menu

Saturday 16 November 2013

Samsung က ထုတ်လုပ်မည့် မျက်နှာပြင် သုံးဘက် စမတ်ဖုန်း

Photo: Samsung က ထုတ်လုပ်မည့် မျက်နှာပြင် သုံးဘက် စမတ်ဖုန်း 

မျက်နှာပြင် သုံးဖက် စမတ်ဖုန်းဆိုလို့ တြိဂံ ပုံစံလို့ မမြင်စေလို ပါဘူး။ အမှန်တော့ သူက ပုံမှာ ပြထားတဲ့အတိုင်း ဘေးအနားမှာ အရင်က ဗားရှင်းတွေလို ကော်သား မဟုတ်တော့ပဲ OLED ဖန်သားပြင်နဲ့ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ 

ဒီတော့ ယင်း ဘေးအနားတွေနေပဲ လုပ်ဆောင်လို့ရမယ့် Function တွေ အများကြီး တိုးလာမှာပါ။ ဥပမာ Screen lock လုပ်ထားတာတို့၊ အချိန် နာရီပြထားတာတို့ အပြင် အခြားသော ထူးခြားတဲ့ Feature တွေ ပါဝင် လာပါအုံးမယ်။ အသုံးပြုမယ့် OLED မျက်နှာပြင်ကလည်း လက်ရှိ ကွေးကောက်လို့ရတဲ့ Galaxy Round ထဲက ဖန်သားပြင် ပဲ ဖြစ်ပါ တယ်။ ဒီအတွက် နည်းပညာနဲ့ အခြေခံ အစိတ်အပိုင်း ဓာတ်ပုံများ အင်တာနက်စာမျက်နှာ တွေမှာ ပြန့်နှံ့နေပါတယ်။ Samsung ကတော့ တရားဝင် မကြေညာ သေးပါဘူး။ 

Samsung Galaxy S5 သို့မဟုတ် Samsung Galaxy Note 4 မှာ မြင်တွေ့ လာနိုင်ဖွယ် ရှိတဲ့ နည်းပညာ ဖြစ်တယ်လို့လည်း ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
 
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

http://www.smart.com.mm/index.php?option=com_content&view=article&id=18647:samsung-could-unveil-a-three-sided-wrap-around-screen-galaxy-phone-in-2014&catid=112&Itemid=640

.


မျက်နှာပြင် သုံးဖက် စမတ်ဖုန်းဆိုလို့ တြိဂံ ပုံစံလို့ မမြင်စေလို ပါဘူး။ အမှန်တော့ သူက ပုံမှာ ပြထားတဲ့အတိုင်း ဘေးအနားမှာ အရင်က ဗားရှင်းတွေလို ကော်သား မဟုတ်တော့ပဲ OLED ဖန်သားပြင်နဲ့ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

ဒီတော့ ယင်း ဘေးအနားတွေနေပဲ လုပ်ဆောင်လို့ရမယ့် Function တွေ အများကြီး တိုးလာမှာပါ။ ဥပမာ Screen lock လုပ်ထားတာတို့၊ အချိန် နာရီပြထားတာတို့ အပြင် အခြားသော ထူးခြားတဲ့ Feature တွေ ပါဝင် လာပါအုံးမယ်။ အသုံးပြုမယ့် OLED မျက်နှာပြင်ကလည်း လက်ရှိ ကွေးကောက်လို့ရတဲ့ Galaxy Round ထဲက ဖန်သားပြင် ပဲ ဖြစ်ပါ တယ်။ ဒီအတွက် နည်းပညာနဲ့ အခြေခံ အစိတ်အပိုင်း ဓာတ်ပုံများ အင်တာနက်စာမျက်နှာ တွေမှာ ပြန့်နှံ့နေပါတယ်။ Samsung ကတော့ တရားဝင် မကြေညာ သေးပါဘူး။

Samsung Galaxy S5 သို့မဟုတ် Samsung Galaxy Note 4 မှာ မြင်တွေ့ လာနိုင်ဖွယ် ရှိတဲ့ နည်းပညာ ဖြစ်တယ်လို့လည်း ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.

Ref: pocketlint
အောင်ခမ်း ( smart.com.mm )

http://www.smart.com.mm/index.php?option=com_content&view=article&id=18647%3Asamsung-could-unveil-a-three-sided-wrap-around-screen-galaxy-phone-in-2014&catid=112&Itemid=640

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis