menu

Friday 18 January 2013

မြန်မာ နိုင်ငံ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် များ မြှုပ်နှံ ခဲ့ခြင်း မရှိ

Photo: မြန်မာ နိုင်ငံ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် များ မြှုပ်နှံ ခဲ့ခြင်း မရှိ
..................................................................................

ဒုတိယ ကမ္ဘာစစ် ပြီး ကာလ မြန်မာနိုင်ငံတွင်း စပစ်ဖိုင်းယား လေယာဉ်များ မြှုပ်နှံ ခဲ့သည် ဟု သတင်းများ ထွက်ပေါ် နေခြင်းကြောင့် တူးဖော် ရှာဖွေမူများ ပြုလုပ် နေသော်လည်း လက်ရှိ တူးဖော် နေသည့် နေရာ များတွင် တိုက်လေယာဉ်များ မြှုပ်နှံ ထားခြင်း မရှိဟု ဘူမိဗေဒ ပညာရှင်များ ပြောကြားချက် ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

စစ်ပြီး ကာလ၌ စပစ်ဖိုင်းယား တိုက်လေယာဉ် ၁၂၄ စီးကို မြန်မာ နိုင်ငံတွင် မြှုပ်နှံ ခဲ့သည် ဟု သတင်းများ အရ တူးဖော်မှုများ ပြုလုပ် ခဲ့ရာ လက်ရှိ တူးဖော် ရရှိထားသည့် အချက်အလက် များက တိုက်လေယာဉ် များ မြှုပ်နှံခဲ့ခြင်း မရှိသည်ကို ညွန်ပြ နေကြောင်း ဘူမိ ဗေဒ ပညာရှင် များက ပြောကြား သွားသည်။ အဆိုပါ တိုက်လေယာဉ် အမျိုးအစား သည် ဒုတိယကမ္ဘာစစ် ဗြိတိန် တိုက်ပွဲ ကာလ အတွင်း လန်ဒန် မြို့တော်ကို ဂျာမန် လေတပ် ရန်မှ ကာကွယ် ပေးခဲ့ သော တိုက်လေယာဉ် အမျိုးအစား ဖြစ်သည်။

စစ် လေယာဉ်များ တူးဖော် နိုင်ရန် ဘဏ္ဍာရေး ထောက်ပံ့ ပေးသော ဘီလာရုလ်ဂိမ်း ကုမ္ပဏီ ကလည်း မည်သည့် လေယာဉ်မျှ ရှာဖွေ့ တွေ့ရှိခြင်း မရှိကြောင်း သတင်း ထုတ်ပြန် သွားသည်။ သိုရာတွင် မိမိတို့ နေရာ မှားယွင်း ရှာဖွေမိခြင်းလည်း ဖြစ်နိုင်ကြောင်း တူးဖော်ရေး စီမံကိန်း ခေါင်းဆောင် ဒေးဗစ် ကန်ဒဲ က ပြောကြား သွားသည်။ ရန်ကုန် လေယာဉ်ကွင်း နှင့် အခြားသော နေရာ များတွင် တိုက် လေယာဉ်များ မြှုပ်နှံ ထားရှိသည်ဟု မိမိ ယုံကြည် ကြောင်း ၎င်းက ပြောကြား သွားသည်။

ဒုတိယ ကမ္ဘာစစ် ပြီးဆုံး ခါနီး ၁၉၄၅ ခုနစ်၌ အသုံး မပြုရ သေးသည့် စပစ်ဖိုင်းယား တိုက်လေယာဉ် ၁၂၄ စီးကို မြန်မာ နိုင်ငံတွင်း မြှုပ်နှံ ထားရှိရန် အရှေ့တောင် အာရှ မဟာမိတ် စစ်ဦးစီးချုပ် ဖြစ်သူ လော့မောင့်ဘတ်တန်က အမိန့် ပေး စေခိုင်း ခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြ ထားသည်။

အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

The Voice Weekly 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis