(၂/၂၀၁၃)ဖြင့် လူပျောက်မှု ရေးဖွင့်ခဲ့သည်။
ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက
မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်သူဖြစ်ပြီး ၄င်း၏ပုံသဏ္ဍာန်မှာ
ဆံပင်နက်/ဘိုကေ၊ နဖူးသင့်၊ မျက်ခုံး ကောင်း၊ မျက်လုံးဖွေး၊ နှာတံပေါ်၊
နှုတ်ခမ်းပါး၊ ပါးစပ်သင့်၊ မျက်နှာဝိုင်း၊ နားသေးကား၊ မေးလုံး၊ အသားဖြူ၊
ခန်္ဓာကိုယ်သွယ်၊ ဘောင်းဘီရှည်အမြဲဝတ်ပြီး မြန်မာစကားအနည်းငယ်
ပြောတတ်သူဖြစ်သည်။ ပျောက်ဆုံး စဉ်က လက်ကိုင်ဖုန်း ၀၉၄၅၀၀၆၀၃၉၀ နှင့်
ခရီးဆောင်အိတ် ၁ လုံးတို့ပါရှိသွားခဲ့ပြီး ၎င်းင်းအား ပြန်လည် တွေ့ရှိရေးအတွက်
တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအတွင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း
သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
No comments:
Post a Comment