menu

Saturday 16 November 2013

စစ်ရေးလေ့ကျင့်ရာမှ အမေရိကန် မရိမ်းတပ်သားလေးဦး သေဆုံး

Photo: စစ်ရေးလေ့ကျင့်ရာမှ အမေရိကန် မရိမ်းတပ်သားလေးဦး သေဆုံး
နိုဝင်ဘာ ၁၅။
အမေရိကန်ုနိုင်ငံ ကယ်လီဖိုးနီးယားတောင်ပိုင်း ပန်ဒယ်တန် 
တပ်စခန်းတွင် စစ်ရေးလေ့ကျင့်မှု ပြုနေစဉ်အတွင်း မတော်တ ဆမှု ဖြစ်ပွားသည့်အတွက် မရိမ်းတပ်သားလေးဦး 
သေဆုံးခhဲသည်။ နိုဝင်ဘာ ၁၃ရက်က နံနက် ၁၁နာရီက 
ဖြစ်ပွားခဲ့သည့် မတော်တဆမှုအတွက် စုံးစမ်းစစ်ဆေးမှုများ 
ပြုလုပ်ပြီးဖြစ်ကြောင်း ကြေညာသော်လည်း သေဆုံးသူလေးဦး၏ အမည်များနှင့် ဖြစ်စဉ်အသေးစိတ်ကိုမူ အာဏာပိုင်များက 
ထုတ်ဖော်ခြင်း မရှိသေးဟု သိရသည်။

ပန်အယ်တန်မရိမ်းတပ်စခန်းမှ တပ်မမှူး ဂျွန်ဒဗလျူဘူးလာ့ဒ်က သူတို့အနေဖြင့် နှလုံးသားနှင့်ရင်းသော ဆုမွန်ကောင်းများ 
တောင်းခဲ့ကြောင်း၊ ယခုအချိန်သည် သက်ဆိုင်သူများအတွက် 
အခက်ခဲဆုံး အချိန်များဖြစ်၍ ကျန်ရစ်သူများကို အားပေး ထောက်ပံ့ရန်သာ ဖြစ်ကြောင်း ဆိုသည်။

ယခုဖြစ်ရပ်သည် လွန်ခဲ့သော ရှစ်လခန့်က နီဗားဒါးရှိ တိုက်ပွဲဝင် လေ့ကျင်းခန်းတစ်ခုတွင် မော်တာပေါက်ကွဲမှုကြောင့် မရိမ်းတပ်သား ခုနှစ်ဦးသေဆုံးပြီးနောက်ပိုင်း ဖြစ်လာသည့် မတော်တဆမှု ဖြစ်ခဲ့သည်။ ထိုစဉ်က မရိမ်းတပ်သား တစ်ဦးသည် ၆၀မမ မော်တာအထဲသို့ အခြား အမြောက်ဆန်မှားယွင်းထည့်သွင်း ခဲ့သည့်အတွက် ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ကာ အသေအပျောက် များခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာစုံစမ်းစစ်ဆေးမှု အစီရင်ခံတွင် ဖော်ပြထားသည်။ 

Ref: Reuters

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis