menu

Friday 18 January 2013

တစ်မိနစ် ၇၀ ကျပ်လောက်အထိ ကောက်ခံနေတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်

Photo: တစ်မိနစ် ၇၀ ကျပ်လောက်အထိ ကောက်ခံနေတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်

၅၀၀၀ တန်ငွေဖြည့်ကတ်များမှာ စက္ကန့်စွန်းများအတွက် မိနစ်စနစ်ဖြင့် ကောက်ခံတဲ့အတွက် ဖုန်းသုံးစွဲသူတွေဟာ တစ်မိနစ်လျှင် ၇၀ ကျပ်ခန့်ထိ ဖြတ်ခံနေရခြင်းဖြစ်တယ်လို့ မုံရွာမြို့ ဖုန်းရောင်းချတဲ့ ကိုယ်စားလှယ်တွေဆီက ကြားသိရပါတယ်။

ဆက်သွယ်ရေးက အသုံးပြုခကောက်ခံတဲ့နှုန်းထားမှာ တစ်မိနစ် ၅၀ ကျပ်ဖြစ်ပေမယ့် ၅၀၀၀ တန် ငွေဖြည့်ကတ်တွေမှာ စက္ကန့်ပိုင်းစွန်းတာတွေအတွက်လည်း တစ်မိနစ်နှုန်းနဲ့ ကောက်ခံနေပါတယ်။ အသုံးပြုမှုကြာချိန်ကို အသေးစိတ်တွက်ချက်မှု မပြုဘဲ မိနစ်မပြည့်လည်း တစ်မိနစ်သတ်မှတ်ပြီး ကောက်ခံတာဖြစ်တယ်။ ဖုန်းခေါ်ဆိုမှုက ၂ မိနစ်နဲ့ ၁၅ စက္ကန့်ကြာတယ်ဆိုရင် ၃ မိနစ်စာ ကောက်ခံသွားမှာဖြစ်တယ်။ ဒီအတွက် အသုံးပြုသူများဖက်က နစ်နာမှုတွေ ဖြစ်နေရတယ်။

ရပ်ကွက်ထဲပြောဆိုနေကြတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်တွေက ခဏလေးနဲ့ ကုန်တယ်ဆိုတာ ခုလို တိကျမှုမရှိတဲ့ အသုံးပြုခနှုန်းထား ကောက်ခံမှုကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။ သို့ပေမယ့် ပြည်သူအများစုကတော့ ၅၀၀၀ တန်လောက်ပဲ လက်လှမ်းမီတာကြောင့် ထိုကတ်များ အ၀ယ်လိုက်နေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၅၀၀၀ တန်ငွေဖြည့်ကတ်များမှာ စက္ကန့်စွန်းများအတွက် မိနစ်စနစ်ဖြင့် ကောက်ခံတဲ့အတွက် ဖုန်းသုံးစွဲသူတွေဟာ တစ်မိနစ်လျှင် ၇၀ ကျပ်ခန့်ထိ ဖြတ်ခံနေရခြင်းဖြစ်တယ်လို့ မုံရွာမြို့ ဖုန်းရောင်းချတဲ့ ကိုယ်စားလှယ်တွေဆီက ကြားသိရပါတယ်။

ဆက်သွယ်ရေးက အသုံးပြုခကောက်ခံတဲ့နှုန်းထားမှာ တစ်မိနစ် ၅၀ ကျပ်ဖြစ်ပေမယ့် ၅၀၀၀ တန် ငွေဖြည့်ကတ်တွေမှာ စက္ကန့်ပိုင်းစွန်းတာတွေအတွက်လည်း တစ်မိနစ်နှုန်းနဲ့ ကောက်ခံနေပါတယ်။ အသုံးပြုမှုကြာချိန်ကို အသေးစိတ်တွက်ချက်မှု မပြုဘဲ မိနစ်မပြည့်လည်း တစ်မိနစ်သတ်မှတ်ပြီး ကောက်ခံတာဖြစ်တယ်။ ဖုန်းခေါ်ဆိုမှုက ၂ မိနစ်နဲ့ ၁၅ စက္ကန့်ကြာတယ်ဆိုရင် ၃ မိနစ်စာ ကောက်ခံသွားမှာဖြစ်တယ်။ ဒီအတွက် အသုံးပြုသူများဖက်က နစ်နာမှုတွေ ဖြစ်နေရတယ်။

ရပ်ကွက်ထဲပြောဆိုနေကြတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်တွေက ခဏလေးနဲ့ ကုန်တယ်ဆိုတာ ခုလို တိကျမှုမရှိတဲ့ အသုံးပြုခနှုန်းထား ကောက်ခံမှုကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။ သို့ပေမယ့် ပြည်သူအများစုကတော့ ၅၀၀၀ တန်လောက်ပဲ လက်လှမ်းမီတာကြောင့် ထိုကတ်များ အ၀ယ်လိုက်နေဆဲ ဖြစ်ပါတယ်။

Monywa Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis