menu

Friday 18 January 2013

အတန်းတင်စာမေးပွဲကြီးများ ဖြေဆိုကြတော့မည်ဖြစ်၍ ကိုယ်ပိုင်အရည် အချင်းနှင့် ပင်ကိုယ်ကြိုးစားမှုဖြင့်ဖြေဆိုကြစေချင်ပါသည်

Photo: အတန်းတင်စာမေးပွဲကြီးများ ဖြေဆိုကြတော့မည်ဖြစ်၍ ကိုယ်ပိုင်အရည် အချင်းနှင့် ပင်ကိုယ်ကြိုးစားမှုဖြင့်ဖြေဆိုကြစေချင်ပါသည်

January 17, 2013Home, ဆောင်းပါး 

ဖြစ်စဉ်အမျိုးအစား(၁)

၁၉၉၂-၉၃ ခုနှစ်များဆီက ရေနံ   ချောင်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကဖြစ်ပါသည်။ ကျွန်တော်ရုံးခန်းထဲတွင်  ၀င်စာများဖတ်နေစဉ် တပည့်တစ်ဦးမှ သတင်းတစ်ခုပြောလာခဲ့သည်။
““ဆရာ ကျွန်တော်တိုပ(——— ကြီး) သမီး(၁၀)တန်းဖြေရင်းနဲ့ ကျောင်း မှာမူးလဲလို့တဲ့ ခုဆေးရုံပို့ထားရပြီး ဆေးရုံမှာ ဆက်ဖြေရမယ်””တဲ့။
၁၀တန်းစာမေးပွဲ ပထမနေ့ မြန်မာ  စာဖြေအပြီး၊ဒုတိယနေ့ အင်္ဂလိပ်စာဖြေ  နေစဉ် စဖြေပြီး(၅)မိနစ်ခန့်အကြာ ထို လူကြီးသမီးမူးလဲသော ဖြစ်စဉ်ဖြစ်ခဲ့သည် ဟုသိရသည်။ အစပထမတော့ ရိုးရိုး သားသားဟုထင်ပြီး ကျွန်တော်စိတ်မ ကောင်းပင်ဖြစ်မိသေးသည်။ ““နေကလည်း   ပူတယ်ကွာ၊ညကလည်း စာကျက်များ သွားလို့ထင်ပါတယ်ကွာ””ဟုပင် ထင်ကြေး  ပေးမိခဲ့သည်။
သို့သော်ဖြစ်စဉ်အမှန်က ၁၀တန်း စာမေးပွဲ ပထမနေ့စဖြေကတည်းက ထို မြို့ရှိနယ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦး  ၏သားသည် ကျန်းမာရေးအကြောင်းပြု ပြီး (ကြိုတင်စီမံကိန်းချ၍) ဆေးရုံတွင် သွားရောက်ဖြေဆိုနေခဲ့သည်။ထိုအကြောင်း ကို ကျွန်တော်တို့လူကြီးက မသိခဲ့။ပထမ နေ့ မြန်မာစာဖြေပြီးမှ သိခဲ့သဖြင့် သူ့သ မီးမှာလည်း ရုပ်ရှင်သရုပ်ဆောင်ဆန်ဆန်     ရုတ်တရက်မူးလဲချင်ဟန်ဆောင်ရခြင်းဖြစ် သည်။ ဆေးရုံတွင်ဖြေဆိုရခြင်းနှင့်လူကြီး သားသမီးများဖြစ်ကြခြင်းကြောင့် နား လည်သူအခန်းစောင့်များ၊တပည့်ဖြစ်သူ များက အခက်အခဲများကို ကူညီဖြေရှင်း   ပေးကြသည်ဟုသိရသည်။ မကောင်း သတင်းများထွက်ခဲ့သည်။ထိုမူးလဲသည့် ဘာသာရပ်မှစ၍ စာမေးပွဲဘာသာရပ် အားလုံးပြီးဆုံးချိန်အထိ ကျွန်တော့်ဆရာ      သမီးမှာ ဆေးရုံ၌သာ ဆက်ဖြေခွင့်ရသွား တော့၏ ထိုနှစ်က ထိုမြို့တွင် (၁၀)တန်း  ကျောင်းသားများအော်ကြသည်။““အော် ချင်ရင် ဆေးရုံသွားဖြေ””ဟု။

ဖြစ်စဉ်အမျိုးအစား(၂)

၁၉၉၇-၉၈ ကလေးမြို့တွင် တာဝန် ထမ်းဆောင်ခဲ့စဉ်ကဖြစ်သည်။ ကျွန်တော့် အသိ လူကြီးတစ်ဦးတွင် (၁၀)တန်းကို တဖုန်းဖုန်းဖြင့်ကျနေသော သမီးတစ် ယောက်ရှိသည်။ထိုကလေးမမှာ(၁၀)တန်း    စာမေးပွဲဖြေဆိုသောအခါ ဖခင်တာဝန်   ကျရာ(သို့မဟုတ်)မိခင်၊ဖခင်၏မွေးရပ်ဇာတိ မြေတွင် မဖြေဆိုဘဲ ချင်းပြည်နယ်ရှိ အလွန်ခေါင်သောမြို့နယ်တစ်မြို့နယ်ရှိ စာစစ်ဌာနရှိသောနေရာတွင် သွားရောက်    ဖြေဆို၏ ထိုနှစ်တွင် ထိုကလေးမ(၁၀) တန်းစာမေးပွဲအောင်သွား၏။ မြို့လူထု ကြားတွင်လည်းကောင်း ဌာနဆိုင်ရာများ အကြားတွင်လည်းကောင်း ပြောစရာ တစ်ခုတော့ကျန်ခဲ့သည်။““အောင်မှာပေါ့ ကွာ။ ချင်းပြည်နယ်သွားဖြေတာကိုး””တဲ့ (၁၀)တန်းကို တဖုန်းဖုန်းကျသူများ၊မ အောင်နိုင်ဟုမိမိကိုယ်ကိုထင်သူများကို မိဘများက စီမံပေးကြသည်။အနေအစား   ချောင်သော စာစစ်ဌာနများမှ ၀င်တိုးစေ ခြင်းဖြစ်သည်။

ဖြစ်စဉ်အမျိုးအစား(၃)

၂၀၀၃-၂၀၀၄ ခုနှစ်လောက်ကဖြစ် မည်ဟုထင်ပါသည်။
ရခိုင်ပြည်နယ်မှ ကားလမ်းမပေါက်၊        ရေလမ်းတစ်မျိုးတည်းဖြင့်သာ သွား၍ရ သောမြို့နယ်ရှိ ကျေးရွာအုပ်စုကြီးတစ်ခု တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်သည်။ ထို ကျေးရွာအုပ်စုတွင် (၁၀)တန်းစာစစ်ဌာန    ရှိသည်။မြို့နယ်မြို့နှင့်(၁၀)မိုင်ခန့်ဝေးသည်။  ထိုစာစစ်ဌာနတွင်(၁၀)တန်းဖြေဆိုမှုနှင့် ပတ်သက်၍ မသမာမှုများရှိ၍ အထက် ဌာနဆိုင်ရာများနှင့်ပညာရေးဝန်ကြီးဌာန သို့ တိုင်ကြားစာတစ်စောင်ရောက်သွား   သည်ဟုဆို၏။
ထိုတိုင်ကြားစာကို အထက်ဌာန များမှ ပြည်နယ်သို့ချပေးသဖြင့် ပြည်နယ် မှ ကျွန်တော်အပါအ၀င် ပြည်နယ်ပညာ ရေးဌာနမှ ပြည်နယ်အဆင့်တာဝန်ရှိသူ တစ်ဦး၊သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဦး ပေါင်း(၃) ဦးတို့ဖြင့် သွားရောက်စစ်ဆေးစေ၏။
ထိုအတိုင်ခံရသောကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှာ အခြားမြို့နယ်  ရှိ စာစစ်ဌာနသို့(၁၀)တန်းစာမေးပွဲကြီး ကြပ်ရေးမှူး တာဝန်ဖြင့်ရောက်ရှိနေခဲ့ သည်။ ပြဿနာဖြစ်သောကျောင်းသို့  အခြားမြို့တစ်မြို့မှ ကျောင်းအုပ်ကြီးတစ် ယောက်က ကြီးကြပ်ရေးမှူးတာဝန်ဖြင့်  ရောက်ရှိနေခြင်းဖြစ်သည်။ (၁၀)တန်း ဖြေဆိုမည့်ကျောင်းသားမိဘများက ငွေ စုဆောင်း၍ ထိုကြီးကြပ်ရေးမှူးဆရာအား     ပေးကမ်းရ၏ အခန်းစောင့်ဆရာ၊ဆရာမ များအားလည်းပေးရ၏။ ထိုထိုသောအခါ   အခန်းစောင့် ဆရာ/ဆရာမများက ကျောင်းသားများစာအုပ်မှ ကူးယူခိုးချနေ ခြင်း၊အချင်းချင်းကူးယူခိုးချနေခြင်းများ အား မသိမမြင်ချင်ယောင်ဆောင်နေရ၏။   ကြီးကြပ်ရေးမှူးဆရာကြီးလာပါက ကျောင်းသားများကို စကားဝှက်ဖြင့်လည်း ကောင်း၊စားပွဲခေါက်၍အချက်ပြဖြင့်လည်း ကောင်း၊အသံပေး၍လည်းကောင်းအသိ ပေးရ၏။ ကျောင်းသားများစနစ်တကျ ဖြေဆိုမှုရှိ၊မရှိကို စောင့်ကြည့်ခြင်းမရှိဘဲ  ကြီးကြပ်ရေးမှူးလာ/မလာကိုသာ စောင့် ကြည့်နေတော့၏။ စုံစမ်းစစ်ဆေးသော အခါ အဖြစ်မှန်များပေါ်ပေါက်လာသည်။   မိမိတို့သားသမီးများ၊မိမိတို့တပည့်များ (၁၀)တန်းအောင်မြင်ရေးအတွက် မသမာ သောနည်းဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြခြင်းဖြစ်ကြောင်းပေါ်လွင်ထင်ရှား ၏။ ထိုအခါ ထိုစာစစ်ဌာနလည်း သံသယ  စာရင်းထဲအသွင်းခံရသည်။ကြီးကြပ်ရေးမှူး အပါအ၀င်အခန်းစောင့်ဆရာ/ဆရာမ များ နယ်ပြောင်းရွှေ့ခြင်း၊ရာထူးချထား ခြင်း၊အလုပ်မှထုတ်ပစ်ဖြစ်များ စသည့် ပြစ်ဒဏ်အသီးသီးအား ၀န်ကြီးဌာနမှ ချ မှတ်ခဲ့ကြောင်းသိရှိရ၏။

ဖြစ်စဉ်အမျိုးအစား(၄)

ခေါင်းဆောင်မှုသင်တန်းတစ်ခုတက် ရောက်ခဲ့စဉ်ကဖြစ်ပါသည်။ သင်တန်းတွင်     လူအမျိုးမျိုးပါဝင်တတ်ပေရာ လူကြီးသား  များလည်း ဖခင်ဝိတ်ဖြင့်ပါလာတတ်ပေ သည်။ခေါင်းဆောင်လုပ်မည့်သင်တန်း သားများကို နည်းပြအရာရှိက ပြဿနာ   တစ်ခုကိုဖြစ်စဉ်ချထားပေးသည်။နည်းပြ   က ဖြစ်စဉ်ကို ရှင်းပြပြီး လိုလားချက် ကတော့ ထိုပြဿနာအပေါ် ““သင်တန်း  သားဘာလုပ်မလဲ””ဆိုသည့် အဖြေဖြစ် သည်။ ထိုလူကြီးသားအလှည့်သို့ရောက် သောအခါ နည်းပြအရာရှိက ထိုသင်တန်း    သား၏ခေါင်းပေါ်သို့ လက်ဖြင့်ဖိ၍ ““ကဲ ပြဿနာစပြီ သင်တန်းသားဘာလုပ်မလဲ၊ ခေါင်းဆောင်ဖြစ်ရင် ဘာလုပ်မလဲ””ဟု ထပ်ခါထပ်ခါမေးတော့သည်။ကျန်တဲ့နည်း  ပြများနှင့်သင်တန်းသားများလည်း ၀ိုင်း ကြည့်နေကြသည်။ ထိုအမေးခံရသော သင်တန်းသား ဖြေလိုက်သော အဖြေက     ““ဘာမှမလုပ်ဘူး။ဘာမှမလုပ်ဘူး””ဟုသာ ဖြေ၏ မေးခွန်း၏ဖိအားဒဏ်၊နည်းပြ၏ ဖိအားဒဏ်များ၊ ထိုသင်တန်းသားမခံနိုင်   ရှာပေ။ သင်တန်းပြီးဆုံး၍ သူ့ဖခင်လူကြီး   ၏မျက်နှာကြောင့် သင်တန်းဆင်းပေးလိုက် ရသော်လာ်း နောင်တစ်ချိန်ပြန်တွေ့ကြ သောအခါ အခြားသင်တန်းသားများမှာ    အရာရှိကြီးများဖြစ်ကုန်ကြသော်လည်း   ထိုသင်တန်းသားမှာ ငယ်ငယ်ရွယ်ရွယ် ဘ၀မှာပင် အလုပ်မှထုတ်ပယ်ခံလိုက်ရ တယ်။ ပြင်ပလောကတွင်လည်း မတိုး တက်ခဲ့ချေ။ ကိုယ်ပိုင်အရည်အချင်းနှင့် ပင်ကိုယ်ကြိုးစားမှုမရှိခြင်း၏ သဘောပင် ဖြစ်၏။
တပည့်များ၊ဆရာ/ဆရာမများ၊မိဘ များက ထိုသို့မသမာသောနည်းများ အ သုံးပြုပြီး သားသမီးများတိုးတက်ရေး အတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသလို ပင် တစ်ခေတ်က ပြည်နယ်နှင့် တိုင်းအ သီးသီး(ထိုခေတ်က တိုင်းဒေသကြီးဟု မခေါ်သေးပါ)တို့တွင်လည်း မိမိတို့တိုင်း ဒေသကြီး မျက်နှာပန်းလှစေရေး၊အထက် မှ အမြင်ကောင်းစေရေး၊အမှတ်များများ   ရစေရေးအတွက် မမှန်မကန်သောနည်း လမ်းများဖြင့် ယှဉ်ပြိုင်မှုများပြုလုပ်ခဲ့ကြ သည်။ ထိုခေတ်ကခေတ်စားခဲ့ဘူးသော   ကျောင်းသားပွဲတော်များတွင် ကျောင်း သားမဟုတ်သော ပြင်ပလောကမှ လူများ    အများအပြားပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ““ငါ  အလိမ်အညာတွေကို ထိုင်ကြည့်နေတယ် ကွ””ဟု ၀န်ကြီးတစ်ဦးညည်းထွားခဲ့ဖူး၏။
နိုင်ငံတော်အဆင့် ဆို၊က၊ရေး၊တီး ပြိုင်ပွဲများတွင်လည်း မိမိတိုင်းနှင့်ပြည်နယ်   အဆင့်ကောင်းစေရေးအတွက် အမှတ် ပေးဒိုင်အဖွဲ့များကို လာဘ်ထိုးရခြင်း၊အ ခြားပြည်နယ်တိုင်းများမှ ငှားရမ်းထည့်ရ ခြင်းတို့ဖြင့် မိမိတိုင်းနှင့်ပြည်နယ်ဂုဏ်ကို   မမှန်မကန်မြှင့်တင်လိုကြပေသည်။ မြှင့် တင်ခဲ့ကြဖူးပါသည်။
ထို့အတူတိုင်းနှင့်ပြည်နယ်အသီးသီး   တွင် စပါးမစိုက်ပျိုးနိုင်ဘဲ စိုက်ဧကများ လိမ်၍ စာရင်းတိုးချဲ့ပြခြင်း၊မဖြစ်နိုင်သော   စပါးအထွက်နှုန်းများ အထွက်ပြခြင်းများ ကြောင့် ဆန်စပါးဖူလုံမှုကိန်းဂဏန်းများ   မမှန်ကန်တော့ဘဲ နီးစပ်ရာစပါးထွက်သော   တိုင်း/ခရိုင်များမှ တရားမ၀င်ခိုးသွင်းရ တော့၏။ မိမိတိုင်းနှင့်ပြည်နယ်ဂုဏ်ကို မမှန်မကန်မြှင့်တင်ခဲ့ကြခြင်းဖြစ်ပေသည်။
အရှေ့တောင်အာရှတွင်ကျင်းပသည့်    အသက်အကန့်အသတ်ဖြင့်ယှဉ်ပြိုင်ကြ ရသော ဘောလုံးပြိုင်ပွဲများတွင်အောင် ပွဲများရရှိပြီး အသက်အကန့်အသတ်မရှိ ယှဉ်ပြိုင်ရသော ဘောလုံးပွဲများတွင်  မြန်မာအသင်းမရှုမလှရှုံးနိမ့်ရခြင်းမှာ အသက်လိမ်လည်မှု၏ နောက်ဆက်တွဲ   အကျိုးဆက်တစ်ခုဖြစ်သည်မှာ ထင်ရှား ပေသည်။
လူတစ်ဦးချင်းစီ၌လည်းကောင်း၊
မိသားစုအလိုက်သော်လည်းကောင်း၊
ကျောင်း၊ဌာနဆိုင်ရာ၊အဖွဲ့အစည်း   အလိုက်သော်လည်းကောင်း၊
မြို့နယ်နှင့်ခရိုက်အလိုက်သော်လည်း ကောင်း၊
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သော်လည်းကောင်း၊
နိုင်ငံအသီးသီး၌သော်လည်းကောင်း၊
နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး(ပညာ ရေး၊ကျန်းမာရေး၊အားကစား)စသည့် ပြိုင်ဆိုင်မှုများ ရှိနေပါလိမ့်မည်။ ယခု ခေတ်ကာလသည် ပြိုင်ဆိုင်မှုပြင်းထန် သည့်ကာလဖြစ်ပါသည်။ ပြိုင်ပွဲများတွင် ကိုယ်ပိုင်အရည်အချင်းမရှိဘဲ မမှန်မကန်၊    မရိုးမသားပြိုင်ဆိုင်မှုများရှိပါက တစ်ချိန် ချိန်တွင် အလိမ်အညာပေါ်သွားသည့် အခါ ရှက်ဖွယ်နှင့်ကြုံရမည့်အပြင် ပြိုင် ပွဲဝင်ရသူလည်း ဂုဏ်သိက္ခာကျတတ်ပေ သည်။ ဘ၀တွင်ပါ ဒုက္ခဖြစ်တတ်ပါသည်။
မကြာမီ(၁၀)တန်းစာမေးပွဲအပါအ၀င်   အတန်းတင်စာမေးပွဲအသီးသီးဖြေဆိုရ တော့မည်။ကျောင်းသား/ကျောင်းသူများ  လည်း မိမိကိုယ်ပိုင်အရည်အချင်းနှင့်ပင် ကိုယ်ကြိုးစားမှုများဖြင့် ရိုးရိုးသားသား ဖြေဆိုကြရန်နှင့်မိဘများ၊ဆရာ/ဆရာမ များ၊ကြီးကြပ်သူများ၊တာဝန်ရှိသောဌာန  ဆိုင်ရာ အဆင့်ဆင့်များသည် ရိုးသားပေး ကြရန်၊ မျက်နှာလိုက်ခြင်း၊ဘက်လိုက်ခြင်း၊ အခွင့်အရေးပေးခြင်းများကင်းကြရန် လိုပါ  ကြောင်း ဆန်္ဒပြုရေးသားရပေသည်။

လှတင့်ဆွေ(ပိန်းဇလုပ်)

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis